- အရှင်ပညာသိရီ (မွန်ကျောင်းဆရာတော်)
ခြင်သည် လူမိုက်၏အမူအကျင့်နှင့်တူ၏။
လူမိုက်သည် အစအဦးမှာ ခြေကိုဖက်သကဲ့သို့
ခြင်လည်း ပထမတွင် ခြေပေါ်၌ နားလေ၏။
လူမိုက်သည် နောက်ကွယ်ရာ၌ မကောင်းမှုကို ပြုတတ်သကဲ့သို့ ...
ခြင်လည်း နောက်ကျောကိုကိုက် တတ်လေ၏။
လူမိုက်သည် နားအနီး၌ လိုချင်သောအရာကို ပြောဆိုသကဲ့သို့
ခြင်လည်း နားအနီးတွင် အသံမြည် တတ်လေ၏။
လူမိုက်သည် အပေါက်(အခွင့်အလမ်း)တွေ့လျှ
ခြင်သည် လည်း မွေးညင်းပေါက်တွေ့လျှင် အပေါက်ထဲဝင်ပြီး ကိုက်တတ်လေ၏။
စာရေးသူငယ်စဉ် စာသင်သားဘဝ စာဖတ် ဝါ သနာအလွန်ပါ၏။ ပုံပြင်များလည်းပါ၏။
ထိုအထဲတွင် ကျောင်းကန်အနီးမှ ပုံပြင်များကို သဘောကျပါသည်။ ယခုအခါ ထိုစာအုပ်ကို ရှာမရ ခဲ့ပေ၊ အချို့ပုံပြင်များဆိုလျှင် အမှတ်ရဆဲရှိပေ၏။ ရယ်စရာ၊ သင်ခန်းစာယူစရာ၊ အတုယူစရာ၊ မှတ်သား စရာများစွာအနက် အသိဥာဏ်ပညာနည်းက ပျက်စီး တတ်ပုံကို မှတ်မိနေဆဲ ပုံပြင်တစ်ခုအား တင်ပြလိုပါ သည်။
ကျေးရွာတစ်ရွာ၌ ဆရာတော်ကို အနီးကပ်ပြုစု စောင့်ရှောက်နေသော ကပ္ပိယအား တစ်နေ့ဆရာတော် အတွက် ဖွတ်သားဟင်းလှူလိုက်လေ၏။ ကပ္ပိယလည်း ဆရာတော်အား ဖွတ်သားဟင်းအားပြော၍ ကပ်လေ ၏။
အသားကပင်ကောင်းသလား၊ ဟင်းချက်သူကပင် ကောင်း၍လားမသိ ဆရာတော်လည်း ဘုဉ်းပေးကောင်း ကောင်းနှင့်ဘုဉ်းပေးလိုက်တာ
ကပ္ပိယလည်း မိမိအလှည့်ကျ မစား ဖူး၍ စားချင်နေသော ဖွတ်သားဟင်းအားကြည့်ရာ မတွေ့သဖြင့် စိတ်ထဲ၌ မကျေမနပ်ဖြစ်ကာ နောက် တစ်ခါ ဖွတ်သားဟင်းရရင် မကပ်တော့ဘူးဟု စိတ် ထဲ၌ တွေးထားလေ၏။
တစ်နေ့ ဆရာဘုန်းကြီးသည် ညနေချမ်းအခါ၌ စင်္ကြံလျှောက်နေစဉ် ဖွတ်တစ်ကောင်သည် မန်ကျည်း ပင်ပေါ်သို့ တက်သွားလေ၏။
ဆရာဘုန်းကြီးလည်း အနီးရှိ ကပ္ပိယအားခေါ်ကာ မန်ကျည်းကိုင်းအား ရေ ခိုင်းလေ၏။ ကပ္ပိယမှလည်း ရေတွက်ရာ ကိုးကိုင်းရှိသ ဖြင့် ကိုးကိုင်းပါဘုရားဟု လျှောက်ထားရာ သုံးကြိမ် တိုင်တိုင် ပြန်ရေခိုင်းပါမှ ဖွတ်ကိုမြင်တွေ့၍ သြော် ဒါ ကြောင့်ကိုးဟု သဘောပေါက်လေ၏။
