စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရည်းစားကို အပျော်သာ တွဲတတ်တဲ့ ကောင်လေးမှန်း သင်သိစေနိုင်မယ့် အချက်များ


တစ်ချို့သော ကောင်လေးတွေဟာ အတည်တကျရည်းစား မထားတတ်ကြပါဘူး။ လပိုင်း၊ အများဆုံးမှ နှစ်ပိုင်းလောက်သာ တွဲပြီး အကြောင်းအမျိုးမျိုးရှာ ဖြတ်ပစ်တတ်တာမျိုးတွေ ရှိပါတယ်။ ဒီလိုလူတွေက ဘယ်လိုလူမျိုးတွေများ ဖြစ်မလဲဆိုတဲ့ အပျော်တွဲသူရဲ့ စရိုက်တွေကတော့-

၁။ အပျော်တွဲသူက သင့်နာမည်ကိုအမှတ်တမဲ့ မှားခေါ်တတ်တယ်-ဥပမာ သင့်နာမည် ဟန်နီကို စန္ဒီဆိုပြီး အမှတ်တမဲ့ မှားခေါ်တတ်ပါတယ်။ ဒါက ဘာကိုပြသလဲဆိုတော့ သင့်အပြင် အခြားရည်းစားနာမည်က စန္ဒီဖြစ်နေလို့ မေ့ပြီး ခေါ်လိုက်မိတာပါပဲ။

၂။ အပျော်တွဲသူက အင်မတန်မနှစ်မြို့စရာ ၊စိတ်ပျက်စရာကောင်းတယ်။- အခုလို မိန်းကလေးတွေကို အပျော်တွဲတတ်တဲ့ ကောင်လေးတွေဟာ များသောအားဖြင့် သူတို့ကိုယ် သူတို့အလွန် သ နေတတ်ပြီး ကိုယ့်ကိုယ်ကိုပဲ ဂရုစိုက်လွန်းအားကြီး လုပ်နေတတ်ပါတယ်။ ပြောရရင် နောက်ထပ် တခြားမိန်းကလေးတွေကို ဆွယ်ဖို့ ရှိုးထုတ်တတ်ကြလွန်းပါတယ်။

၃။ကောင်မလေးတွေကို အီစီကလီလုပ်ပြီး ဘူးခံငြင်းတတ်ပါတယ်။ သင်က ဒီလိုကောင်လေးတစ်ယောက်နဲ့ တွဲမိတဲ့အခါမှာ အဲကောင်လေးဟာ တခြား မိန်းကလေးတွေနဲ့ လိုတာထက်ပိုပြီး တရင်းတနှီး ဆက်ဆက်လွန်းလှတာကို တွေ့ရပါလိမ့်မယ်။ သင်က သူ့ရဲ့အီစီကလီ အပြုအမူကို လက်ပူးလက်ကြပ် မိတာတောင်မှ အပျော်တွဲတတ်သူတို့ရဲ့ ထုံးစံအတိုင်း မဟုတ်ပါဘူးလို့ ဘူးခံငြင်းပြီး သင်ကပဲ အလကားနေ သံသယများတတ်သူ ဖြစ်သွားရပါတော့တယ်။

၎။ အပျော်ကြံသူ တစ်ယောက်ဟာ သင့်ရဲ့ခန္ဓာကိုယ်ကို မလျော်မကန် စူးစိုက်ကြည့်တတ်ပါတယ်။- ဥပမာ သင့်အ၀တ်အစားမှာ တစ်စုံတစ်ခု မလျော်မကန်ဖြစ်နေရင် ဒီလိုလူမျိုးဟာ မျက်စိကျနေတတ်ပါပြီး စူးစိုက်ကြည့် တတ်ပါတယ်။

၅။ အပျော်တွဲတတ်သူ တစ်ယောက်ဟာ သင့်အပေါ်မှာ ကြီးကြီးမားမား တွယ်တာ ခံစားမှု ရှိမှာ မဟုတ်ပါဘူး။-သူတို့ဟာ လွယ်လွယ်ရချင်ပြီး နက်နက်နဲနဲ သိပ်မရှိလှပါဘူး။ သူတို့စိတ်ဝင်စားတဲ့ မိန်းကလေးတွေထဲက တစ်ယောက် အဖြစ်သာ သင့်ကိုမြင်ပါတယ်။ ဒါကြောင့်သင့်အပေါ် တွယ်တာခြင်းသိပ်မရှိပါဘူး။

ဒီလိုတွယ်တာချစ်မိရင် တခြားမိန်းကလေးတွေနဲ့ တွဲဖို့ အခွင့်အရေးဆုံးရှုံးမယ်လို့ ယူဆသူများပါ။ သူတို့တွေဟာ အစပိုင်းမှာ သင့်အပေါ် အလွန်ဖော်ရွေပြပြီး စိတ်ဝင်စားအောင် သင့်အပေါ် ဆွဲဆောင်နိုင်မှုကြောင့် ကောင်းတယ်လို့ ထင်ရပေမယ့် တကယ်တမ်း သူ့ဆီက အရည်အချင်းကောင်းတွေ၊ မေတ္တာတွေကို သင်မျှော်လင့်တဲ့ အခါမှာတော့ သင့်ရှေ့ကနေ ထွက်ခွာပျောက်ဆုံးသွားပြီး သင့်လောက် လေးလေးနက်နက် မရှိလှတဲ့ နောက်တစ်ယောက်နဲ့ တွဲနေတတ်ပါတော့တယ်။


TrendMyanmar

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...