- ငါးဖယ်ခြစ် – ၃၀ ကျပ်သား (ဆုံထောင်းဖြင့် ထောင်းထားပေးပါ)
- ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
- ကြက်ဥ (အကာ) – ၁လုံး
- ဂျင်း – စားပွဲတင်ဇွန်း ၃ပုံ၁ပုံ (ညက်အောင် ထောင်းပါ)
- ဆား – လက်ဖက်ရည်ဇွန်း တ၀က်
- သကြား – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
- ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ အရှည်လှီးပါ)
- ငရုတ်သီးစိမ်း –၂တောင့် (ထက်ခြမ်းခြမ်းပါ)
- ကြက်သွန်နီ – တ၀က် (နှုတ်နှုတ်စဉ်းပါ)
- ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်ဆင်းပါ)
- ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း တ၀က်
- သစ်ဂျပိုး – ၁ခု
- ဖာလာစေ့ – ၄စေ့
- ဇီယာ – လက်ဖက်ရည်ဇွန်း တ၀က်
- ကလဝေရွက် – ၁ရွက်
- ဆား – လက်ဖက်ရည်ဇွန်း တ၀က်
- ဆွမ်းအုပ် ဟင်းခတ်မှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
- နံနံပင် – စားပွဲတင်ဇွန်း ၂ဇွန်းစာ (ပါးပါးလှီးပါ) (optional)

ထမင်းမြိန်စေမယ့် ငါးဖယ် ဆီပြန်ဟင်းလေးပါ။ အရင်ဆုံး ငါးဖယ်ကို ကြော်ပြီမှ ကလဝေရွက်၊ သစ်ဂျပိုး၊ ဖာလာ၊ ဟင်းခတ်အမွှေးအကြိုင် တွေနဲ့ ငါးဖယ်ကို ဆီပြန်လေး ချက်ထားတာပါ။ အရသာရော၊ အနံ့ပါ ထူးခြားကောင်းမွန်တာမို့ တကယ်ကို ထမင်းမြိန်စေမယ့် ဟင်းလျာတစ်ခုပါ။ ခုပဲ တူတူ လုပ်စားကြည့်ရအောင်…
ငါးဖယ်ကြော်ရန် ပါဝင်ပစ္စည်းများ

ကြော်နည်း
၁။ အရင်ဆုံး ပန်းကန်လုံးထဲ (ငါးဖယ်၊ ကြက်ဥ၊ ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်သီးမှုန့်၊ ဂျင်း) တို့ကို သမအောင် ရောနုယ်ပေးပါ။

၂။ ပြီလျှင် ပုံတွင်ပါသည့်အတိုင်း ငါးဖယ်ကို ၁လက်မခွဲအရွယ် အ၀ိုင်းပြားများ ပြုလုပ်ပေးပါ။ (ငါးဖယ် မကပ်အောင် လက်ကို ဆီသုပ်ပြီမှ ပြုလုပ်ပါ)

၃။ ထို့နောက် ဒယ်ထဲ ဆီများများထည့်ပြီ ဆီပူလာလျှင် ငါးဖယ်များကို ရွှေညိုရောင် သန်းသည်အထိ ကြော်ပေးပါ။ ငါးဖယ်များ ဖောင်းတက်ပါလိမ့်မည်။

၎။ ပြီနောက် ငါးဖယ်များကို ပန်းကန်တစ်ခုထဲတွင် ပြန်ဆယ်ထားပေးပါ။

ချက်ပြုတ်နည်း
၁။ အရင်ဆုံး ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၄ဇွန်း)ထည့်ပြီ ဆီပူလာလျှင် (ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ သစ်ဂျပိုး၊ ကလဝေရွက်၊ ဇီယာ၊ ဖာလာစေ့) တို့ကို ၁မိနစ်ခန့် ရောမွှေပေးပါ။
၂။ ပြီမှ ငရုတ်သီးမှုန့်၊ ခရမ်းချဉ်သီး တို့ကို ထည့်ပြီ ၁မိနစ်ခန့် ထပ်မွှေပေးပြီ ရေ(၂ခွက်) ထည့်ကာ အဖုံးအုပ်ပြီ ခရမ်းချဉ်သီးများ ပြဲသည်အထိ တည်ထားပါ။

၃။ ခရမ်းချဉ်သီးများ နူအိလျှင် ရေတ၀က်ကျန်လျှင် ငါးဖယ်ကြော်၊ ဆား၊ ဟင်းခတ်မှုန့် ထည့်ပြီ ဆီပြန်သည် အထိ ထပ်တည်ထားပါ။

၎။ ငါးဖယ်ဟင်းဆီပြန်လာလျှင် အပေါ်မှ နံနံပင်အုပ်ပြီ အရသာရှိသော ငါးဖယ် ဆီပြန်ဟင်းကို သုံးဆောင်လို့ရပါပြီ…

No comments:
Post a Comment