စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အမေရိကန်တွင် Facebook Message ကနေ သူငယ်ချင်းကို ငွေပေးလို့ရပြီ



Facebook Mesage, Chat ကနေ နေပြီးတော့ မိတ်ဆွေ သူငယ်ချင်းများကို ငွေပေးလို့ ရပါပြီ။ မိတ်ဆွေသူငယ်ချင်းမဟုတ်လည်း Message ပို့လို့ရတဲ့ လူအချင်းချင်း လူကနေ Page, Page ကနေ လူ တို့ ပို့လို့ ရမှာ ဖြစ်ပါတယ်။

Message box, Chat box တို့မှာ emotion icon ဘေးမှာ ဒေါ်လာ လက္ခဏာ လေး ပါဝင်ပြီး သူ့ကို နှိပ်လိုက်ပြီးတော့ ကိုယ်ပေးချင်တဲ့ လွဲချင်တဲ့ ငွေပမာဏကို ရိုက်ထည့်ရပါမယ်။ ပြီးရင် send ကို နှိပ်လို့ ပို့နိုင်ပါပြီ။ အော်.. ကြားထဲမှာ pin code သို့မဟုတ် touch ID နဲ့ လုံခြုံရေး အလွှာခံပေးထားပါ အုံမယ်။ တော်ကြာ ကိုယ့်ဖုန်းကို သူများက ယူပြီးတော့ ပို့တာမျိုးတို့ ဖြစ်မှာ စိုးတာကြောင့် ဖြစ်ပါယ်။ လောလောဆယ် အမေရိကန်မှာ VISA နဲ့ MasterCard တို့ဖြင့် သုံးနိုင်မှာ ဖြစ်ပါတယ်။

အမေရိကန်မှာ အသုံးပြုလို့ ရနိုင်နေပြီ ဖြစ်ပြီး အခြားနိုင်ငံတွေမှာ ရမယ် မရမယ် ဆိုတာကတော့ မသိသေးပါဘူး။ ငွေလွဲမှုအတွက် Facebook က ဘာဝန်ဆောင်ခမှ မယူပါဘူး။ ငွေကြေးဆိုင်ရာ အခက်အခဲ တစ်ခုကို ကူညီဖြေရှင်းပေးရုံသာ ဖြစ်ပြီး Peer to Peer လို့ခေါ်တဲ့ ငွေ တိုက်ရိုက် ရောက်တဲ့ စနစ် ဖြစ်ပါတယ်။ ကြားမှာ ဘယ်အဆင့်မှ မခံပါဘူး။ ငွေဟာ ၃ ရက်အတွင်း ရောက်ကြောင်း ဆိုပါတယ်။

  ငွေကြေး feature အတွက် Facebook မှာ လုံခြုံရေးအဖွဲ့ သီးသန့်ထားရှိပြီး အမြဲတမ်း ကူညီ ထိန်းချုပ်ပေးသွားမှာ ဖြစ်ကြောင်း ဆိုပါတယ်။ သတင်း အသေးစိတ်ကို http://www.theverge.com/2015/3/17/8235781/facebook-messanger-payments-send-receive-money မှာ ဖတ်ကြည့်နိုင်ပါတယ်။
.
Ref: verge
အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.17164

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...