ဧပြီ ၂၅ရက်တွင် နီပေါလ်နိုင်ငံ အရှေ့ဘက်၌ အင်အားကြီးမားသော ငလျင်ကြီးတစ်ခု
လှုပ်ခတ်ခဲ့ပြီး လူ ၁၅၀ထက် မနည်း သေဆုံးခဲ့ရသည်ဟု သတင်းရရှိသည်။
ငလျင်သည် အင်အား ၇.၉ မဂ္ဂနီကျူ ရှိကြောင်း အမေရိကန် ဘူမိဗေဒဆိုင်ရာသုတေသန အဖွဲ့အစည်းက ဆိုသည်။ ငလျင်ကြောင့် အဆောက်အအုံပေါင်းများစွာ ပျက်စီးခဲ့ရပြီး လူဦးရေ ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ရသည်။ နီပေါလ်၏ သမိုင်းဝင် အဆောက်အအုံတစ်ခုဖြစ်သော ဒါရာဟာရာမျှော်စင်မှာ ပျက်စီးပြိုကျသွားခဲ့ရသည်။
ယခုငလျင်ကြောင့် ကြီးမားသောပျက်စီးဆုံးရှုံးမှုကို ဖြစ်ပေါ်စေခဲ့သည်ဟု နီပေါလ်ဝန်ကြီးတစ်ဦးက ဆိုသည်။ ယခုရင်ဆိုင်နေရသော အရေးပေါ်အခြေအနေကို ကိုင်တွယ်ရန်အတွက် နိုင်ငံတကာအေဂျင်စီများထံမှ အကူအညီများစွာ လိုအပ်လျက်ရှိသည်ဟုလည်း နီပေါလ်နိုင်ငံ ပြန်ကြားရေးဝန်ကြီး မီနန်ဒရာ ရီဂျေးလ်က ဆိုသည်။
ငလျင်သည် နီပေါလ်နိုင်ငံ ပိုခါရာမြို့အရှေ့ဘက် ၈၀ကီလိုမီတာအကွာ ကတ်မန်ဒူမြို့တော်နှင့်အနီး၌ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ငလျင်လှုပ်ခတ်ခဲ့ရာနေရာများ၌ အပျက်အစီးပေါင်းများစွာဖြင့် ပြည့်နှက်နေပြီး အပျက်အစီးများအောက်မှ လူများကိုလည်း ရှာဖွေနေလျက်ရှိသည်။ ကနဦးသတင်းများအရ သေဆုံးသူ ၁၅၀ဟု ဆိုသော်လည်း သေဆုံးသူဦးရေမှာ ထို့ထက်မက များပြားဖွယ် ရှိနေနိုင်သည်။
ယခုငလျင်သည် လွန်ခဲ့သော ၈၁နှစ်အတွင်း လှုပ်ခတ်ခဲ့သော ငလျင်များအနက် အဆိုးရွားဆုံးသော ငလျင်လည်း ဖြစ်သည်။
_Ref: BBC
http://www.7daydaily.com/story/35806
နီပေါ ငလျင်
တွီတာ Twitter မှာ တက်လာတဲ့ နီပေါက ဓာတ်ပုံတွေပါ။ ရစ်ခ်ျတာစကေး ၇ ဒသမ ၉ ပြင်းတဲ့ ငလျင်ဟာ ဟိမဝန္တာတောင်ကြောပေါ်က နီပေါမြို့တော် ခတ္တမန္တူနဲ့ အနီးတဝိုက်ကို လှုပ်ခါခဲ့တယ်။ အဆောက်အဦးတွေပြို၊ လမ်းတွေ ပိတ်၊ အဆက်အသွယ်တွေ ပြတ်တောက်နေပါတယ်။ ကနဦးသတင်းတွေအရ လူ ၂ ဦးသေဆုံးတာ အတည်ပြုနိုင်ခဲ့တယ်။ ခတ္တမန္တူမြို့ထဲမှာ လူတွေ လမ်းပေါ်ထွက်နေနေရပြီး ဆေးရုံမှာလည်း လူတွေပြည့်နေကြောင်း သတင်းတွေက ဆိုတယ်။
Credit: ဧရာဝတီ

https://www.facebook.com/searchmyanmar/posts/883362771706661

No comments:
Post a Comment