စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ပဲခူးမှ ရွှေပြည်ပန်းပု ဥယျာဉ်


 
 
 
ရွှေပြည်ပန်းပု ဥယျာဉ်ဟာ ပဲခူးမြို့သို့ မရောက်ခင် အဝေးပြေး လမ်းမကြီး ပေါ်မှာ တည်ရှိတဲ့ ဥယျာဉ် တစ်ခု ဖြစ်ပါတယ်။ ရန်ကုန်မှ ထိုဥယျဉ်သို့ ကားဖြင့် သွားမယ်ဆိုရင် နာရီဝက် လေးဆယ့်ငါးမီနစ် ခန့်လောက် မောင်းနှင်ရပါတယ်။ ထိုဥယျာဉ်၏ အဝင်ဝတွင် စားသောက်ဆိုင်များ ရှိပြီး ဒေသ အစားအစာ များကို နှစ်ချိုက်စွာ စားသောက်နိုင်ပါတယ်။

ရွှေပြည်ပန်းပု ဥယျာဉ်၏ ထူးခြားချက်များကတော့ သစ်တုံးများကို ပန်းပုများ ထွင်းထုထားခြင်း ဖြစ်ပါတယ်။ ကြည်ညိုဖွယ်ရာ ဗုဒ္ဓ ရုပ်ပွားတော်များနှင့် ရှေး မြန်မာမင်းတွေ၏ ပုံတူများကို သစ်သားဖြင့် လက်ရာမြောက်စွာ ထွင်ထု ထားသည်ကို ထိုဥယျာဉ်တွင် လေ့လာနိုင်ပါတယ်။ ဒါ့အပြင် အခြားသော ပုံများကို သစ်သားပေါ်တွင် သေသပ် လှပစွာ ထွင်ထုထားပါတယ်။
ဒါ့တင် မကသေးပါဘူး။ ဥယျာဉ်ထဲမှာ အလွန် လှပတဲ့ ရေကန်ကြီးလည်း ရှိလို့ လှေစီးဝါသနာ ပါသူများ၊ လှေလှော် ဝါသနာ ပါသူတွေလည်း ပျော်ရွှင်စွာ လှော်ခတ်နိုင်ပါတယ်။ ဒါ့အပြင် ညအိပ် ညနေ သွားချင်သူများ အတွက်လည်း အပန်းဖြေ ဟိုတယ် ရှိပါတယ်။ ဥယျာဉ်ဟာ အလွန်ကျယ် ပါတယ်။ တစ်ချို့ နေရာတွေကတော့ အခုမှ ပြုလုပ်ဆဲ ဖြစ်ပါတယ်။

အခြားသော ဥယျာဉ်တွေလို ပန်းတွေတော့ မရှိပေမယ့် သဘာဝ လေပြေ လေညှင်းတွေကို ကောင်းစွာ ရရှိမှာ ဖြစ်ပါတယ်။ လက်ရှိ လာရောက်သူတွေ ကတော့ ရန်ကုန်မြို့မှ အများဆုံး ဖြစ်ပါတယ်။ နောင်တစ်ချိန်မှာတော့ နိုင်ငံခြား ခရီးသည်တွေကို ဆွဲဆောင်စေမယ့် ရွှေပြည် ပန်းပု ဥယျာဉ်ကြီး ဖြစ်လာမှာ မလွဲပါဘူး။ ဒါကြောင့် တစ်ကြိမ် တစ်ခေါက်တော့ သွားရောက်လေ့လာ လိုက်ကြပါအုံးနော်။

သတင်းနှင့် ဓာတ်ပုံ - ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com
https://www.facebook.com/yoyarlaydotcom/posts/871739079536012

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...