စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အန္တရာယ် များလွန်းတဲ့ အဆီကျဆေး သောက်သုံးပြီး သေဆုံးခဲ့ရတဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသမီး


ဝေလပြည်နယ် Glyndŵr တက္ကသိုလ် တက်နေတဲ့ အသက် ၂၁ အရွယ် Eloise Aimee Parry ဟာ ဆေးဝါးတွေမှာ အသုံးပြုတဲ့ စက်ရုံသုံး ဓါတုပစ္စည်း၊ သစ်မာတင်ဆေး၊ ၊ ပိုးသတ်ဆေး၊ အဆိပ်အတောက်ဖြစ်စေတဲ့ ဓါတု ပစ္စည်းDNP(၂,၄ dinitrophenol)ပါဝင်တယ် လို့ ယူဆရတဲ့ အဆီကျဆေး သောက်သုံးပြီးတဲ့နောက် သေဆုံးသွားခဲ့တယ်လို့ အမေရိကန်ပတ်ဝန်းကျင် ထိန်းသိမ်းရေး အေဂျင်စီ(EPA)သတင်းထုတ်ပြန်မှုအရ သိရှိရပါတယ်။

Eloise မှတစ်ဆင့် လေလှိုင်းပေါ်သို့ ယူဆောင်ခဲ့တဲ့ အဆီကျဆေး ပါဝင်တဲ့ DNPနှစ်လုံး ဟာ လူကို သေစေနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ ဒါပေမဲ့ Eloise ဟာ ဆေး ၈ လုံးသောက်ခဲ့တယ်လို့ သူမရဲ့မိခင် Fiona Parry ပြောကြားချက်အရ သိရပါတယ်။ သမီးလေးဟာ သူမဘ၀ အဆုံးသတ်ဖို့ ဘယ်တော့မှ မကြံရွယ်ခဲ့ပါဘူးလို့ မိခင်ဖြစ်သူ Fiona က ရေးသားဖော်ပြထားပါတယ်။ သမီးလေးသောက်ခဲ့တဲ့ ဆေးဟာ ဘယ်လောက်ထိအန္တရာယ်များ တယ်ဆို တာကို သမီးလေး သိမသွားရှာဘူး။

ဒီဓါတုဆေးဟာ အဆီကျစေတယ်လို့ ရေပန်းစားနေချိန်မှာ စိတ်မအီမသာခြင်း၊ အော့အန်ခြင်း၊ ချွေထွက်လွန်ခြင်း၊ မူးမေ့ခြင်း၊ ခေါင်းကိုက်ခြင်း၊ အမြင်အာရုံချို့တဲ့ခြင်း၊ အရေပြားပွန်းပဲ့ခြင်း၊ ရိုးတွင်းခြင်ဆီကို ထိခိုက်စေခြင်း၊ အာရုံကြောနဲ့ သွေးကြောစနစ်တွေကို ထိခိုက်စေခြင်း အစရှိတဲ့ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် အမေရိကန်ပြည်ထောင်စုမှာ ၄င်းဆေးကို ပိတ်ပင်တားဆီးခဲ့ပါ တယ်ဟု EPA ထုတ်ပြန်မှုအရ သိရပါတယ်။ ဒါဟာအကျဉ်းချုံ့ဖော်ပြခြင်းဖြစ်ပါတယ်။

DNP ပတ်သတ်တဲ့ ရေရှည်ခံစားမှု နည်းနည်းမှ မပါသေးပါဘူး။ Eloise မှာသူမရဲ့သုံးစွဲမှုကြောင့် DNP ကစဉ်ကလျားဖြစ်/မဖြစ်ကို မြင်တွေ့ရဖို့ အခွင့်အရေး မရှိခဲ့ပါဘူး။ သမီးလေး သေဆုံးပြီး ဆေးရုံတင်လိုက်ရတဲ့ အချိန်မှာ ခန္ဓာကိုယ်အတွင်း လောင်ကျွမ်းမှုကြောင့် သမီးလေးရဲ့ ဇီဝဖြစ်စဉ်တွေဟာ အလျင်အမြန် ပြောင်းလဲခဲ့တယ်လို့ မိခင်ဖြစ်သူ Fiona ထုတ်ပြန်မှုအရ သိရပါတယ်။

Eloise ဟာကုသလို့ မရလောက်အောင်ထိ DNP အများအပြား သောက်သုံးခဲ့ပါတယ်။ သူမရဲ့ဘ၀ကို ကယ်တင်ဖို့ အတွက် သူတို့ အခွင့်အရေးမရခဲ့ပါဘူး။ (တရားမ၀င်သော) အံ့သြစရာကောင်းလှတဲ့ အဆီကျဆေး(DNP) ကို အင်တာနက်မှာ သင်တွေ့မြင်ခဲ့မယ်ဆိုရင် ဒီဆေးကိုမသောက်သုံးခင် အရင်ဆုံး ဆိုးရွားစွာ သေစေနိုင်တဲ့ အကျိုးဆက်တွေကို လေ့လာသုံးသပ်ဖို့ လိုပါလိမ့်မယ်။

TrendMyanmar

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12061627

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...