စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဘာကြောင့် မြန်မာပြည်ကိုသွားလည်ဖို့ လိုအပ်သလဲ



ကမ္ဘာလှည့်ခရီးသွားများ အနေနဲ့ စစ်တပ်အုပ်ချုပ်မှုအောက် မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရတဲ့ မြန်မာပြည်ကို ဘာကြောင့် သွားရောက်လည်သင့်တယ်ဆိုတာ Bloomberg စီးပွားရေး သတင်းဌာနကြီးက အခုလို ဓာတ်ပုံတွေနဲ့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ မြန်မာပြည်ကို ကမ္ဘာလှည့်ခရီးသွား ၃သန်း လာရောက် ခဲ့ပြီး ဒီနှစ်မှာတော့ ၅သန်းအထိ လာရောက်မယ်လို့ မျှော်မှန်းထားတယ်လို့ ပါတယ်။ Bloomberg သတင်းဌာနက ဖော်ပြတဲ့ ဓာတ်ပုံတွေထဲမှာတော့ ရိုးရာသင်္ကြန်၊ မြိတ်ကျွန်းစု၊ ပြင်ဦးလွင်က ဈေး၊ အမရပူရက ငါးဖမ်းနေတဲ့ရေလုပ်သားများ၊ ၀င်းစိန်တောရက ကမ္ဘာအကြီးဆုံးလျောင်းတော်မူ မြတ်စွာဘုရား၊ ပုဂံ၊ အမရပူရ ဦးပိန်တံတား၊ ကျိုက်ထီးရိုးစေတီတို့ ပါဝင်ပါတယ်။
https://www.facebook.com/IrrawaddyBurmese/posts/978820428828776

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...