စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဂန္ဒီ



ဂန္ဒီသည် ငြိမ်းချမ်းသောနည်းဖြင့် အိန္ဒိယ နိုင်ငံ၏ လွတ်လပ်ရေး အတွက် တိုက်ပွဲ ဝင်ခဲ့သော အမျိုးသား ခေါင်းဆောင်ကြီး ဖြစ်သည်။ တစ်ကမ္ဘာလုံးက လေးစားရသော ခေါင်းဆောင်ကြီး တစ်ဦးလည်း ဖြစ်သည်။

ငယ်ရွယ်စဉ်က အင်္ဂလန် နိုင်ငံရှိ လန်ဒန် ယူနီဗာစီတီ ကောလိပ်တွင် ပညာ သင်ကြားနေစဉ်က ဖြစ်သည်။ ပါမောက္ခ ဝီ(လ)ဆင် ဆိုသူမှာ ဂန္ဒီက သူ့အား အရိုအသေပေး၍ မဆက်ဆံဟု ယူဆသဖြင့် အမြဲလိုပင် ပြဿနာ ရှာလေ့ရှိသည်။

တနေ့ နေ့လည်စာ စားရန် အတွက် ဂန္ဒီက သူ၏ ပန်းကန်ဖြင့် ထို ပါမောက္ခ၏ ဘေးတွင် ဝင်ထိုင်မိလိုက်ရာ ပါမောက္ခက သူ့အား
"ဒီမှာ ဂန္ဒီ၊ ဝက် တစ်ကောင်ဟာ ငှက် တစ်ကောင်နဲ့ အတူတူ မထိုင်သင့်ဘူး ဆိုတာ နားမလည်သေးဘူး ထင်တယ်" ဟု ပြောလိုက်ရာ

ဂန္ဒီက မိဘက မသိ နားမလည်သော ကလေးဆိုး တစ်ယောက်ကို အလိုလိုက် တုံ့ပြန်သော ပုံစံမျိုးဖြင့်
"စိတ်မပူပါနဲ့ ပါမောက္ခကြီးရယ်၊ ကျွန်ုတော်ဘဲ အဝေးကို ပျံသွားပေးပါ့မယ်" ဟု ဆိုလိုက်ပြီး အခြား တနေရာတွင် ပြောင်း ထိုင်ပေးလိုက်သည်။

ပါမောက္ခ မှာ မကျေမနပ် ဖြစ်သွားပြီး စာမေးပွဲ စစ်သောအခါ လက်စားချေရန် ကြံစည်ထားသည်။ သို့သော် သူမေးသမျှ မေးခွန်းများကို ဂန္ဒီက ထက်မြက်စွာ ပြန်ဖြေနိုင်ခဲ့သဖြင့် ကြံကြံဖန်ဖန် မေးခွန်း တစ်ခုကို မေးပြန်သည်။
"ကဲ၊ ဂန္ဒီ မင်း လမ်းလျောက်လာတုံး ငွေတွေပါတဲ့ အထုတ် တစ်ထုတ်နဲ့ ပညာ ဥာဏ်တွေ အပြည့်ပါတဲ့ အထုတ် တစ်ထုတ် တွေ့တယ် ဆိုပါတော့၊ တစ်ထုတ်ဘဲ ရွေးရမယ်ဆိုရင် ဘယ် အထုတ်ကို ယူမလဲ"

ဂန္ဒီက
"ငွေတွေပါတဲ့ အထုတ်ကို ရွေးမယ်"

ပါမောက္ခက
"မင်း တော်တော်ဆိုးတာဘဲ၊ ငါသာဆိုရင် ပညာဥာဏ်တွေ အပြည့်ပါတဲ့ အထုတ်ကို ရွေးမယ်"

ထိုအခါ ဂန္ဒီက
"မှန်ပါတယ်။ လူတွေက ကိုယ့်မှာ မရှိတာကို လိုချင်ကြတာဘဲ မဟုတ်လား" ဤ တချီတွင်လည်း ပါမောက္ခ ဝီ(လ)ဆင် တစ်ယောက် ဂန္ဒီကို နှိမ်ပြောသည်မှာ မအောင်မြင်၊ သူ့ရူး သူ့ပတ်သွားသည်။

သည်လိုနှင့် နောက်တကြိမ် စာမေးပွဲ တွင် ဂန္ဒီ၏ အဖြေလွှာပေါ်တွင် နိုင်ထက်စီးနင်း "ငတုံး" ဟုရေးပြီး ဂန္ဒီကို ပြန်ပေးလိုက်သည်။ ဂန္ဒီက ရုတ်တရက် ဘာမှ မပြောသေး။ စိတ်အေး အေးထားလိုက်ပြီးမှ သတိထား တုံ့ပြန်လိုက်သည်။ "ပါမောက္ခ ဝီ(လ)ဆင် ကျွန်ုတော်ရဲ့ အဖြေလွှာပေါ်မှာ ခင်ဗျားရဲ့ လက်မှတ်ဘဲ ထိုးထားပြီး အမှတ်ပေးဘို့တော့ မေ့သွားတယ် ထင်တယ်၊" ဤ တကြိမ်မှာလည်း ဝီ(လ)ဆင်မှာ မအောင်မြင်နိုင်ခဲ့ပေ။

မိမိအား ချိုးနှိမ်ပြီး ဆက်ဆံခဲ့သူကို ပညာရှိ ပီသစွာ တုံ့ပြန် အနိုင်ယူနိုင်ခဲ့သော ကမ္ဘာ့ ခေါင်းဆောင်ကြီး ဂန္ဒီ၏ သတိ ဥာဏ်ပညာမှာ ချီးကျူး လေးစား အတုယူဖွယ် ဖြစ်သည်။ ။

Ref : wiki
Photo : biography
လူပိန်း (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.171647766211817/882463345130252/?type=1&theater 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...