စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ရွှေတိဂုံစေတီပုံတံဆိပ် အသုံးပြုထားသော အရက်ပုလင်းများ မရောင်းချရန် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကန့်ကွက်

မလေးရှားနိုင်ငံတွင် ရွှေတိဂုံစေတီပုံ တံဆိပ်ကပ်၍ အ ရက်ပုလင်းထုတ်လုပ်နေသည့် ကုမ္ပဏီကို ဆက်လက်ရောင်းချ ခြင်းမပြုရန် မလေးရှားနိုင်ငံဆိုင် ရာ မြန်မာသံရုံးက သွားရောက် ကန့်ကွက်ထားကြောင်း သတင်း ရရှိသည်။

မလေးရှားနိုင်ငံထုတ် Song Singha အရက်ပုလင်းတွင် ရွှေတိ ဂုံစေတီပုံတံဆိပ်ကပ်၍ ရောင်းချ နေမှုမှာ လူမှုကွန်ရက်စာမျက်နှာ များပေါ်သို့ ပျံ့နှံ့ခဲ့ပြီး မြန်မာလူမှု ကွန်ရက်ဝက်ဘ်ဆိုက် အသုံးပြုသူ များကြား ကန့်ကွက်ဝေဖန်မှုများ ရှိခဲ့သည်။

ထို့ကြောင့် သာသနာရေးဝန် ကြီးဌာနက ကန့်ကွက်ထားပြီး အဆိုပါဖြစ်ရပ်ကို ဖြေရှင်းပေးရန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံ ရုံးသို့ ဧပြီ ၂၂ ရက်က တောင်းဆို ခဲ့သည်။

သာသနာရေးဝန်ကြီးဌာန၏တောင်းဆိုချက်အရ အဆိုပါကိစ္စကို စစ်ဆေးပေးရန် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အရက်ပုလင်းထုတ်လုပ်သည့် Teo SengChan Liquor Merchants Sdn. Bhd ကုမ္ပဏီသို့ သွားရောက်စစ်ဆေးရာ အဆိုပါကုမ္ပဏီမှာ ယာယီပိတ်ထားကြောင်း မြန်မာသံရုံး တာဝန်ရှိတစ်ဦးက ပြောသည်။

အဆိုပါ အရက်ပုလင်းကို တရုတ်ကုမ္ပဏီက မလေးရှားနိုင်ငံ တွင် လာရောက်ထုတ်လုပ်ခြင်း ဖြစ်ပြီး ထိုင်းနိုင်ငံဈေးကွက်သို့ ရောင်းချနေသည်။ ပုလင်းတွင် တံဆိပ်အဖြစ် အသုံးပြုထားသော စေတီပုံသည် ထိုင်းနိုင်ငံရှိ စေတီ တစ်ဆူပုံဖြစ်သည်ဟု စစ်ဆေး တွေ့ရှိခဲ့ကြောင်း မြန်မာသံရုံးက တာဝန်ရှိသူတစ်ဦးက ပြောသည်။

 ‘‘အရက်ပုလင်းထုတ်တဲ့ ကုမ္ပဏီတော့ တွေ့ခဲ့တယ်။ ဒါပေ မဲ့ ပိတ်ထားလို့ မစစ်ဆေးခဲ့ရဘူး။ မလေးရှားရဲတပ်ဖွဲ့ကိုလည်း ဒါနဲ့ ပတ်သက်လို့  စုံစမ်းခိုင်းထားပါ တယ်။အဲဒီအရက်ကလည်း ထိုင်း ဈေးကွက်ကို  ဖြန့်တာလို့သိရ တယ်။

ထိုင်းမှာရှိတဲ့ စေတီတစ်ဆူပုံကို ပြုလုပ်ထားတာလို့သိရတယ်။ဒါပေမဲ့ အဲဒီအရက်ပုလင်းကို မဖြန့်ဖြူးဖို့ တားမြစ်ထားပါတယ်’’ဟု ၎င်းက ပြောသည်။

အရက်ပုလင်းတွင် တံဆိပ် ကပ်ထားသော စေတီပုံသည် ရွှေတိဂုံစေတီပုံ မဟုတ်ဘဲ ထိုင်း နိုင်ငံရှိ စေတီတစ်ဆူ၏ပုံတော်ဟု မြန်မာသံရုံး၏ ပြောဆိုမှုနှင့်ပတ် သက်၍ မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမား ကိုမျိုးညွန့်ထံ မေးမြန်းရာ အဆိုပါပုံသည် ရွှေတိ ဂုံစေတီပုံသာဖြစ်ကြောင်း ပြော သည်။

‘‘ထိုင်းကဘုရားဆိုတာမဖြစ် နိုင်ဘူး။ ရွှေတိဂုံစေတီနဲ့ တော် တော်ကို ဆင်တူနေတယ်’’ဟု ၎င်း က ဆက်လက် ပြောကြားသည်။

http://7daydaily.com/story/35769#.VTs1qJOZHIU

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...