စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဒီသင်္ကြန်မှာ လည်မယ် ပတ်မယ်

ဓာတ်ပုံများ − Tango Tour & Trek FB

သင်္ကြန်ပိတ်ရက်လည်း နီးကပ်လာပြီဆိုတော့ တစ်နှစ်ပတ်လုံး မိမိတို့ လုပ်ငန်းခွင်မှာ စိတ်နှစ် ကိုယ်နှစ် အလုပ်လုပ်ခဲ့ရသူတွေနဲ့ စာတွေပိခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဒီတစ်ပတ်လည်စရာ ပတ်စရာကဏ္ဍမှာ သင်္ကြန်တွင်းရုံးပိတ်ရက်တွေကို အပန်းပြေစေဖို့ ရည်ရွယ်ညွှန်းပေးချင်ပါတယ်။

နှစ်စဉ်သင်္ကြန်ပိတ်ရက်တွေတိုင်းမှာ တောင်ကြီး-အင်းလေး (ဒါမှမဟုတ်) မန္တလေး-ပြင်ဦးလွင် စတဲ့သမားရိုးကျခရီးတွေကို သွားနေကြတဲ့သူတွေအနေနဲ့ရော နွေရာသီရဲ့ အပူဒဏ်ကို ရှောင်လိုသူတွေအတွက်ပါ ဒီနှစ်သင်္ကြန်ပိတ်ရက်ကိုတော့ ထူးထူးခြားခြား ခရီးစဉ်သစ်တချို့ကို လည်ပတ်နိုင်အောင် မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီခရီးစဉ်တွေကတော့ ဒီနှစ်အစောပိုင်းကာလကမှ စတင်ပြေးဆွဲခဲ့တဲ့ ချင်းပြည်နယ်အထက် ပိုင်းက ရိဒ်ရေကန် ခရီးစဉ်နဲ့ ချင်းပြည်နယ်အောက်ပိုင်းက နတ်မတောင် (ဝိတိုရိယတောင်)ခရီးစဉ်လေး တွေပါ။ ဒါ့အပြင် ပြန်လည်ပြေးဆွဲတာ သိပ်မကြာသေး တဲ့ ရခိုင်ပြည်နယ်တွင်း ခရီးစဉ်တွေဖြစ်ပါတယ်။

ဒီခရီးစဉ်လေးတွေက သင်္ကြန်ရုံးပိတ်ရက်တွေမှာ ရန်ကုန်မြို့တွင်းက ခရီးသွားအေဂျင်စီတွေရဲ့ အရောင်းရဆုံးနဲ့ ခရီးသွားပြည်သူတွေအကြား ပေါ်ပြူလာ အဖြစ်ဆုံး ခရီးစဉ်တွေ ဖြစ်ပါတယ်။
ဒါ့အပြင် နှစ်စဉ်ပူပြင်းတဲ့ နွေခေါင်ခေါင်မှာ သွားလေ့ရှိကြတဲ့ ချောင်းသာ၊ ငွေဆောင်၊ ငပလီပင်လယ်ကမ်းခြေခရီးစဉ်တွေကလည်း လူကြိုက်အများဆုံးထဲမှာ ပါနေဆဲပါ။
ချင်းပြည်နယ် အထက်ပိုင်း ခရီးစဉ်ကို သွားရောက်လည်ပတ် မယ်ဆိုရင်တော့ ချင်းပြည်နယ်ရဲ့ အမှတ်အသားဖြစ်တဲ့ အသည်းပုံ ရိဒ်ရေကန်ထဲမှာ လှေစီးရတဲ့ အတွေ့အကြုံတွေ၊ ပါးရဲထိုးထား တဲ့ချင်းတိုင်းရင်းသားတွေနေထိုင် တဲ့ ရွာတွေနဲ့ ကလေး-တမူးမြို့ တို့သာမက အိန္ဒိယနိုင်ငံက ဒေသထွက်ကုန်တွေကို စုံစုံလင်လင် ဝယ်ယူနိုင်တဲ့ အိန္ဒိယ−မြန်မာနယ် စပ်က မိုရေးမြို့တို့ကိုပါ လည် ပတ်နိုင်ပါတယ်။

