စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင့်လက်ရှိအလုပ်ကနေပြောင်းဖို. သေချာစေတဲ့အချက် (၃)ချက်




၁။ နာရီကိုအမြဲကြည့်တတ်နေပါပြီ
- အလုပ်မှာ အချိန်တွေကုန်တာနှေးလွန်းတယ်လို.သင်စထင်လာပါပြီ။ နေရတဲ့အချိန်တွေမှာလည်းစိတ်ကမပျော်တော့ဘဲ၊ ပျင်းရိစိတ်ညစ်ရာကနေ အိမ်ပြန်လို.ရမယ့်အချိန်ကိုပဲ မျှော်လင့်နေပါမယ်။

၂။ ခေါင်းအေးလွန်း (သို.) ခေါင်းပူလွန်းသလိုခံစားလာရပါတယ်။
- လုပ်ရတဲ့အလုပ်က လွယ်လွန်းတယ် (ဒါမှမဟုတ်) ခက်လွန်းတယ်လို.ထင်လာပါမယ်။ ဘာစိတ်လှုပ်ရှားစရာမှမရှိတော့ဘဲ ပျင်းစရာကောင်းတယ်လို.ထင်လာပြီး ၀င်ငွေရတာမှန်ပေမယ့် ငါ့ဘ၀ကဒီအလုပ်လုပ်ရင်းနဲ.ပဲကုန်ဆုံးရမှာလား ဆိုတဲ့အတွေးမျိုးတွေတွေးမိလာပါတယ်။၁၀တန်းကျောင်းသားတစ်ယောက်က ၄တန်းသင်ခန်းစာတွေလုပ်နေရသလို ဘာမှတိုးတက်လာစရာမရှိဘူးလို.လည်းထင်လာပါမယ်။ ဒါမှမဟုတ်ရင်လည်း ၄တန်းကလေးကို ၁၀တန်းစာတွေလုပ်ခိုင်းသလို အရမ်းကိုပင်ပန်းဒုက္ခဖြစ်နေပါမယ်။ ၀န်ပိနေပေမယ့်လည်း ကိုယ်လုပ်နိုင်တယ်လို.ဟန်ဆောင်နေရာကနေ ကြာတော့ဘယ်လိုမှဆက်တောင့်မခံနိုင်တော့ပါဘူး။ အဲ့လိုဆိုရင်တော့ဟန်ဆောင်မနေဘဲ ကိုယ့်ကိုယ်ကိုဝန်ခံပြီး လုပ်သင့်တာလုပ်လိုက်တာအကောင်းဆုံးပါပဲ။

၃။ ကိုယ့်ကိုကူညီဖေးမပြီး နှစ်သိမ့်တဲ့သူက ကိုယ်ကိုယ်တိုင်ပဲရှိပါတော့တယ်။
- ဘယ်သူကမှသင့်ကိုတန်ဖိုးထားလက်ခံပြီး ဂုဏ်ပြုချီးကျူးတာမျိုးမရှိတော့ပါဘူး။ သင့်ကိုသိပ်အလေးမထားတော့တာကိုဆိုလိုတာပါ။ ပိုဆိုးတာက သင့်အပေါ်မကောင်းမြင်တဲ့သူ၊ အဖျက်စကားပြောတဲ့သူတွေပဲ ပတ်ဝန်းကျင်မှာရှိနေပါတော့တယ်။ ကိုယ့်ကိုနှစ်သိမ့်တဲ့သူကလည်းကိုယ်ကိုယ်တိုင်ပဲ၊ ဂုဏ်ပြုချီးမွမ်းတဲ့သူကလည်းကိုယ်ပါပဲ။ အဲ့လိုအခြေအနေမျိုးမှာ ရေရှည်နေပြီး လုပ်ကိုင်နိုင်ဖို.ဆိုတာ အရမ်းကိုခက်ခဲလွန်းသွားပါပြီ။

အပေါ်ကအချက် (၃)ချက်မှာ တစ်ချက်ချက်လောက်စတင်ခံစားမိလာတယ်ဆိုရင်ပဲ သင်ကိုယ့်ကိုယ်ကို သေချာပြန်စမ်းစစ်ဖို.လိုနေပါပြီ။ (၃)ချက်လုံးကိုက်ညီနေတယ်ဆိုရင်တော့ မိတ်ဆွေ..... သင် သင့်အရည်အချင်းနဲ.ကိုက်ညီပြီး အလုပ်လုပ်လို.အဆင်ပြေနိုင်တဲ့ပတ်ဝန်းကျင်မျိုးရှိမယ့် အခြားအလုပ်တစ်ခုကိုပြောင်းဖို. စဉ်းစားသင့်တာသေချာသွားပါပြီ။

Wilson Chan (YK)
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...