စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သူငယ်ချင်းတို့ မင်္ဂလာဆောင်ကြဦးမလား


အခုချိန်မှာ နှစ်သစ်ကူးအခါသမယလည်းကျော်လွန်လာခဲ့ပါပြီ။ မကြာခင်ဆိုရင်တော့ ၀ါဝင်တော့မှာပါ။ ပွင့်လင်းရာသီ ကုန်ဆုံးခါနီးလို့ ၀ါမ၀င်ခင် ကာလ အတောအတွင်းလေးမှာ အသည်းအသန် အမီ မင်္ဂလာဆောင်ကြမယ့် စုံတွဲတွေအတွက် ရယ်စရာဟာသလေး တပုဒ်ကို ဧရာဝတီဘလော့ဂ်က ဖော်ပြပေးချင်တာပါ။

တခါက အလွန်ကြီးမားတဲ့တောအုပ်ကြီးထဲမှာ ကျားပေါက်တစ်ကောင်ရဲ့ မင်္ဂလာဆောင် ကျင်းပသတဲ့ ။

ကျားဆိုတာ တောဘုရင် (တောမျက်နှာဖုံး) ဆိုတော့ တောနေ လှေအောင်း မြင်းဇောင်းမကျန်ဆိုသလို တောသတ္တ၀ါတွေ မင်္ဂလာ ဆောင်ကို လာကြရ၊ မရှိ/ရှိတာလေး လက်ဖွဲ့ကြရတာပေါ့။ အဲ … မင်္ဂလာဆောင်ရဲ့ Tempo အမြင့်ဆုံး အချိန်ရောက်တော့ ပရိသတ်တွေ လည်း စုံစုံလင်လင် ရောက်နေတာပေါ့။
အဲသလောက် ပရိသတ်များများ မမြင်ဖူးတဲ့ ပရိသတ်ထဲက မျောက်တစ်ကောင်က သူ့ဘေးမှာထိုင်နေတဲ့ နွားထီးတစ်ကောင်ကို မေးသတဲ့ ..

” ကိုနွား”

“ဘာလဲကွ”

“ဒီလောက်စည်ကားတဲ့ မင်္ဂလာဆောင်မျိုး မမြင်ဖူးဘူးဗျာ” လို့ပြောတော့ ကိုနွားက “ပျော်စရာကြီးကွနော့” လို့ပြုံးပြုံးကြီးပြောသတဲ့
ခဏနေတော့ မင်္ဂလာသတို့သား ကိုရွှေကျားနဲ့ သတို့သမီး မရွှေကျားတို့ထွက်လာတော့ ဆိုင်းဝိုင်းကြီးက ဘိတ်သိတ်သီချင်း တီးပါလေရော။ ဒီမှာတင် ခုနကနွားထီးကြီးက ထ ကတော့တာကိုး။ ဒါကို မျောက်က တအံ့တသြကြည့်ရင်းနဲ့ မေးသတဲ့။

“ကိုနွား ကိုနွား ဘယ်လိုဖြစ်တာလဲဗျ” ဆိုတော့၊ ကိုနွားက “ငါ့ညီအငယ်ဆုံးလေး မင်္ဂလာဆောင်တာဆိုတော့ ပျော်လွန်းလို့ပါကွာ” လို့ သူကပြောသတဲ့။
ဒီတော့ မျောက်ကမေးတာပေါ့ .. ..” ကိုနွားကလဲ ကြံကြီးစည်ရာဗျာ၊ ခင်ဗျားကနွား ဟိုကကျား လားလားမှမဆိုင်တာပဲ” လို့ ပြောတော့
ကိုနွားက ” ညီလေးမျောက် လောကမှာ မင်းမသိတာတွေ အများကြီးရှိတယ်ကွ။ တကယ်တော့ ညီလေးရေ ခု မင်္ဂလာဆောင်နေတာ ငါ့ညီအရင်းကွ” လို့ပြောသတဲ့။

ဒီမှာတင် မျောက်က ” ဗျာ .. ကိုနွား .. သတို့သားကျားက ကိုနွားရဲ့ ညီအရင်းဟုတ်လား .. ဟား..ဟား..ဟား မဖြစ်နိုင်တာဗျာ လာနောက်မနေပါနဲ့” လို့ ရယ်သွမ်းသွေးရင်းပြောသတဲ့။

ဒီတော့မှ နွားထီးကြီးက နောင်တရတဲ့လေသံနဲ့ ဆွေးဆွေးမြေ့မြေ့ ပြောရှာသတဲ့။

“ညီလေးရေ တကယ်တော့ မင်္ဂလာမဆောင်ခင်တုံးကတော့ ငါလည်းပဲ အလွန်ဆိုး အလွန်အနိုင်ကျင့်တတ်တဲ့ ကျားတစ်ကောင်ပဲကွ”

*(မင်္ဂလာဆောင်ပြီမှ နွားဖြစ်သွားရှာတာ)

မိတ်ဆွေတို့ မင်္ဂလာဆောင်ကြဦးမလား မင်္ဂလာ

ပျော်ရွှင်ကြပါစေ။
နိုင်စွမ်း-Irrawaddy

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616274647985/882190778490527/?type=1&theater 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...