စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကမ္ဘာ့အသက်အကြီးဆုံး လူပုဂ္ဂိုလ်အဖြစ် စံချိန်တင်ထားသည့် ဂျပန်အဘွားအို ကွယ်လွန်

ကမ္ဘာ့အသက်အကြီးဆုံး လူပုဂ္ဂိုလ်အဖြစ် စံချိန်တင်ထားသည့် ဂျပန်အဘွားအိုသည် ယခုအခါ ကွယ်လွန်သွားပြီ ဖြစ်သည်။

မီဆာယို အိုကာဝါသည် သူမ၏ (၁၁၇)နှစ်ပြည့် မွေးနေ့ပွဲ ကျင်းပခဲ့ပြီး တစ်လမျှအကြာ ဧပြီ ၁ ရက်တွင် ဆုံးပါးသွားခြင်းဟု သိရှိရသည်။ အိုဆာကာရှိ သူမကို ပြုစုစောင့်ရှောက်ပေးနေရာ ဂေဟာက အိုကာဝါသည် ဒေသစံတော်ချိန် နံနက်(၇)နာရီ ဝန်းကျင်တွင် နောက်ဆုံးထွက်သက်ကို ရှူရှိုက်သွားခဲ့ကြောင်း အတည်ပြုခဲ့သည်။

အိုကာဝါတွင် သားသမီး သုံးဦး၊ မြေးလေးဦးနှင့် မြစ်ခြောက်ဦးထိ ထွန်းကားခဲ့သည်။ သူမသည် (၁၉)ရာစုအတွင်း မွေးဖွားခဲ့သည့် နောက်ဆုံး အသက်ရှင်ကျန်ရစ်သူလည်း ဖြစ်ခဲ့သည်။
အိုကာဝါကို ၁၈၉၈ ခုနှစ်၊ မတ် ၅ ရက်က မွေးဖွားခဲ့ခြင်း ဖြစ်သည်။ သူမသည် ပထမကမ္ဘာစစ် ဖြစ်ပွားချိန်တွင် ဆယ်ကျော်သက်အရွယ်မျှသာ ရှိသေးပြီး လပေါ်သို့ လူသားများ ခြေချချိန်တွင် အသက်(၇၀)ကျော်မျှ ရှိလာခဲ့သည်။ အိုကာဝါအသက် (၁၁၄)နှစ် ပြည့်ချိန်တွင် ဂင်းနစ် ကမ္ဘာ့မှတ်တမ်း အဖွဲ့က သူမကို ကမ္ဘာပေါ်တွင် အသက်အကြီးဆုံး လူသားအဖြစ် တရားဝင် အသိအမှတ် ပြုခဲ့သည်။

ဂျပန်သည် နိုင်ငံသားအများအပြား အသက်ရှည်ရှည် နေထိုင်နိုင်မှုကြောင့် လူသိများသည့် နိုင်ငံတစ်ခုလည်းဖြစ်ပြီး ကမ္ဘာပေါ်တွင် အသက်အကြီးဆုံး အမျိုးသားအဖြစ် လက်ရှိ စံချိန်တင်ထားသည့် ဆာကာရီ မိုမွိုင်သည်လည်း ဂျပန်နိုင်ငံသားပင် ဖြစ်သည်။ ၎င်းသည် ဖေဖော်ဝါရီလက အသက်(၁၁၂)နှစ်ပြည့် မွေးနေ့ကို ကျင်းပနိုင်ခဲ့သည်။

(၂၀၁၃)ခုနှစ်၊ စစ်တမ်းများအရ ဂျပန် အမျိုးသမီးများ၏ ပျမ်းမျှသက်တမ်းသည် ကမ္ဘာ့နိုင်ငံအားလုံးတွင် အမြင့်ဆုံးဖြစ်ပြီး (၈၆.၆၁)နှစ်ထိ နေထိုင်လေ့ရှိကြောင်း သိရသည်။ အမျိုးသားများ စာရင်းတွင်မူ ဟောင်ကောင်၊ အိုက်စ်လန်နှင့် ဆွစ်ဇာလန်တို့နောက် စတုတ္ထ အမြင့်ဆုံးအဖြစ် ပျမ်းမျှသက်တမ်း (၈၀.၂၁)နှစ်ထိ ရှည်ကြာလေ့ရှိသည်။

ယခုအခါ အိုကာဝါ ကွယ်လွန်သွားပြီ ဖြစ်သောကြောင့် အမေရိကန်မှ ဂါထရူဒီဝီဗာသည် ကမ္ဘာ့အသက်အကြီးဆုံး လူပုဂ္ဂိုလ် ဘွဲ့ကို ဆက်လက်ခံယူဖွယ် ရှိသည်။ သူမသည် အသက်(၁၁၆)နှစ် ရှိပြီဟု သိရသည်။

_Ref: CNA

http://www.7daydaily.com/story/34884#.VR6qZy7dXLU

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...