စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







တိုက်ပွဲဟု ခေါ်သည်



လူတိုင်းဟာ အောင်မြင်လိုက်၊ ရှုံးနိမ့်လိုက်၊ ပျော်ရွှင်လိုက်၊ ဝမ်းနည်းလိုက် တစ်လှည့်စီ ဖြစ်နေတဲ့ ဘဝရဲ့ စစ်မြေပြင်မှာ တိုက်ပွဲဝင်နေကြရတဲ့ လူတွေပါ။

တိုက်ပွဲဝင်ကြရတဲ့ အခိုက်အတန့် အချိန်တိုင်း၊ စက္ကန့်တိုင်း၊ နေရာတိုင်းမှာ
တစ်ဖက်လူကို အနိုင်ပိုင်းနိုင်ဖို့ အလစ်ချောင်းနေကြတဲ့ တစ်ဘဝစာ အချောင်သမားတွေ ရှိတယ်။

သူတစ်ပါးအတွက် မိမိကိုယ်ကျိုးကို စွန့်လွှတ်ပေးကြတဲ့ မေတ္တာတရား ကြီးမားသူတွေရှိတယ်။

ကိုယ့်ဖို့ကို ကြည့်ပြီးနောက် သူများအတွက် တစ်ဆုပ်စာကို ပြန်ကြဲပေးတဲ့သူတွေ ရှိတယ်။

နှစ်ဦး နှစ်ဖက် ညီညီမျှမျှ ညှိုနှိုင်းစားသောက်တဲ့ သူတွေရှိတယ်။

ဘယ်အချက်ကို ဘယ်လိုသုံးသုံး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရှိနဲ့ မတွေမဝေ တိုက်ခိုက်နိုင်ခြင်းက အကောင်းဆုံးပါ။

လူဆိုတာ ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ်၊ ကိုယ့်ခံယူချက်နဲ့ကိုယ် နေကြတာမို့ ကိုယ့်သိက္ခ္ခာကို ထိန်းသိမ်းရင်း ကိုယ်ချင်းစာစိတ်နဲ့ နေထိုင်ခဲ့မယ်ဆိုရင် သူတစ်ပါးကို ထိခိုက်စေမဲ့ လုပ်ရပ်မျိုး လုပ်မိကြတော့မှာ မဟုတ်ပါဘူး။

ဆင်းရဲတဲ့သူလည်း နောက်ဆုံးမှာ ၂ပေ ၆ပေစာ နေရာကို ရကြသလို ချမ်းသာတဲ့သူလည်း ၂ပေ ၆ပေစာ နေရာဘဲ ရကြပါတယ်။ ဘယ်သူကမှ ငါ့မိတ်ဆွေ ငါ့လူကြီး ဖြစ်လို့ပါ ဆိုပြီး ၁ပေ အပိုမပေးလိုက်ကြပါဘူး။

မိမိဘာဘဲ လုပ်လုပ် တစ်မိသားစုတည်းအတွက်၊ တစ်ဦးတစ်ယောက်တည်းအတွက် လုပ်တာ မဟုတ်ဘဲ အများအကျိုးအတွက် စဉ်းစားလုပ်ပေးသွားနိုင်ရင်တော့ ဘဝတိုက်ပွဲကို နောင်တ နည်းနည်း နဲ့ နည်းစနစ်ကျကျ တိုက်ပွဲဝင်သွားနိုင်မှာ အမှန်ပါ။

Credit: Yangon Life

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616274

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...