ဒါနှင့် ဆရာ ဘုန်းကြီးလည်း ကပ္ပိယအား ''အေးအေး သတ္တဝါတွေ ကို သတ်လား ဘာလားလုပ်မနေနဲ့ကြားလား''ဟု
ကပ္ပိယလည်း ၄င်းဖွတ်အား လုပ်သင့်သည်များကိုပြုလုပ်၍
စားပြီးခါမှ နံနက်ကျ ဆရာ ဘုန်းကြီးအား မည်သို့ဖြေရှင်းရမည်ကိုစဉ်း
အနီးရောက်သည်နှင့် ကပ်မည်အပြု အိုးကိုဖွင့်ရာ ခြင်တို့သည်ပျံသန်းကြ၍ အိုးထဲ၌ ဘာဟင်းမှမရှိသည်ကို တွေ့ရလေ၏။
''ကပ္ပိယကြီး ဟင်းတွေဘယ်ရောက်ကုန်လဲ''။
''မှန်ပါ တပည့်တော် ညက သေချာချက်ပြီးထား ခဲ့တာပါဘုရား ဧကန္တ ဖွတ်သားဟင်းတွေကို စော စောက ခြင်တွေ စားပစ်တာဖြစ်နိုင်ပါတယ်ဘုရာ
ဆရာဘုန်းကြီးသည်လည်း အတွေးအခေါ်ဥာဏ် ပညာနည်းရုံမက ရသတဏှာ၏ စေစားရာသို့လိုက်မိ သည်ဖြစ်ရာ ဘုန်းကြီးဘုဉ်းမယ့်ဟင်းကိုမ
တစ်နေ့ ဆရာဘုန်း ကြီးနဖူး၌ ခြင်သည် သွေးစုပ်နေလေ၏။ သူ၏ဖွတ် သားများကို စားသောခြင်အား စိတ်ဆိုးသည်ဖြစ်၍ အနီးရှိ ကပ္ပိယကြီးအား ဆုံးမစေရန် ''ဟဲ့ ကပ္ပိယ ငါ့ နဖူးမှာ ..ခြင်. ခြင်..''ဟု ပြောရာ ကပ္ပိယလည်း ဘာမပြောညာမပြောနှင့် အနီးရှိ ကြေးစည်ရိုက်သော တုတ်ကိုယူကာ ရိုက်ချလိုက်လေ၏။
ကြီးမားသောကြေး စည်တုတ်၏လေအဟုန်ဖြင့် ခြင်သည်ပျံသွားပြီး ကြေး စည်တုတ်ဖြင့် အရိုက်ခံရသောဆရာဘုန်းကြီးမှ
သင်ခန်းစာယူဖွယ်ကောင်းပေ၏။
မိမိစားသည့်ရသတဏှာပေါ်၌ အခြားသူများစား ရမည်လားဟု လောဘပေါ်၌ ဒေါသဆင့် ဒေါသပေါ် ၌ ဒီဒေါသဟာလည်းဖြစ်ပြီးပျက်တာ
တဏှာ၏ကြောက်စရာကောင်းပုံနှင
ငါးရာငါးဆယ်ဇာတ်ဝတ္ထု၊ အတ္တကာမဝဂ်၊ မကသ ဇာတ်၌ ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် မဂဓတိုင်း၊ တစ်ခုသော ပစ္စန္တရစ်ရွာကလေးမှာ အသိဥာဏ်နည်း ပြီး မှက်ခြင်တို့ကိုစစ်တိုက်သော
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းအုပ်ချုပ်စဉ်အခါ
တစ် နေ့ ကာသိတိုင်းမှ မထင်ရှားသော ရွာလေးတစ်ရွာသို့ ရောက်သွားလေရာ ခရီးပန်းသဖြင့် ဇရပ်တစ်ခု၌အပန်း ဖြေနေစဉ် မထင်မှတ်စရာ အကြောင်းတစ်ခုကို မြင်ရ လေ၏။ ထိုအကြောင်းကားအခြားမဟုတ်။ ဘုရားအ လောင်း ရောက်နေသောရွာသည် တစ်ရွာလုံး လက် သမားပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြု၏။
