ထိုင်းနိုင်ငံရဲ့ သင်္ကြန်ရက်ဟာ မြန်မာသင်္ကြန်ထက် တရက်စောတာကြောင့် သင်္ကြန်ရေပက်ရက်ဟာ မနေ့က ပြီးဆုံးသွားပြီဖြစ်ပြီး ဒီကနေ့ဟာ ထိုင်းနိုင်ငံမှာတော့ နှစ်ဆန်း တရက်နေ့ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ရှိနေကြတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဟာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေမှာ ဥပုသ်သီလ ဆောက်တည်တာတွေ၊ အလှူဒါနတွေနဲ့ ကောင်းမှုကုသိုလ်တွေပြုလုပ်ကြပါတယ်။
လုပ်ငန်းခွင် ပြန်ဖွင့်တဲ့ နေရာတချို့မှာ ရှိတဲ့ ရွှေ့ပြောင်း အလုပ်သမား တချို့ကတော့ ဘုန်းကြီးကျောင်းတွေကို ရောက်မလာနိုင်ကြပါဘူး။
တရားစခန်း၊ ယောဂီဝတ်တွေ၊ သီလရှင်ဝတ်တွေ၊ ဒုလ္လဘရဟန်းဝတ် စတဲ့ သင်္ကြန်ကာလအတွင်း လှုပ်ရှားမှုတွေလည်း မကြာခင် ပြီးဆုံးတော့မှာဖြစ်ပါတယ်။
ဓာတ်ပုံ - ကျော်ခ၊ ဧရာဝတီ

https://www.facebook.com/IrrawaddyBurmese/posts/979846955392790

No comments:
Post a Comment