စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့လေထု အညစ်ညမ်းဆုံး မြို့ကြီးတွေထဲက ပေကျင်း





တရုတ်ပြည်မကြီးရဲ့ ပေကျင်းမြို့ဟာ ကမ္ဘာပေါ်မှာ လေထုအညစ်ညမ်းဆုံး မြို့ အဖြစ် စံချိန် အတင်ခံခဲ့ရ ပါတယ်။ သူတို့ရဲ့ လေထုညစ်ညမ်းမှု ဆိုးရွားမှုကတော့ ဘယ်လောက်ထိလဲဆို ကလေးတွေ ဆော့ဖို့ ကစားကွင်းများတောင် မိုးလုံ လေလုံ ဖန်တီးပေးရတဲ့ အခြေအနေ ဖြစ်ပြီး ၂၀၁၄ ခုနှစ်အတွင်း မြို့မှာ ကျင်းပတဲ့ မာရသွန်တွေမှာ ပျက်ခဲ့ဖူးပါတယ်။

AQI ဟာ 460 ရှိပြီး အကယ်၍ နောက်ထပ် 40 သာ ထပ်တိုးရင် လူတိုင်း အပြင် မထွက်ရ ဆိုတဲ့ အခြေအနေအထိ ဆိုးရွားသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို အစိုးရဟာ မြို့တော်ဟာ စီမံကိန်းနဲ့ ယင်းလေထု ညစ်ညမ်းမှုကို ဖြေရှင်းနေရ ဆဲ ဖြစ်ပါတယ်။ အထူးသဖြင့် စက်ရုံများနဲ့ ဝန်းရံထားမှု၊ မော်တော်ယာဉ် အရေအတွက် တိုးတက်လာမှု၊ အဲယားကွန်းနဲ့ အခြားသော ဓာတ်ငွေ့မျိုးစုံထွက် စက်ပစ္စည်းများ တိုးပွားလာမှု၊ အသုံးပြုမှု မြင့်တက် လာမှုတို့ကြောင့်လည်း ပါဝင်ပါတယ်။

တိုင်းပြည် တစ်ခုဟာ ဖွံ့ဖြိုးတိုးတက်လာမှုနှင့် အတူ တစ်ဖက်မှာ ဘယ်လို ဆုပ်ယုပ်မှုတွေ ရှိလာနိုင်မယ်ဆိုတာကို တွက်ချက်ပြီး ဖြေရှင်းဖို့ဆိုတာ အစိုးရတင် မက လူတိုင်းမှာပါ တာဝန်ရှိတဲ့ ကိစ္စရပ် တစ်ခု ဖြစ်လာ ပါတယ်။
.
Ref; TheGurdian
အောင်ခမ်း
http://www.innewsmyanmar.com/2015/04/blog-post_15.html

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...