စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ အတွက် ဒေါ်လာ (၄၀၀၀၀) ပေးရတဲ့ အစားအစာ


အစားအစာတွေ ထဲမှာ ဈေးအကြီးဆုံးက ဘာလဲဆိုတာ ပြောဖို့ ခက်ပေမယ့် လက်ဖက်ဇွန်း တစ်ဇွန်းစာ အတွက် ပေးချေရမယ့် ငွေကြေး က ဒေါ်လာ(၄၀၀၀၀)အထိရှိနေတဲ့ အစား အစာကို ကမ္ဘာ့ ဈေးအကြီးဆုံး အစားအစာအဖြစ် သတ်မှတ်ရ တော့မှာ ဖြစ်ပါတယ်။ အယ်လ်ဘီနို ငါးဥနဲ့ ရွှေအစစ်ကို ရောပြီး ပြုလုပ်ထားတဲ့ အစားအစာပာာ တစ်ကီလိုကို ဒေါ်လာ (၃၀၀၀၀၀) အထိရှိပြီး လက်ဖက်ရည် ဇွန်းတစ်ဇွန်းစာ တန်ဖိုးက ဒေါ်လာ (၄၀၀၀၀) အထိ ရှိနေခြင်း ဖြစ်ပါတယ်။ ငါးဥ ဆားနယ်ကို (၂၂) ကာရက်ရှိတဲ့ ရွှေနဲ့ ရောစပ်ကာ ရောင်းချခြင်း ဖြစ်ပါတယ်။ 

ဒီအစားအစာကို လူချမ်းသာ တွေသာ လာရောက် စားသောက်လေ့ရှိတဲ့ စားသောက်ဆိုင်တွေမှာပဲ ရောင်းချလေ့ရှိ ပါတယ်။ဒီအစားအစာကို စထရိုတာဂါဘီယာ ကိုလို့ ခေါ်ဆိုကြပြီး သြစတြီးယား နိုင်ငံသား ငါးဖမ်းသမား အသက် (၅၁) နှစ်အရွယ်ရှိ ဝေါ်လ်တာဂါရူရယ်က အသက် (၂၅)နှစ်အရွယ် သားဖြစ်သူ ပက်ထရစ်နဲ့ ပြုလုပ် ရောင်းချခြင်း ဖြစ်ပါတယ်။ အယ်လ်ဘီနိုငါးကို ခွဲစိတ်ပြီး ငါးဥတွေ ယူကာ ရွှေတစ်ကီလိုနဲ့ ရောစပ်ကာပြုလုပ်ခြင်း ဖြစ်ပါတယ်။ စုစုပေါင်း ခြောက်ကီလိုသာ ရှိရမှာ ဖြစ်ပြီး အရသာရှိအောင် အခြားအရာတွေ ကိုလည်း ထည့်သွင်းမှု ပြုလုပ်ပါတယ်။ အယ်လ်ဘီနိုငါးပာာ ကက်စပီနာ ပင်လယ် မှာသာ ရှာဖွေတွေ့ရှိ နိုင်တဲ့ ငါးမျိုးဖြစ်ပြီး အလွန်ရှားပါးတယ် လို့ဆိုပါတယ်။ သဘာဝ ပတ်ဝန်းကျင်တွေ ပျက်စီးလာပြီးနောက် ဒီငါးတွေကို တွေ့ရဖို့ အလွန် ခဲယဉ်း သွားပြီ ဖြစ်ပါတယ်။ 

ဒီအစားအစာပာာ သြစတြီးယား နိုင်ငံမှာ အလွန်ကျော်ကြားပြီး ကျန်းမာရေးနဲ့ ညီညွတ်ပြီး ကိုယ်အလေးချိန် ကိုလည်းလျော့ချပေး တယ်လို့ ဆိုထားပါတယ်။ရွှေမူန့်ဖြူး ထာပြီး ပေါင်မုန့်လို အရာမျိုးမှာ လိမ်းကျံစားသုံးတဲ့ အခါ အလွန် အရသာရှိတယ်လို့ သိရပါတယ်။ ပက်ထရစ်က ငါးဥဆားနယ် ကို ရွှေနဲ့ ပြုလုပ်ထား တာကြောင့် အရသာသစ်ကို ခံစားရမည် ဖြစ်ကြောင်း၊ အထူး ပြုလုပ်ထားတဲ့ အစားအစာ ဖြစ်တာကြောင့် အရသာ မြည်းစမ်း လိုသူ တွေအတွက် ဈေးလျော့ ရောင်းပေး သွားမှာ ဖြစ်ကြောင်း၊ ကနဦးဈေးကို ဒေါ်လာ(၁၁၂၀၀၀) သာ သတ်မှတ်ပေး ထားကြောင်း ဆိုခဲ့ပါတယ်။

Messenger

https://www.facebook.com/lyhealthcare/posts/533064356836244 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...