စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဂျပန်တွေဆီက နည်းနည်းလောက် သင်ယူလိုက်ရအောင်


၁ - ဂျပန်ကလေးငယ်တွေဟာ ဆရာတွေနဲ့အတူ ကျောင်းအိမ်သာ သန့်ရှင်းရေးကို နေ့စဉ်နေ့တိုင်း ၁၅ မိနစ် လုပ်ရတယ်ဆိုတာ သင် သိပါသလား။ ဒီလိုနဲ့ မိမိကိုယ်ကို နှိမ့်ချပြီး သန့်ရှင်းမှုကို အလေးထားတဲ့ ဂျပန်မျိုးဆက်ကို မွေးထုတ်ခဲ့ပါတယ်။

၂ - ဂျပန်မှာ ခွေးပိုင်ရှင်တိုင်း လမ်းသွားရင် ခွေးအညစ်အကြေး သိမ်းဖို့ အိတ်တလုံး အမြဲဆောင်ထားရတယ်ဆိုတာ သင် သိပါသလား။ ကျန်းမာရေးနဲ့ သန့်ရှင်းရေးဟာ ဂျပန် လူမှုကျင့်ဝတ်ရဲ့ အစိတ်အပိုင်း တခုပါ။

၃ - ဂျပန်မှာ သန့်ရှင်းရေးလုပ်သားတွေကို “ကျန်းမာရေး အင်ဂျင်နီယာ”လို့ ခေါ်ပြီး သူတို့ဟာ ၁ လ ကို အမေရိကန်ဒေါ်လာ ၅၀၀၀ ကနေ ၈၀၀၀ အထိ လစာရတာကို သင် သိပါသလား။ “ကျန်းမာရေး အင်ဂျင်နီယာ” ခေါ်တဲ့ သန့်ရှင်းရေးအလုပ်သမားဖြစ်ဖို့ ရေးဖြေ နူတ်ဖြေ စစ်ဆေးမှုတွေနဲ့ စိစစ်ပါတယ်။

၎ - ဂျပန်နိုင်ငံမှာ သဘာဝသယံဇာတ လုံးဝမရှိတာကို သင် သိပါသလား။ ဒီအပြင် နှစ်စဉ် မြေငလျင်လှုပ်မှု ရာချီဖြစ်ပွားလေ့ရှိပါတယ်။ သို့ပေမယ့် ဂျပန်ဟာ ကမ္ဘာ့တတိယ စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံဖြစ်ပါတယ်။

၅ - ဟီရိုရှီးမားကို အဏုမြူဗုံးကျပြီးနောက် ၁၀ နှစ်အတွင်း ယခင်အတိုင်း စီးပွားရေးအားကောင်းတဲ့မြို့ ပြန်ဖြစ်လာခဲ့တာကို သင် သိပါသလား။

၆ - ဂျပန်မှာ ရထားပေါ်၊ စားသောက်ဆိုင်တွင်းနဲ့ အဆောက်အအုံများအတွင်းမှာ လက်ကိုင်ဖုန်း မသုံးရဘူးဆိုတာကို သင် သိပါသလား။

၇ - ဂျပန်ကျောင်းသားတွေဟာ မူလတန်း ပထမ ၆ နှစ် အတွင်း အများနဲ့ဆက်ဆံရာမှာ လိုက်နာသင့်တဲ့ ကျင့်ဝတ်တွေ သင်ယူရတယ်ဆိုတာကို သင် သိပါသလား။

၈ - ဂျပန်တွေဟာ ချမ်းသာကြွယ်ဝသူတွေဖြစ်ကြပေမယ့် အိမ်စေမထားဘူးဆိုတာကို သင် သိပါသလား။ အိမ်မှုကိစ္စနဲ့ သားသမီးပြုစုစောင့်ရှောက်ရေးဟာ မိဘများရဲ့တာဝန်ဖြစ်တယ်လို့ ခံယူကြပါတယ်။

၉ - ဂျပန်ပညာရေးမှာ မူလတန်း ပထမ ၃ နှစ်အတွင်း စာမေးပွဲစစ်ဆေးခြင်းလုံးဝမရှိဘူးဆိုတာ သင် သိပါသလား။ ပညာရေးရဲ့ရည်ရွယ်ချက်ဟာ စာမေးပွဲစစ်ဆေးခြင်း၊ အယူဝါဒသွတ်သွင်းခြင်းတို့မဟုတ်ဘဲ ခံယူချက်သဘောထားနဲ့ အကျင့်စာရိတ္တ ဆောက်တည်ရေးဖြစ်တယ်လို့ ခံယူကြလို့ ဖြစ်ပါတယ်။

၁၀ - ဂျပန်နိုင်ငံမှာ ရထားနောက်ကျနူန်း ၁ နှစ်မှာ ၇ စက္ကန့်လောက်ပဲရှိတာကို သင် သိပါသလား။ ဂျပန်တွေဟာ အချိန်ကို တန်ဖိုးထားသူတွေဖြစ်ပြီး အချိန်တိကျရာမှ မိနစ် စက္ကန့်ပိုင်းအထိ တိကျကြတယ်။

၁၁ - ဂျပန်ကျောင်းသားတွေဟာ ကျောင်းမှာ အစာစားပြီးတိုင်း သွားတိုက် ခံတွင်းသန့်ရှင်းရေး လုပ်ကြတာ သင် သိပါသလား။ ကျန်းမာရေး အရေးကြီးခြင်းနဲ့ ကျန်းမာရေးကို ဂရုစိုက်ကြဖို့ ငယ်စဉ်ကတည်းက လေ့ကျင့်သင်ကြားပေးပါတယ်။

၁၂ - ဂျပန်ကျောင်းသားတွေဟာ ကောင်းမွန်စွာအစာခြေနိုင်စေဖို့ အစာကို မိနစ် ၃၀ အချိန်ယူ စားသောက်ရတယ်ဆိုတာ သင်သိပါသလား။ ဘာကြောင့် ဒီလောက်အသေးစိတ်ဂရုစိုက်ရသလဲလို့မေးတဲ့အခါ “ကျောင်းသားလူငယ်တွေဟာ ဂျပန်နိုင်ငံရဲ့ အနာဂတ်ဖြစ်လို့ပါပဲ”လို့ ပြောကြတယ်။

(Credit - Team Fakkir)


https://www.facebook.com/NewsWatchJournal/photos/a.343944972309977.69916.343

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...