




ယင်း အဓမ္မကျင့်ခြင်း ဖြစ်စဉ်ကြောင့် ကိုယ်ဝန်ရပြီး သားတစ်ယောက် မွေးခဲ့ပါတယ်။ မွေးဖွားတဲ့ သားငယ်ကိုလည်း မပြုစုနိုင်တာကြောင့် အဖွားဖြစ်သူ ကိုယ်တိုင် မိဘမဲ့ကျောင်း တစ်ခုစီ သွားထားရပါတယ်။ အသက်ကြီးပြီ ဖြစ်တဲ့ အမေအိုဟာ စိတ်ဒဏ်ရာကြောင့် အထိန်းမဲ့ ဖြစ်နေတဲ့ သမီးကို ဆေးကုသရန်လည်း ငွေကြေး မရှိတာကြောင့် အိမ်မှာပဲ သံလှောင်အိမ်ထဲ ထည့်လို့ ပြုစု ကျွေးမွေးရခြင်း ဖြစ်ပါတယ်။ အသက်ကြီးသည့်တိုင် သမီးကို ကျွေးဖို့ အတွက် အလုပ် လုပ်နေဆဲ ဖြစ်ပါတယ်။
သားငယ်လေးကိုတော့ မိဘမဲ့ ဂေဟာက လက်ခံလို့ သက်သာရာ တစ်ခုတော့ ရခဲ့ပါတယ်။ မြေးငယ်လေးကို အဖွားက မကြာမကြာ သွားတွေ့သတဲ့။ ဆင်းရဲသား မိသားစုဘဝ တစ်ခုမှာ ဒုက္ခ ကြုံဆုံရပြီး အမေဖြစ်သူ တစ်ယောက်ရဲ့ မေတ္တာကို ထင်ဟပ်စေတဲ့ ယင်းဖြစ်ရပ်မှာ ဗီယက်နမ်မှာ ဝမ်းနည်းဖွယ် သတင်း တစ်ပုဒ် အဖြစ် လူသိများလာပါတယ်။ သူတို့ မိသားစုအတွက် အလှူငွေကို ဗီယက်နမ်မှ လူအချို့က ထည့်ဝင်ပေးခဲ့ပြီး သတင်း အပြည့်အစုံကို http://karenmystory.blogspot.com/…/full-storymother-locked-… ထဲမှာ ဖတ်ရှု နိုင်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
https://www.facebook.com/yoyarlaydotcom/posts/883063191736934
No comments:
Post a Comment