စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အိမ်ခြေမဲ့များ အတွက် ပြုလုပ်ပေးထားတဲ့ လမ်းထောင့်က အိပ်စရာ သေတ္တာများ





ဗြိတိန်ပိုင်နက်၊ နော်သန် အိုင်ယာလန် ဒေသမှ Belfast လို့ အမည်ရတဲ့ မြို့ရဲ့ လမ်းထောင့်များမှာ လူနေစရာ သေတ္တာများ ထားပေးခြင်း ဖြစ်ပါတယ်။ ယင်းသေတ္တာများဟာ အိမ်ခြေမဲ့များ ညရောက်တဲ့အခါ အိပ်နိုင်ရန် ဖန်တီးထားခြင်း ဖြစ်ပါတယ်။

သေတ္တာကို ပိတ်ထားပြီး လေဝင် လေထွက် စနစ်ရှိပြီး ရာဦဥတု အေးတဲ့အခါ အနွေးဓာတ် ရအောင်လည်း ဖန်တီးယူလို့ ရပါတယ်။ ဒါ့အပြင် အထဲမှာ ဖုန်း အားသွင်းစရာ အပေါက်နဲ့ မီးအလင်းရောင်များလည်း ရအောင် မီးလုံးလည်း ထည့်ထားပေးပါသေးတယ်။ ရည်ရွယ်ချက်ကလည်း အိမ်ခြေမဲ့များ ရာသီဥတုဒဏ် ခံနိုင်အောင် ညဘက်တွေမှာ အိပ်ဖို့ ဖြစ်ပါတယ်။

သူက Belfast မြို့ထဲရှိ ရပ်ကွက် အချို့ရဲ့ လမ်းထောင့်တွေမှာ အသေ တပ်ဆင် ထားရှိပြီး အင်္ဂလန်ကျွန်းက မြို့များ အထိပါ ပြုလုပ် တပ်ဆင်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Ref: Metro
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...