အိမ့်ဇာလီမောင်
အသက် (၂၇) နှစ်
Diploma in Tourism & Hospitality, KDU College (Malaysia)
ကျမက ရန်ကုန်မှာဆယ်တန်းအောင်တယ်။
အကယ်၍ စီးပွားရေးလုပ်ငန်းလုပ်ဖြစ်
ဘာဖြစ်လို့လဲဆိုတော့ Branded တွေချည်း ကိုယ်ကရောင်းချမယ်ဆိုရင် လူတန်းစားအလွှာက အသီးသီးရှိတော့ အထက်တန်းလွှာကပဲ ဝယ်နိုင်မယ်၊ ကျန်တဲ့သူတွေ မဝယ်နိုင်ဘူး။ အဲဒီလိုမဖြစ်အောင် ကျမက လူငယ်တိုင်း ကိုယ့်မုန့်ဖိုးလေးနဲ့ စတိုင်ကျကျ၊ စမတ်ကျကျ၊ ဖန်စီကျကျလေး ဝယ်ဝတ်နိုင်အောင် အဲဒီလိုဖက်ရှင်ဆိုင်လေး ဖွင့်ချင်တယ်။
ကျမက ဘယ်လိုဖက်ရှင်မျိုးဝတ်တာကြိ
ဒီနေ့ ခေတ်ရေစီးထဲက လူငယ်ဖက်ရှင်ကို ဘယ်လိုမြင်မိလဲဆိုရင် ကျမအသက်က အခု (၂၇) ဆိုတော့ ကျမတို့ ခေတ်တုန်းက အသက် ၁၆၊ ၁၇ လောက်မှာ ဒီနေ့ခေတ်လောက်ထိ ဖက်ရှင်ကို မဝတ်ကြသေးဘူး။ ကိုယ်ကိုယ်တိုင် ကလည်းအရမ်းကြီး ဝတ်တတ်တာမျိုးမဟုတ်ပါဘူး။ အခုနောက်ပိုင်း ၁၆၊ ၁၇ ကလေးတွေဆိုရင် အရမ်းလည်း လှကြတယ်။ အရမ်းလည်း ဝတ်တတ်ကြတယ်လို့ မြင်မိတယ်။
ကျမက အားကစားထဲမှာ တင်းနစ်ရိုက်တာ၊ ကြက်တောင်ရိုက်တာ ဝါသနာပါတယ်။ နောက်ပြီး ကျမက စာဖတ် အရမ်း ဝါသနာပါတယ်။ ဘယ်လိုစာအုပ်တွေ ဖတ်လဲဆိုရင် ဆရာမ နုနုရည်(အင်းဝ)၊ ဒဂုန် ခင်ခင်လေး၊ ဂျာနယ်ကျော် မမလေးနဲ့ ခင်ခင်ထူး စာအုပ်တွေ ဖတ်တယ်။ ကျမအကြိုက်ဆုံး စာရေးဆရာတွေက ဆရာမ နုနုရည် (အင်းဝ)နဲ့ ခင်ခင်ထူးပါ။ သူတို့ စာအုပ်တွေဆို ကျမအရမ်းကြိုက်လို့ အိမ်မှာဝယ်ပြီး စုထားတယ်။
လူငယ်နဲ့ စာဖတ်ခြင်းကို ဘယ်လိုမြင်လဲဆိုရင် စာပေက လူငယ်တွေကို တကယ် လမ်းကြောင်းမှန် ရောက်အောင် တိုက်တွန်းပေးတဲ့ အရာလို့ မြင်တယ်။ “အလိမ္မာစာမှာရှိ” ဆိုတဲ့အတိုင်း စာပေက ကမ္ဘာပတ်လို့ရတယ်၊ အတွေ့အကြုံတွေ ရစေတယ်။စာဖတ်တာက မြင်ကွင်းပိုကျယ်စေတယ်။ စာမဖတ်တဲ့သူနဲ့ စာဖတ်တဲ့သူ စကားယှဉ်ပြောရင်တောင် အရမ်းကွာခြားတယ်။ အဲဒါကြောင့် ကျမကတော့ ကျမဘေးနားမှာရှိတဲ့သူတွေကို
ဒီနှစ်သင်္ကြန် ကျမဘာအစီအစဉ်ရှိလဲဆိုရင် ရန်ကုန်၊ ကမ္ဘာအေးဘုရားလမ်းမှာ သူငယ်ချင်းတွေစုပြီး မဏ္ဍပ် လုပ်ထားတာ ရှိတယ်။ ခါတိုင်းနှစ်တွေ သင်္ကြန်မှာ ကိုယ့်ဟာနဲ့ကိုယ် Organizer အဖြစ် ခွဲထွက်ပြီးတော့ ဆောက်တာမျိုးမရှိဘူး။ ဒီနှစ်က ပထမဆုံးကိုယ့်မောင်နှမတွေပဲ
ကျမတို့ရဲ့ “BARRACK ရေကစားမဏ္ဍပ်” က ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းလမ်းနဲ့ သစ္စာလမ်းမီးပွိုင့်ထိပ် တည့်တည့်မှာ ရှိမယ်။ ကျမကတခြား Event တွေကိုတော့ Organize မလုပ်ဖူးဘူး။ သင်္ကြန်ပိုးပါလို့သာ သူငယ်ချင်းတွေ၊ မောင်နှမတွေ လူငယ်တွေချည်းစုလုပ်တဲ့ မဏ္ဍပ်ပါ။
ကျမတို့ မဏ္ဍပ်ကိုအတတ်နိုင်ဆုံးအကောင်
Lunch Box အတွက် သုဝဏ္ဏက ခိုင်စိုးစိုး မြန်မာထမင်းဆိုင်ကနေ မှာထားတယ်။ Sound Box တွေဆိုရင် Beta Three Speaker တွေကိုငှားထားတယ်။ Lighting တွေကော ကျန်တာတွေကော အကောင်းဆုံး ဖြစ်အောင်လုပ်ထားတယ်။ ကျမတို့ မဏ္ဍပ်က ဒီဂျေမဏ္ဍပ်ဆိုတော့ ဖျော်ဖြေရေးမဏ္ဍပ်တွေလို အနုပညာရှင်တွေ၊ အဆိုတော်တွေတော့ မပါဘူး။
ကျမတို့ဆီမှာ Lucky Draw အစီအစဉ်တွေပါမယ်၊ ပြီးတော့ အပြန် Transportation အတွက် Ferry ပါမယ်။ Punch ဖျော်ရည်အတွက်လည်း Unlimited Service ကြိုက်သလောက် သောက်ခွင့် ပေးထားတယ်။ ပြီးတော့ မဏ္ဍပ်မှာ ဆိုလည်းWifi Free လွှတ်ပေးထားတယ်၊ မဏ္ဍပ်မှာသောက်စရာတွေ မှာသောက်လို့ရအောင် Bar လည်းထားပေးတယ်။
ကျမက သင်္ကြန်ပိုးရှိတဲ့သူမို့လို့
သင်္ကြန်မှာဆိုရင် အပျော်လွန်ပြီးအပျက်မဖြစ်သွ
ပြီးတော့ သင်္ကြန်မှာရေကစားတာပဲဖြစ်ဖြစ
ဧရာဝတီ
No comments:
Post a Comment