စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အိမ်တွင်းပိုးမွှားလေးတွေကို နှိမ်နင်းတဲ့ အခြေခံအချက်လေးများ

အိမ်တစ်အိမ်မှာ ပိုးမွှားတွေသောင်းကျန်းပြီဆိုရင် အိမ်ရှင်မ ဖြစ်သူ က အရင်ဆုံးစိတ်ပင်ပန်းရပါတယ်။ ဒီပိုးမွှားလေးတွေကို နှိမ်နင်းဖို့ ဓာတုဆေးဝါးတွေဖြန်းရတဲ့အခါ ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်လေးတွေကို သက်ရောက်မှုမရှိစေဖို့ ကြိုးပမ်းရတာဟာလည်း အိမ်ရှင်မတွေအတွက် ပင်ပန်းစေတဲ့အရာဘဲဖြစ်ပါတယ်။ တစ်ချို့ အိမ်ရှင်မတွေအနေနဲ့ကတော့ကျန်းမာရေးအရ ဓာတုဆေးဝါးတွေနဲ့ ပိုးမွှားတွေကို နှိမ်နင်းရတာကို မနှစ်သက်ကြသူတွေရှိကြပါတယ်။ ဒီအတွက် ဓာတုဆေးဝါးတွေသုံးစရာမလိုတဲ့ မိရိုးဖလာ သဘာဝနည်းလမ်းတွေက လည်း အိမ်ရှင်မတွေအတွက်များစွာ အထောက်အကူပြု စေနိုင်ပါတယ်။

(၁) ပရွက်ဆိတ်တွေပြေးနိုင်တဲ့နည်းလမ်း

လက်ချားနဲ့ သကြားအနည်းငယ်ကို ရောပြီး ပရွက်ဆိတ်ကလေးတွေ ဝေးဝေးပြေးအောင်လုပ်နိုင်ပါတယ်။ သကြား တစ်ခွက်နဲ့ လက်ချားတစ်ခွက်ကိုရောပြီး ကရားလေးတစ်ခုထဲထည့်ပါ။ ကရားအဖုံးလေးကို အပေါက်လေးတွေ ဖေါက်ပြီး အိမ်တွင်းအိမ်ပြင် အောက်ခြေတ၀ိုက်မှာ ဖြူးပါ။ ပရွက်ဆိတ်လေးတွေဟာ သကြားစားဖို့လာရင်းနဲ့ လက်ချားရဲ့အဆိပ်မိသွားကြမှာဖြစ်ပါတယ်။

(၂)ပိုးဟပ်တွေပြေးနိုင်တဲ့နည်းလမ်း

သင့်အိမ်ထဲ ပိုးဟပ်ရှိနေပြီဆိုရင်တော့ မီးဖိုချောင်နဲ့ ရေချိုးခန်းအံဆွဲတွေမှာ လက်ချားမှုန့်နည်းနည်း ဖြူးလိုက်ပါ။ ကလေးတွေ၊ အိမ်မွေးတိရစ္ဆာန်လေးတွေလာနိုင်တဲ့ နေရာတွေကို မဖြူးမိပါစေနဲ့။

(၃) ပျားပိတုန်းတွေ၊ နကျယ်ကောင်တွေပြေးတဲ့နည်းလမ်း

ပျား၊ ပိတုန်းနဲ့ နကျယ်ကောင်တွေ သင့်အိမ်ထဲဝင်လာနေပြီး ပိုးသတ်ဖြန်းဆေးဘူးလည်း အဆင်သင့်ရှိမနေဘူးဆိုရင်တော့ ဆံပင်ဖျန်းဆေးနဲ့သာ ဖြန်းလိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

(၄) သန်းတွေပြေးတဲ့ နည်းလမ်း

သင့်အိမ်ထဲမှာ သန်းကောင်တွေရောက်နေပြီဆိုရင်တော့ ဆေးမဖြန်းခင် ဖုန်စုပ်စက်နဲ့သေသေချာချာ သန့်ရှင်းရေးလုပ်ရပါမယ်။ ပြီးရင်တေယ့ အမှိုက်ထုပ်ကို ချက်ချင်းသွားပစ်လိုက်ပါ။

(၅)ခြင်ပေါက်ပွားမှုကိုလျော့ချနိုင်တဲ့နည်းလမ်း

ခင်ပေါက်ဖွားမှုကို လျှော့ချနိုင်ဖို့အတွက် ရေလှောင်ကန်ရ့ အဖုံးတွေကို ဖွင့်မထားမိဖို့နဲ့ ရေကို မှန်မှန်လဲပေးဖို့ အမြဲသတိရှိပါ။

(၆) ကင်းခြေတွေ ကို နှိမ်နင်းနိုင်တဲ့နည်းလမ်း

ကင်းခြေတွေကို ကင်းခြေများတွေဟာ ပိုးကောင်ကလေးတွေကို ဖမ်းယူစားသောက်တတ်ပါတယ်။ ဒါကြောင့် သင့်အိမ်ထဲမှာ ကင်းခြေများကိုတွေ့တယ်ဆိုရင်တော့ တခြားပိုးမွှားတွေပါ ရှိနေနိုင်တာအသေအချာပါပဲ။

(၇) ခြတွေကို နှိမ်နင်းနိုင်တဲ့နည်းလမ်း

သစ်သားတွေမှာ အပေါက်ကလေးတွေ တွေ့တယ်ဆိုရင်တော့ ဒါဟာ အခြားပိုးမွှားကိုက်တာမဟုတ်ပဲခြကိုက်တာပဲဆိုတာ ခွဲခြားပါတယ်။ခြတွေဟာ သစ်သားတွေရဲ့ နူးညံ့တဲ့အပိုင်းတွေကို ရွေးချယ်စားသောက်လေ့ရှိတာကြောင့် သစ်သားပေါ်မှာ အပေါက်ကလေးတွေ ကျန်နေတတ်ပါတယ်။

(၈)ကြမ်းပိုးတွေကို နှိမ်နင်းနိုင်တဲ့နည်းလမ်း

သင်ဟာ တိုက်ခန်းတွေအများအပြားရှိတဲ့ အဆောက်အအုံမှာနေတယ်ဆိုရင်တော့ မိမိဘာသာ ပိုးမွှားနှိမ်နင်းမှုဟာ ကာလတာရှည်ထိရောက်မှုမရှိနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပိုးမွှားတွေဟာ တိုက်ခန်းတစ်ခန်းကနေ တစ်ခန်းကို ကူးလာနိုင်လို့ပါပဲ။ ဒါကြောင့် ကြမ်းပိုးတွေကို အမြစ်ပြတ်နှိမ်နင်းချင် ရင်တော့ တိုက်ခန်းအားလုံးပူးပေါင်းပါဝင်ရမှာဖြစ်ပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့နည်းတွေနဲ့ အဆင်မပြေဘူးဆိုရင်တော့ ပိုးမွှားနှိမ်နင်းရေးလုပ်ငန်း ကုမ္ပဏီတစ်ခုနဲ့ သာ ဆက်သွယ်လိုက်ရတော့မှာဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ အိုးအိမ်တိုက်တာအများစုမှာ ပိုးမွှားပေါင်းစုံရှိနေ တတ်တာကြောင့် တခါတလေမှာ ပိုးမွှားနှိမ်နင်းရေးအဖွဲ့ကို တစ်ကြိမ်ထက်ပိုပြီးခေါ်ရတာမျိုးလည်း ရှိနိုင်ပါတယ်။

Credit: yangonlife

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...