စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မိနစ် ၁၀၀ ပဲ အသက်ရှင်ပြီး သူရဲကောင်းအဖြစ် ပြန်ထွက်ခွာသွားသူလေး


ဗြိတိန်က ဂျက်စ်အီဗန်နဲ့ မိုက်ဟူစတန်တို့ စုံတွဲဟာ သူတို့ အမွှာကလေးနှစ်ယောက် ရရှိမယ်လို့ သတင်းကောင်း ကြားရပြီး သိပ်မကြာခင်မှာပဲ သတင်းဆိုးတစ်ခုကို လက်ခံရရှိခဲ့ပါတယ်။ ဒါကတော့ မွေးလာမယ့် သားလေးနှစ် ယောက်ထဲက တစ်ယောက်ဟာ အခြေအနေ သိပ်မကောင်းဘဲ မိနစ်အနည်းငယ်သာ အသက်ရှင်မယ်ဆိုတာပဲ ဖြစ်ပါတယ်။

ဆရာဝန်က သူတို့စုံတွဲကို 4D စကရင် ကြည့်ရှုခိုင်းခဲ့ပြီး ကံဆိုးရှာတဲ့ သားလေးရဲ့ ဦးခေါင်းခွံပုံမှန် မဟုတ်တဲ့ အနေအထားကို ပြသခဲ့ပါတယ်။ ဆရာဝန်က သူတို့စုံတွဲကို နောက်ထပ်ရွေးချယ်စရာတစ်ခုအနေနဲ့ အဲဒီကလေး ကို မမွေးခင်ဘဲ ဖျက်ချရလည်း ရနိုင်တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် မိခင်လောင်းပီသတဲ့ ဂျက်စ်ကတော့ သားလေး လူ့လောကမှာ မိနစ်အနည်းငယ်လောက် အသက်ရှင်မယ်ဆိုရင်လည်း ကျေနပ်ပါတယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ရအောင် မွေးမယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ တက်ဒီလို့ နာမည်ပေးခဲ့တဲ့ အဲဒီကံဆိုးသူ ကလေးလေး ကို ဂျက်စ်နဲ့ မိုက်တို့ စုံတွဲက စစ်မှန်တဲ့ သူရဲကောင်းတစ်ဦး ဖြစ်လာအောင် လမ်းကြောင်းပေးခဲ့ပါတယ်။

ဒါပေမယ့် အချိန်အနည်းငယ်လောက်ပဲ အသက်ရှင်တော့မယ့် တက်ဒီလေးကို အမည်မသိ အလှူရှင်တစ်ဦး အတွက် ကျောက်ကပ်နဲ့ နှလုံးအဆို့ရှင် အလှူ ရှင်အဖြစ် စာရင်းသွင်းလိုက်တာပဲ ဖြစ်ပါတယ်။ တက်ဒီလေးဟာ သူသေဆုံးပြီး သုံးမိနစ်အကြာမှာတော့ ဗြိတိန်ရဲ့ အသက်အငယ်ဆုံး ကိုယ်အစိတ်အပိုင်း လှူ ဒါန်းသူအဖြစ် တရားဝင်ခဲ့ပါတော့တယ်။ ဂျက်စ်နဲ့ မိုက်တို့ စုံတွဲကတော့ တက်ဒီလေးရဲ့ ဥပမာဟာ သူတို့လိုပဲ ရင်သွေးမွေးဖွား ပြီး မကြာခင်မှာပဲ ပြန်လည်ဆုံးရှုံးရမယ်ဆိုတာမျိုး ကြုံလာရနိုင်တဲ့ မိဘတွေအတွက် အကောင်းဆုံးစံထားစရာ ဖြစ်လာလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

တက်ဒီဟာ ဂျက်စ်တို့စုံတွဲရဲ့ သားအငယ်ဖြစ်ပြီး တက်ဒီနိုအာဟူစတန်က နာမည်အပြည့်အစုံ ဖြစ်ပါတယ်။ အရင်မွေးဖွားခဲ့တဲ့ သားအကြီးရဲ့နာမည်ကတော့ နိုအာတက်ဒီဟူစတန်ပဲ ဖြစ်ပါတယ်။ ဂျက်စ်နဲ့ မိုက်တို့ စုံတွဲဟာ တက်ဒီလေးရဲ့ အုတ်ဂူကိုလည်း ပြုလုပ်ထားကြပြီး တွစ်တာမှာလည်း တက်ဒီနာမည်နဲ့ အကောင့်ပြုလုပ်ထားသလို “ ပျော်စရာမွေးနေ့ ဖြစ်ပါစေ၊ နိုအာနဲ့ တက်ဒီရေ...မင်းတို့တွေ အမြဲတမ်း ညီအစ်ကို ဖြစ်နေမှာပါ” လို့ ရေးသားခဲ့ပါတယ်။

PlanetMyanmar

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12061627

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...