စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပျားရည်စစ်မစစ် စစ်နည်း ( ၁၀ )





ပျားရည်ထဲဘာပစ္စည်းဘယ်ရာခိုင်နှုံးပါတယ်သိဖို့အထိကျတော့ ကျွမ်းကျင်ပညာရှင်မှရတယ်။
ဒါပေမဲ့ပျားရည်သဘာဝဟုတ်မဟုတ်၊အရောကင်း၏ မကင်း၏ သိဖို့စမ်းတာကျတော့လူတိုင်းလုပ်ကြည့်နိုင်တာပဲ။

၁..။ထုတ်လုပ်သူတွေရဲ့ အညွှန်းစာမှာတခြားအပိုတွေစပ်ထားမထား
ပါပါလိမ့်မယ်။ဖတ်ပြီးရွေးဝယ်ပါ။

၂..။သဘာဝပျားရည်က မစေးကပ်ဘူး
ပျားရည်နည်းနည်းကိုယူလက်မနဲ့လက်ညိုးကြားထားပြီးပွတ်ကြည့်
သဘာပျားရည်ကအသားထဲအသာစိမ့်ဝင်သကြားနဲ့အချိုရောထားရင်စေးကပ်ပြီးပွတ်ရတာမချောမွေ့ဘူ

၃..။အပူပေးကြည့်လို့ညိုညိုလေးနဲ့အိုးကပ်သွားရင်အစစ်။အမြုပ်တစီစီနဲ့ပလုံထိုးတက်လာရင်အတု။

၎..။စက္ကူပေါ်ချကြည့်လို့ စက္ကူရိပြီးစိုရင်၊ပေါက်ရင် ရေတွေပါနေတယ်။

၅...။ပျားရည်ထဲမှာပျားရဲ့ဂလင်းတွေကထွက်တဲ့သဘာဝပိုးသတ်တဲ့ဓာတ်တွေပါလို့
ပုရွက်ဆိတ်မတက်ဘူး..။

၆..။လျှာပေါ်တင်ပြီးပွတ်ကြည့် ပျားရည်က စပ်ယားယား ပအာအာခံစားရတယ်။အတုကချိုပြီးကောင်းနေရော။

၇..။ရေထဲထည့်လိုက်ရင်ပျားရည်ကအလုံးလေးအတိုင်းကျသွားမယ်။တခြားဟာကပျော်ပြီးပြန့်သွားမယ်။

၈...။ပေါင်မုန့်ပေါ်တင်ကြည့်ရင်ပေါင်မုန့်ဟာခြောက်ခြောက်ကလေးပဲနေရမယ်။စိုထိုင်းထိုင်းဖြစ်သွားရင်ဒါဟာရေနဲ့အရောပါနေပြီ

၉...။ကြက်ဥအကာထဲထည့်လို ကြက်ဥအကာကျက်သွားရင်အစစ်..

၁၀..။ကြာရင်ပျားရည်က ပုံဆောင်ခဲဖြစ်လာတယ်။အတုက ဘာမှပုံမပျက်ဘူး။

~~~~~~~~~~~~~~~~~~~~~~~~~~

ကျန်းမာရေးအတွက်ဆေးတစ်ခွက် ( မူရင်းဆိုဒ် မှကူးယူတင်ပြပေးသည်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...