စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အမျိုးသားတွေ သဘောကျတဲ့ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးဆိုတာ


 

အမေရိကားက တစ်ကိုယ်တည်းသမားတွေဆီကနေ ကောက်ယူထားတဲ့ စစ်တမ်းတွေအရတော့ ရည်းစားမရှိသေးတဲ့၊ ရည်းစားနဲ့ပြတ်သွားတဲ့ စသဖြင့် အမျိုးသား ၈၇ရာခိုင်နှုန်းဟာ သူတို့ထက်ပိုတော်၊ ပိုအသိဥာဏ်ကြွယ်ပြီး ပညာအရည်အချင်းရှိတဲ့ အမျိုးသမီးတွေကိုသာ တွဲချင်ပါတယ်လို့ ဖွင့်ဟထားကြပါတယ်။ 

အဲ နောက်ထပ်ကောက်ယူထားတဲ့ စစ်တမ်းအရကြည့်ပြန်ရင်လည်း အမျိုးသားတွေဟာ သူတို့ထက် ပိုက်ဆံပိုရှာနိုင်ကြတဲ့ အမျိုးသမီးတွေကို စိတ်ဝင်စားတယ်ဆိုတဲ့ အကြောင်း တွေ့ရပြန်ပါတယ်။

 ဒီလို တစ်ကိုယ်တည်း သမားတွေထဲက ၄၄ရာခိုင်နှုန်းလောက်ဟာ အလုပ်အကိုင်ရှိတဲ့ အမျိုးသမီးတွေကို စိတ်ဝင်စားနေချိန်မှာ ၊ နောက်ထပ် ၈၆ရာခိုင်နှုန်းသော အမျိုးသားတွေကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ အမျိုးသမီးတွေကိုသာ ရွေးချယ်ချင်ကြပါသတဲ့။

ဒါ့အပြင် အရင်တုန်းကနဲ့ မတူတဲ့အရာကတော့ အမျိုးသမီးတွေဘက်ကစလို့ အမျိုးသားတွေကို ဒိတ်လို့ဖို့ ကမ်းလှမ်းတာမျိုးကို သူတို့သဘောကျ လက်ခံလာကြပြီဖြစ်တဲ့အပြင် အမျိုးသားတွေဟာ သူတို့ထက်မသာသည့်တိုင်အောင် ပညာအရည်အချင်း၊ ပိုင်ဆိုင်မှုအနေအထား၊ အစစအရာရာကို သူတို့တွဲမယ့်အမျိုးသမီးတွေဆီမှာ တန်းတူရှိစေချင်ကြတာပါပဲ။

TrendMyanmar
.https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.1206162

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...