စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အသည်းကွဲနေတယ် ဆိုရင် ..ဒါလေးတွေလုပ်ကြည့်ပါလား ???


 

သူ့ကို ဒီတစ်သက် မေ့နိုင်တော့မှာ မဟုတ်ဘူးလို့ တွေးနေတယ် မဟုတ်လား။
ခေါက်ထားလိုက်စမ်းပါ။ ကြာရင် အားလုံးပြီးဆုံးသွားမှာပါ။
ပြီးတော့ အခုခံစားနေရတာတွေကိုလည်း သက်သာအောင် အကြံဥာဏ်ကောင်းလေး ပေးမယ်နော်။ အသည်းကွဲတဲ့အခါ ခံစားရတဲ့ စိတ်အခြေအနေကို ပြောပြမယ်။
 

၁။ မယုံနိုင်ဘူး ဖြစ်နေတယ် လမ်းခွဲခဲ့ကြတယ်ဆိုတာ မယုံနိုင်သေးဘူး ဖြစ်နေတယ်။ သူက ဖုန်းဆက်ပြီး တောင်းပန်လိမ့်မယ် လို့ တွေးနေတုန်းပဲ။ ဒီလိုဖြစ်နေတဲ့ ခံစားမှုက လမ်းခွဲလိုက်တာကို ချက်ချင်း ယုံကြည်လိုက်တာနဲ့စာရင် ဝေဒနာကို ဖြည်းဖြည်းချင်း ကုစား သက်သာစေတယ်။
 

၂။ အသိတရား ဝင်လာပြီ တကယ်ကို ဖြစ်သွားပြီဆိုတာ နားလည်သွားပြီ။ အတူရှိခဲ့တဲ့ အချိန်တွေကို သတိရပြီး ငိုယို မဆုံး ဖြစ်နေလိမ့်မယ်။ ငိုသာငိုချလိုက်ပါ။ မျိုသိပ်ထားရင် ပိုခံစားရလိမ့်မယ်။
 

၃။ ဒေါသ ပါလာတယ် “ကောင်းပြီ၊ သူက ငါ့ကို ထားခဲ့တယ်။ ဘာ အရေးစိုက်ရမှာလဲ။ သူ့မှာလည်း ကောင်းကွက် တစ်ကွက်မှ မရှိဘူး။ ရုပ်ကလည်း ဆိုးသေးတယ်။ ငါလည်း မကြိုက်ပါဘူး။” ဆိုပြီး မာနဒေါသထွက်မဆုံး ဖြစ်နေမယ်။ ဒီအခြေအနေကို အကြာကြီး မဖြစ်စေနဲ့၊ ဒေါသကနေ နာကျည်းမှုအဖြစ် ပြောင်းပြီး မင်းကို ဝေဒနာတွေ ပေးလိမ့်မယ်။ 

၎။ မျှော်လင့်ချက်ကို ပြန်ရှာတွေ့ပြီ ပြောင်းလဲလို့မရတော့ဘူးဆိုတာ နားလည်လာပြီး အရာရာကို လက်ခံနိုင်တဲ့ အချိန်ရောက်တဲ့အခါ မင်း သူ့ကို မေ့သွားလိမ့်မယ်။ ဝမ်းနည်းခဲ့ရတာတွေကိုလည်း သတိမရတော့ပါဘူး။
 

လုပ်သင့်တာတွေက -
၁။ ကိုယ်ဝါသနာပါတာတွေကို အာရုံစူးစိုက်ထားမယ်။ (ဥပမာ – ပန်းချီ၊ သီချင်း၊ ရုပ်ရှင် စသဖြင့်ပေါ့) ၂။ ဘီရိုတွေရှင်း၊ အခန်းရှင်းမယ်။ ၃။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် အချိန်ဖြုန်းမယ်။ ရှောင်ရန်ကတော့ – 


၁။ Online ပေါ်မှာ သူ့အပေါ် ခံစားချက်၊ နာကျည်းမှုနဲ့ ဒေါသတွေ လုံးဝ Post မလုပ်မိအောင် သွေးဆူနေတုန်းမှာ အင်တာနက် မသုံးပါနဲ့။ တစ်ချိန်မှာ နောင်တရလိမ့်မယ်။ 

၂။ တစ်ယောက်တည်း အကြာကြီး ခံစားမနေပါနဲ့။
 

၃။ ခံစားနေရတဲ့အချိန်မှာ သူ့ကို ဖုန်းနဲ့ ပြန်ဆက်သွယ်ဖို့ ကြိုးစားတတ်တယ်။ လုံးဝ မဆက်သွယ်မိအောင် ကြိုးစားပါ။
 

၎။ မင်းကိုချစ်တဲ့ မိသားစု၊ သူငယ်ချင်းတွေကို သူ့ကြောင့် စိတ်ပူဝမ်းနည်းအောင် မလုပ်ပါနဲ့။
 

အသည်းကွဲချိန် နားထောင်သင့်တဲ့ သီချင်းတွေ – (မိန်းကလေးများအတွက်)
1. Run The World (Girls) – Beyonce
2. So What – Pink
3. White Horse – Taylor Swift
4. Since U Been Gone – Kelly Clarkson
5. I Don’t Miss You At All – Selena Gomez 6. Take A Bow – Rihanna 7. Stronger – Britney Spears
 

(ယောက်ျားလေးများအတွက်)
1. Forget You (Cee Lo Green)
 

ကြည့်သင့်တဲ့ ရုပ်ရှင် 
1. The Wedding Singer 
2. Forgetting Sarah Marshall 
3. Bridget Jones’ Diary 
4. How To Lose A Guy In 10 Days 
5. Legally Blonde 6. 500 Days of Summer

… ရေးမိရေးရာလေးများ

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12061627

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...