ချင်းပြည်နယ် အောက်ပိုင်း ခရီးကို သွားရောက်လည်ပတ်မယ် ဆိုရင်တော့ ပေတစ်သောင်းကျော် မြင့်တဲ့ ခေါနုသုမ်လို့ခေါ်တဲ့ ဝိတိုရိယတောင်ပေါ်မှာ ရှားပါးတဲ့ တောင်ဇလပ်ပန်းတွေနဲ့ စိမ်းစိုနေ တဲ့တောတောင် အလှကို ခံစားအပန်းဖြေနိုင်မှာပါ။
ဒါ့အပြင်ချင်းပြည်နယ် ခရီးစဉ်နှစ်ခု စလုံးမှာဆိုရင် ချင်းရိုးရာခေါင်ရည်၊ နွားနောက်သား စတဲ့ချင်းပြည်နယ်ရဲ့ ရိုးရာအစားအစာတွေကို မြည်းစမ်းနိုင်ဦးမှာဖြစ်ပါတယ်။

သင်္ကြန်ပိတ်ရက်အတွင်း နှစ်စဉ်သွားနေကျ ခရီးတွေနဲ့ အပူဒဏ်ရှောင်ချင်ကြတဲ့သူတွေ အတွက်ကတော့ ဒီချင်းပြည်နယ် ခရီးစဉ်လေးက အတွေ့အကြုံသစ်တွေရရှိနိုင်မှာပါ။ ဒီခရီးစဉ်နှစ်ခုစလုံးကို သွားရောက်လည်ပတ်မယ်ဆိုရင်တော့ သင်္ကြန်ပိတ်ရက်အတွင်း အနည်းဆုံး တစ်ဦးကို Package Tour အနေနဲ့ ကျပ်သုံးသိန်းခန့်ကျသင့်မှာဖြစ်ပြီး ငါးရက်ခန့်ကြာမြင့်မှာ ဖြစ်ပါတယ်။

 သင်္ကြန်  ကာလအတွင်း နောက်ထပ်သွားသင့်တဲ့ ခရီးစဉ် တစ်ခုကတော့ မကြာမီကမှ ပြန် လည်ပြေးဆွဲခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ဦးခရီးစဉ်ဖြစ်ပါတယ်။ ဒီ ခရီးစဉ်မှာတော့ ရခိုင်ပြည်နယ်ရဲ့ဓညဝတီခေတ်၊ ဝေသာလီခေတ်၊ မြောက်ဦးခေတ် စတဲ့ခေတ်တွေ ဖြတ်သန်းခဲ့ရာ မြောက်ဦးမြို့က နန်းတော်ဟောင်း နေရာများနဲ့ ဝေ သာလီမြို့ဟောင်းနေရာတွေ၊ ရခိုင်ပြည်နယ်ရဲ့ အသက်သွေး ကြောလို့တင်စားခဲ့တဲ့ ကစ္ဆပနဒီ မြစ်၊ စစ်တွေမြို့ရဲ့ ပင်လယ်ပြင် အစွန်းက နေဝင်ချိန်ကို ရင်ခုန်စွာ ခံစားရမယ့် Point ကမ်းခြေ၊ စစ် တွေမြို့ရဲ့ ကျက်သရေဆောင် စကြမုနိဘုရားကြီးနဲ့ လောကနန္ဒာဘုရားကြီးတို့ကို  လည်ပတ်နိုင်မှာပါ။
ဒါ့အပြင် ကုလားတန်မြစ်ကို မော်တော်နဲ့ဆန်တက်ပြီး ပလက်ဝမြို့က ချင်းရွာတွေကို ထပ်မံသွား ရောက်လည်ပတ်နိုင်မှာပါ။

