စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







Fast&Furious 7 ဇာတ်ကားအတွက် ကားစင်းရေ ၂၃၀ ခန့် ပျက်စီးခံရိုက်ကူးခဲ့ရ


Wall Street ဂျာနယ်၏ဆောင်းပါတပုဒ်အရ Fast and Furious 7 ပြိုင်ကားအသားပေးဇာတ်ကား ရိုက်ကူးရာတွင် ကားစင်းရေ ၂၃၀ ခန့် ပျက်စီးခံရိုက်ကူးခဲ့ရကြောင်း သိရသည်။ ကော်လိုရာဒိုစပရင်းအနီး ကွေ့ကောက်သောတောင်ပေါ်လမ်းပေါ်၌ ကားမောင်းခန်းတခန်း ရိုက်ကူးရာတွင်ပါဝင်သည့် မာစီးဒီးစ်ဘင့်ဇ်များ၊ ဖို့ဒ် Crown Victoria များ၊ မီဆူဘီရှီ Montero များအပါအ၀င် ကားစင်းရေ ၃၀ ခန့်ကို Bonnies Car Crushers ကုမ္ဗဏီက ရှင်းလင်းပေးခဲ့ရသည်ဟု ဆိုသည်။

ကားစုတ်ကားပြတ်များဝယ်သည်ဆိုသည့် ကားသချုင်္ိင်းပိုင်ရှင် မစ္စတာရစ်ချတ်ဂျန်ဆန် ထံသို့ ရုပ်ရှင်အဖွဲ့သားများက ဆက်သွယ်ခဲ့ကြသည်ဟု သိရသည်။

“နောက်ဆုံးပေါ် မာစီဒီးကားတွေ ရွဲပြဲပြီး သုံးစားလို့မရတော့တဲ့အနေအထားနဲ့တွေ့ရတာ ဆန်းတယ်”ဟု မစ္စတာဂျန်ဆန် က ပြောသည်။

Fast and Furious 7 စတင်ရုံတင်သည့် သီတင်းပတ်မှာပင် လော့စ်အိန်ဂျယ်လိစ်တွင် ရုံဝင်ကြေး ဒေါ်လာ ၁၄၆ သန်းဖြင့် ၀င်ငွေစံချိန်တင်ခဲ့သည်။

ရိုက်တာသတင်းဌာန၏အဆိုအရ ယင်းမှာ ဧပြီလအတွက် စံချိန်သစ်ဖြစ်ပြီး Captain America: The Winter Soldier ဇာတ်ကား၏၀င်ငွေစံချိန် ဒေါ်လာ ၉၅ သန်းကို ကျော်လွန်သွားပြီး Fast and Furious ဇာတ်ကားအားလုံးထဲတွင်လည်း ၀င်ငွေအများဆုံးရရှိခဲ့ခြင်းဖြစ်သည်။ Fast and Furious 7 သည် ရုံတင်တင်ချင်း ပထမပတ်ဝင်ငွေစံချိန်သမိုင်းတွင် န၀မနေရာတွင် ရပ်တည်လျက်ရှိသည်။


https://www.facebook.com/NewsWatchJournal/photos/a.343944972309977.69916.343551

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...