စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







"ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်း မှ မေတ္တာဖြင့် တံတောင်ဆစ်အောက် လက်ပြတ်နေသူ များကို လက်အတု တပ်ဆင်ပေးပါမည်။"




ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်း အဖွဲ့သည် ၂၀၁၃ ဒီဇင်ဘာလတွင်တစ်ကြိမ်၊ ၂၀၁၄ ဒီဇင်ဘာလ တွင် တစ်ကြိမ် ရခိုင်ပြည်နယ် တွင်အခမဲ့ဆေးကုသပေးခဲ့ရာတွင် လက်အတုများတပ်ဆင်ပေးခဲ့ပြီး ရန်ကုန်မြို့ တွင်လည်း တပ်ဆင်ပေးခဲ့ရာ၊ စုစုပေါင်းလက်အတုအခု ၅၀ကိုတပ်ဆင်ပေးပြီးဖြစ်ပါသည်။ ယခုအခါ မှာလည်း လက်အတုအခု ၅၀ တပ်ဆင် ပေးမည်ဖြစ်ပါသည်။
လက်အတုတပ်ရန်လိုအပ်သောအချက်အလက်များ-

၁။ မည်သည့်ဘက်မဆိုလက်တံတောင်ဆစ်မှ ၅လက်မရှည်သောလက်ဖျံရှိရပါမည်။
၂။ လက်တစ်ဖက်ထဲကိုဘဲတတ်ပေးမည်ဖြစ်ပါသည်။
၃။ ညာလက်ပြတ်သူကိုဦးစားပေးပါမည်။
၎။ ငွေကြေးမတတ်နှိုင်သူဖြစ်ရပါမည်။
၅။ မိမိ၏အမည်၊ အသက်၊ နေရပ်လိပ်စာ၊ ဆက်သ္ဗယ်လို့ရမည့် ဖုံးနံပါတ်၊ အလုပ်အကိုင်၊ အဘယ်ကြောင့် ပြတ်သွားရသည့် အကြောင်းအရင်းတို့ကို ပြောပြရပါမည်။
အထက်ပါအချက်အလက်များနှင့်ကိုက်ညီသောသူများသည် အောက်ပါပုဂ္ဂိုလ်များထံတွင် ဆက်သွယ် အကြောင်း ကြားစာရင်းပေးသွင်းထားနှိုင်ပါသည်။ စာရင်းပြည့်သောအခါပြန်လည် အကြောင်းကြား ပေးမည် ဖြစ်ပါသည်။

ဆက်သ္ဗယ်ရမည့်ဖုံးနံပါတ်များ

၁။ ဒေါ်တင်မေအောင် (ဥက္ကဋ္ဌ) ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်း။
ဖုန်း ၀၁-၅၃၅၆၆၀၊ ၀၉-၄၂၀၀၄၂၇၁၈

၂။ ဦးတိုးဘရှမ်း (ဒု ဥက္ကဋ္ဌ) ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်း။
ဖုန်း ၀၁-၅၃၅၆၆၀၊ ၀၉-၅၁၀၄၅၁၀

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...