ဒီခရီးစဉ်ကို သွားရောက် လည်ပတ်လိုသူတွေ အတွက်က တော့ လေးညအိပ်ငါးရက်အချိန် ပေးရမှာဖြစ်ပါတယ်။ ခရီးစရိတ် ကတော့ တစ်ဦးကို Package Tourအနေနဲ့ ကျပ်သုံးသိန်းခန့် ကုန်ကျ မှာဖြစ်ပါတယ်။
နှစ်စဉ်သင်္ကြန်ပိတ်ရက်တွေ တိုင်း သွားလေ့ရှိကြတဲ့ ပင်လယ် ကမ်းခြေတွေကတော့ သမားရိုး ကျဆိုပေမယ့် ရိုးအီခြင်း မရှိတဲ့ သဘာဝအပန်းဖြေ ခရီးစဉ်လေး တွေပါ။ ချောင်းသာ၊ ငွေဆောင်၊ ငပလီ စတဲ့ပင်လယ်ကမ်းခြေတွေ ကို သွားရောက်လည်ပတ်မယ်ဆို ရင်တော့ တစ်ဦးကို သင်္ကြန်ပိတ် ရက်လေးရက်စလုံးကို ကျပ်သုံး သိန်းခန့်ရှိပြီး ငပလီကမ်းခြေကို လေယာဉ်နဲ့ သွားမယ်ဆိုရင်တော့ ကျပ်လေးသိန်းခွဲကုန်ကျမှာဖြစ် ပါတယ်။

သင်္ကြန်ကာလအတွင်း ခရီး သွားဖို့ အချိန်အများကြီးမပေးချင် ဘူးဆိုရင်တော့ တစ်ရက်ခရီးစဉ် အနေနဲ့ ကရင်ပြည်နယ်အောက် ပိုင်းက သဘာဝနေရာတွေကို လည်နိုင်ပတ်နိုင်ပါသေးတယ်။
ဒီခရီးစဉ်မှာတော့ ကရင် ပြည်နယ်အောက်ပိုင်းက သဘာဝ အတိုင်းတည်ရှိနေတဲ့ ထုံးကျောက် လိုဏ်ဂူတွေဖြစ်တဲ့ ဆဒ္ဒန်ဂူ၊ ဘုရင်ညီဂူ၊ ကော့ကွန်းဂူတို့ကို လည်ပတ်နိုင်မှာပါ။ ဒီဂူတွေမှာဆိုရင် သဘာဝအတိုင်း ဖြစ်နေတဲ့ ရင်သပ်ရှုမောဖွယ် ကျောက်စက်ပန်းဆွဲတွေ၊ ဂူအတွင်းမှာရှိနေတဲ့ သဘာဝစမ်းရေအိုင်ကို လှေစီးပြီးဖြတ်ရတဲ့ အတွေ့အကြုံတွေ၊ ကရင်ပြည်နယ်ရဲ့ စိမ်းစိုလှပတဲ့တောတောင်ရှုခင်းတွေကို နွေခေါင်ခေါင်ပူလောင်လောင်ရာသီမှာ အမောပြေစေအောင် ခံစားနိုင်မှာပါ။

ဒါ့အပြင် ဇွဲကပင်တောင် နောက်ခံရှုခင်းနဲ့ လှပတဲ့ကန်သာယာမှာလည်း အပန်းဖြေ လည်ပတ်နိုင်ဦးမှာပါ။ ဒီခရီးစဉ်အတွက် Package Tour အနေနဲ့က တစ်ဦးကို ကျပ်သုံးသောင်းခွဲသာကျသင့်မှာပါ။
 သင်္ကြန်တွင်း  ရုံးပိတ်ရက် တွေမှာ ဒီခရီးစဉ်တွေကို သွားချင် တယ်ဆိုရင်တော့ Tango Travel & Tour ၊ Odyssey Tour ၊ Tour Diamond တို့အပြင် တခြားခရီး သွားလုပ်ငန်းတွေနဲ့လည်း ဆက် သွယ်ပြီး သွားရောက်လည်ပတ်နိုင်ပါတယ်။

သင်္ကြန်ပိတ်ရက်ကာလတွေ မှာ မိသားစု၊ ချစ်သူ ခင်သူတွေနဲ့ အပန်းဖြေအလည်အပတ်ခရီးကို အကောင်းဆုံးဖြတ်သန်းနိုင်ကြပါ စေလို့ ဆုတောင်းပေးလိုက်ပါ တယ်။          ။
http://7daydaily.com/story/35008#.VR6yQS7dXLU

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...