စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဆုတောင်းနေသော လက်များ



၁၅ ရာစုအချိန်တွင် ဂျာမနီပြည် နူရင်ဘတ်မြို့အနီးရှိ ရွာငယ် တစ်ရွာတွင် သားသမီး ၁၈ ယောက်ရှိသော မိသားစု တစ်ခု နေထိုင်သည်၊ ဖခင်မှာ ရွှေ ပန်းထိမ်ဖြင့် အသက်မွေးသည်။ မိသားစု စားဝတ်နေရေး အတွက် တနေ့လျင် ၁၅ နာရီ အလုပ် လုပ်ရသည့် အပြင် ငွေပို ရရန် အိမ်နီးနားချင်းများ ခိုင်းသမျှကိုလည်း လုပ်ကိုင်ပေးရသည်။

ဤသို့ အဆင်မပြေမှုများကြားမှ သားအကြီး ၂ ဦးမှာ နူရင်ဘတ်ရှိ အနုပညာကျောင်းကို တက်လိုကြသည်။ သို့သော် ဖခင် ဖြစ်သူက ကျိန်းသေ ငွေကြေး မထောက်ပံ့နိုင်သည်ကို သိထားကြသည်။

သူတို့၏ အိပ်မက် အတွက် နည်းလမ်း ရှာကြသည်။ တစ်ဦးက ကျောင်းတက်နေစဉ် တစ်ဦးက ထောက်ပံ့သည့် စနစ်ကို သဘောတူကာ မည်သူက အရင် တက်ရမည်ကို အလွယ်ကူဆုံးသော ငွေ အကြွေစေ့ဖြင့် ခေါင်းပန်း လှန်ကာ ဆုံးဖြတ်လိုက်ကြသည်။ Albert မှာ ရူံးနိမ့်သွားသဖြင့် Albrecht ကို နူရင်ဘတ်ရှိ အနုပညာကျောင်းတွင် တက်ရောက်နိုင်ရန် လေးနှစ် တိတိ အန္တရာယ်များသော မိုင်းတွင်းထဲတွင် အလုပ် ကြိုးစား လုပ်ကိုင်ကာ ထောက်ပံ့ပေးခဲ့သည်။

Albrecht မှာ ကျောင်းတွင် သင်ယူနေစဉ် ကတည်းကပင် အခြား ကျောင်းသားများနှင့် ပါမောက္ခများထက် ကောင်းမွန်သော အနုပညာ လက်ရာများကို ဖန်တီးနိုင်ခဲ့သည်။ ထိုကြောင့် သင်တန်းဆင်းသည်နှင့် သူ၏ လက်ရာများကို ရောင်းချပြီး ငွေအတော် အတန် ရှာဖွေနိုင်သော အဆင့်ကို ချက်ချင်းပင် ရောက်လာခဲ့သည်။

၎ နှစ်အပြီး သူအိမ်သို့ ပြန်လာသော အထိမ်းအမှတ် အဖြစ် ညစာ စားပွဲ တစ်ခု ကျင်းပပေးကြသည်။ ညစာ စား၍ အပြီးတွင် Albrecht က
"ကျွန်တော် အခုလို အောင်အောင်မြင်မြင် ပညာသင်နိုင်တာ မိသားစုရဲ့ ကျေးဇူးကြောင့်ပါ။ အထူးသဖြင့် Albert ကြောင့်ပါ။ သူဟာ မိုင်းတွင်းထဲမှာ အလွန် ပင်ပန်း ဆင်းရဲစွာ ၄ နှစ် အလုပ် လုပ်ပြီး ကျွန်တော့ကို ထောက်ပံ့ခဲ့ပါတယ်။ သူ အခုတော့ နူရင်ဘတ်က အနုပညာကျောင်းမှာ စိတ်အေးလက်အေး သွားတက်နိုင်ပါပြီ။ သူ့ကို ကျွန်တော် ပြန်ထောက်ပံ့ဖို့ အလှည့် ရောက်လာပါပြီ။"

ထိုအခါ Albert က ညင်သာစွာ ခေါင်းခါလျက်:
"ငါ့အတွက်တော့ နောက်ကျသွားခဲ့ပါပြီ။ ငါ့ရဲ့ လက်ချောင်းတွေဟာ မိုင်းထဲမှာ ရတဲ့ ဒဏ်ရာတွေနဲ့ ပုံမှန် မဟုတ်တော့ဘူး။ အရိုးအဆစ် ကိုက်ခဲတဲ့ ဝေဒနာကိုလည်း ခံစားနေရတယ်။ စုတ်တံကို ကိုင်ပြီး လှပတဲ့ ကောက်ကြောင်း တစ်ခုကို ရေးဆွဲဘို့ မပြောနဲ့၊ ဒီ ဖန်ခွက်ကိုတောင် မနည်း ကိုင်နေရတယ်။ ဒါပေမဲ့ မင်း စိတ်မကောင်း မဖြစ်ပါနဲ့၊ မင်းအတွက်ငါ ဂုဏ်ယူပါတယ်။" ဟုဆိုလိုက်သည်။

Albrecht မှာလည်း အလွန် စိတ်မကောင်းဖြစ်ကာ သူ့အတွက် ရင်းနှီး ပေးဆပ်ခဲ့သော ညီအကို ဖြစ်သူ၏ ဒဏ်ရာများဖြင့် သိမ်ဖျင်းနေသော လက်ချောင်း အစုံကို ထောင်လျက် အနေအထားဖြင့် ပန်းချီကား တစ်ချပ်ကို အချိန်ယူကာ ရေးဆွဲခဲ့ပြီး ယင်းကို "လက်များ" ဟု နာမည် ရိုးရိုးလေး ပေးခဲ့သည်။ နောင်တွင် နာမည် ကျော်ကြားသော ပန်းချီကား တစ်ချပ်ဖြစ်လာခဲ့ပြီး "ဆုတောင်းနေသော လက်များ" ဟူသော အမည်ဖြင့် ပြောင်းခေါ်ခဲ့ကြသည်။

(Albrecht Durer ၏ လက်ရာ ပန်းချီကား အများစုမှာ အလွန်ကျော်ကြားခဲ့ပြီး ယနေ့တိုင် အမြတ်တနိုး သိမ်းဆည်းထားကြသည်။)

ထိုကြောင့် ဘဝ အောင်မြင်သူ တစ်ဦးဖြစ်ရန် ကောင်းမွန်သော ထောက်ပံ့မှု့လိုအပ်ပါသည်။ သင် တစ်ဦးတည်း အကူအညီ လိုအပ်နေတတ်သည် မဟုတ်ပါ။ မိမိကို ကူညီခဲ့သူ၏ ကျေးဇူးကို သိတတ်ရန် လိုအပ်ပါသည်။ ။

Ref : wiki
လူပိန်း (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.171647766211817/881575365219050/?type=1&theater 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...