စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သဘာဝရဲ့ ဘဏ်တိုက်ပိုင်ရှင်ကြီး


လောကမှာ တစ်သက်လုံး လွတ်လပ်စွာ ငွေထုတ်သုံးနိုင်တဲ့ ဘဏ်တိုက်ပိုင်ရှင်ကြီး ရှိတယ်။ ဒီဘဏ်တိုက်
ပိုင်ရှင်ကြီးဆီမှာဘာကဒ်၊ ဘာလက်မှတ်မှ ပြစရာမလိုဘဲ ငွေတွေကို ထုတ်သုံးလို့ ရပါတယ်။ အဲ့ဒါကတော့ ကျွန်တော်တို့ အားလုံးကို သဘာဝက ပေးထားတဲ့ အဖေဆိုတဲ့ ဘဏ်တိုက်ပိုင်ရှင်ကြီးပါပဲ။

အဖေဟာ သားသမီးတိုင်းအတွက် ကာကွယ်မှုပေးနိုင်တဲ့ အခိုင်မာဆုံးသော အုတ်တံတိုင်းကြီးတစ်ခုပါ။ အဖေဟာ သူရဲ့လက်ဝါးထဲမှာ ရင်သွေးငယ်ရဲ့ ခြေထောက်နှစ်ဖက်ကို ထည့်ကာ အမြင့်ကို ပင့်တင်ပြီး မတ်
မတ်ရပ်နိုင်အောင် အားတွေ
ပေးခဲ့တဲ့ ကျေးဇူးရှင်ကြီးပေါ့။

ပုခုံးပေါ်ကို ထမ်းတင်ပြီး လောကကြီးအား အပေါ်စီးက ကြည့်နေနိုင်အောင် သင်ပေးခဲ့တာ အဖေပါ။ သူ့ 
ရင်သွေးရဲ့ ခြေဖ၀ါးလေးတွေ နာမှာဆိုးလို့  သူ့ ညာလက်နဲ့ ပွေ့ ချီပြီး သွားလိုရာ ခေါ်စေခဲ့တာ အဖေပါ။
မိုးတွေရွာသောအခါ သားတွေသမီးတွေ ချမ်းမှာဆိုးပြီး စောင်ခြုံပေးပေမယ့် သူကတော့ မိုးရွာထဲ မချမ်းမတီးဘဲ ရုန်းကန်ရှာဖွေခဲ့တာ အဖေပါ။

နေပူသောအခါ သားသမီးတွေအတွက် အရိပ်လေးတွေ မိုးပေးပြီး သူကတော့ ကျောပြောင်ကြီးနဲ့  နေမင်း
ကြီးကို အံတုပြီးမိသားစုကို လုပ်ကိုင်ကျွေးမွေးနေတာ အဖေပါ။ မွေးကင်းစ သားလေးက သူ့ ကို ခြေ
ထောက်နဲ့ ကန်တာကို ငါ့သားကြီးကန်တတ်ပြီကွ ဆိုပြီး ပြုံးနေနိုင်တာ အဖေပါ။

သမီးငယ်လေးက လက်နဲ့  သူ့ ရဲ့ပါးကို ရိုက်တဲ့အခါ ငါ့သမီးလေးက ရိုက်တတ်နေပြီ ကြည့်စမ်းပါဦးဆိုပြီး ပတ်ဝန်းကျင်ထိပျံ့ လွင့်အောင် ပျော်မြူးနိုင်သူဟာ အဖေပါ။ သားတို့  သမီးတို့  ငွေမရှိပေမယ့် အဖေရှိပါသေးတယ်လို့  လက်သီးလက်မောင်းတန်းပြီး အားတွေ ဖြစ်စေခဲ့သူဟာ အဖေပါ။ အဖေဟာ သူရဲကောင်းကြီး
ပေါ့။ နာမည်တစ်လုံးကို ရေရွတ်လိုက်တာနဲ့  ခွန်အားတွေပြည့်စေပြီး လေထဲကို လွင့်ပျံလိုက်ချင်စိတ်ပေါ်ပေါက်စေနိုင်တာကတော့ " အဖေ " ဆိုတဲ့ နာမည်လေးပဲဖြစ်ပါတော့တယ်။


True Man

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.1206162

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...