သား အဖနှစ်ယောက်လည်း ခုတ်လှဲထားသောသစ်ကို ဖြောင့် တန်းချောမွေ့စေရန်နှင့် လိုချင်သော အနေအထားသို့ ရောက်ရန် သစ်ကိုရွေ၏။
ဖခင်ဖြစ်သူမှ သစ်ကိုရွေနေ စဉ် တစ်ကောင်သော မှက်ခြင်သည် ပြောင်နေသော ဦးခေါင်းပေါ်၌နား၍ နှုတ်သီးဖျားဖြင့်ထိုးကာ သွေးကို စုပ်ယူလေ ၏။
ဖခင်ဖြစ်သူသည် လက်မအားသည် ဖြစ်၍ အနီးရှိသားဖြစ်သူအား ''သားအဖေ့ခေါင်းမှာ မှက်ခြင်ကိုက်နေတယ် မောင်းပေးရိုက်ပေးစမ်းပါ'' လို့ ပြောလိုက်ရာ သားဖြစ်သူလည်း အဖေဖြစ်သူအား ဒီမှက်ခြင်သည် ကိုက်ရမလားဟုဒေါသဖြစ်ကာ ''အ ဖေ ခဏစောင့်''ဆို၍ အနားရှိပုဆိန်ကိုယူ၍ ဖခင် ခေါင်းပေါ်၌ ကိုက်နေသော မှက်ခြင်အား ခုတ်သတ် လေ၏။
မှက်ခြင်သေမသေတော့မသိ၊ အသိဥာဏ်ပညာ နည်းပါးသော သား၏လက်ချက်ဖြင့် ဖခင်သည် ဦးခေါင်း နှစ်ခြမ်းကွဲ၍ သေရလေ၏။
ဘုရားအလောင်းသည် ထိုသားအဖနှစ်ယောက်၏ အဖြစ်အပျက်ကိုကြည့် ကာ အတွေးအခေါ်ဒဿနတစ်ခု ရသွားလေ၏။
သေယျော အမိတ္တော မတိယာ ဥပေတော၊
နတွေဝ မိတ္တော မတိဝိပ္ပဟီနော။ မကသံ ဝမိဿန္တိ ဧဠမူဂေါ၊ ပုတ္တော ပိတု အဗ္ဘိဒါ ဥတ္တမင်္ဂံ။
မတိယာ၊ ပညာနှင့်။
ဥပေတော၊ ပြည့်စုံသော။
အမိတ္တော၊ ရန်သူသည်။
သေယျော၊ မြတ်သေး၏။
မတိ ဝိပ္ပဟီနော၊ ပညာမှကင်းသော။
မိတ္တော၊ အဆွေခင်ပွန်း သည်
နတွေဝသေယျော၊ မမြတ်သည်သာလျှင်တည်။
ဧဠမူဂေါ၊ တံတွေးယိုသော ခံတွင်းရှိသော သူမိုက်သည်။
ပုတ္တော၊ သားဖြစ်လျက်လည်း။
မကသံ၊ မှတ်ခြင်ကို။
ဝမိဿံ၊ သတ်အံ့။
ဣတိ၊ ဤသို့နှလုံးသွင်း ၍။
ပိတု၊ အဖ၏
ဥတ္တမင်္ဂံ၊ ဦးခေါင်းကို
အဗ္ဘိဒါ၊ နှစ်စိတ်ခွဲ၏။
ရန်သူပင်ဖြစ်ပါစေ အသိဥာဏ်ပညာအတွေး အခေါ်ရှိလျှင် မြတ်၏။
ပေါင်းသင်းထိုက်၏။ အသွေး အသား၊ မိတ်ဆွေပင်ဖြစ်ပါစေ အသိဥာဏ်ပညာ အ တွေးအခေါ် မရှိလျှင် မမြတ် မပေါင်းသင်းထိုက်။
ထိုစကားသည်အမှန်ပင်ဖြစ်ပေ၏။
#TheYangonTimes
No comments:
Post a Comment