စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အမျိုးသမီးတွေရဲ့ပစ်မှတ် ဖြစ်နေရရှာတဲ့ ခပ်ချောချော ကျောင်းဆရာလေး


အီတလီသား အမျိုးသားမော်ဒယ်တစ်ယောက်ဖြစ်ပြီး Ph.D ဘွဲ့လည်း ရရှိထားတဲ့ ပီထရိုဘိုဆယ်လီဟာ အမျိုး သမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ ပစ်မှတ်ဖြစ်နေတဲ့အတွက် စိတ်ပျက်နေတယ်လို့ သိရပါတယ်။ ပီထရိုက Games of Thrones ဇာတ်လမ်းတွဲ မင်းသား ကစ်ဟာရင်တန်ရဲ့ ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတွေဟာ အမျိုးသမီးတွေရဲ့ ပစ်မှတ်တစ်ခုလို သဘောထားခံနေရတယ်ဆိုတဲ့ စကားကို သဘောတူတယ်လို့လည်း ပြောခဲ့ပါတယ်။

ပီထရိုဟာ ထက်မြက်တဲ့ ဦးနှောက်နဲ့ ဆွဲဆောင်မှုရှိတဲ့ ကိုယ်ကာယကို ပိုင်ဆိုင်ထားသူ ဖြစ်လို့ ဆုတောင်း ကောင်းသူလို့ ဆိုနိုင်ပေမယ့် ကျောင်းဆရာနဲ့ မော်ဒယ် ဘ၀နှစ်ခုကြားမှာ အလုပ်ရှုပ်သူလည်း ဖြစ်နေပြန်ပါ တယ်။ ပီထရိုဟာ အသက် ၆ နှစ်အရွယ်ကတည်းက မော်ဒယ်အလုပ်ကို လုပ်ကိုင်လာခဲ့ပေမယ့် သူ စာသင်နေ တဲ့ University College London မှာတော့ သူ့ကို အထင်သေးမှာစိုးတာမို့ ဒီကိစ္စကို လျှို့ဝှက်ထားခဲ့ပါတယ်။ ပီထရိုက သူ မော်ဒယ်တစ်ယောက် ဖြစ်တယ်ဆိုတာ ကျောင်းသားတွေကို မသိစေချင်တဲ့ သဘောထားရှိပြီး သင်ကြားရေးကိစ္စတွေကိုပဲ အာရုံစိုက်တဲ့ ကျောင်းဆရာအဖြစ်ပဲ သဘောထားစေချင်သူပါ။

“ သူငယ်ချင်းအတော်များများက ကျွန်တော်နဲ့ တွဲပြီး အပြင်သွားချင်ကြပါတယ်။ ကျွန်တော်နဲ့တွဲသွားမယ်ဆိုရင် ဆွဲဆောင်မှုရှိတဲ့ ကောင်မလေးတွေရဲ့ စိတ်ဝင်စားကို ရလိမ့်မယ်လို့ သူတို့ ယုံကြည်နေတာကြောင့် ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ကိုယ်ရဲ့ကိုယ်ရည်ကိုယ်သွေးကိုပဲ ထိန်းသိမ်းချင်တာပါ။” လို့ ပီထရိုက ဆိုပါတယ်။ ပီထရိုက သူ့နဲ့ တွေ့ဖြစ်ခဲ့တဲ့ တချို့အမျိုးသမီးတွေဟာ သူတို့လက်တွေကို မထိန်းနိုင်ဘဲ တင်ပါးကို လာကိုင်ကြတယ်လို့ လည်း ဖွင့်ဟခဲ့ပါတယ်။ အရပ် ၆ ပေ ၁၁ လက်မရှိတဲ့ ပီထရိုဟာ အင်စတာဂရမ်အကောင့်မှာ ကိုယ်ကာယအလှ ကို ပြသတဲ့ ပုံတွေ မကြာခဏ တင်လေ့ရှိပြီး Follow လုပ်ထားသူ ၄၈၀,၀၀၀ ကျော်လောက် ရှိနေပါတယ်။ ပီထရိုဟာ သူ့ရဲ့ ကိုယ်ကာယအလှကို ထိန်းသိမ်းနိုင်ဖို့ တနေ့ နှစ်ကြိမ်လောက် လေ့ကျင့်ရေးဆင်းလေ့ ရှိပြီး မော်ဒယ်အေဂျင်စီတစ်ခုဖြစ်တဲ့ Model 1 နဲ့လည်း စာချုပ်ချုပ်ဆိုထားပါတယ်။

စက်မှုအင်ဂျင်နီယာကျောင်းဆင်းတစ်ယောက်ဖြစ်တဲ့ ပီထရိုဟာ လက်ရှိမှာတော့ မော်ဒယ်အလုပ်ကို လုပ်ပြီး ရလာတဲ့ ၀င်ငွေတွေနဲ့ ကိုယ်ပိုင်အင်ဂျင်နီယာလုပ်ငန်းစုတစ်ခု တည်ထောင်သွားဖို့ ရည်ရွယ်ထားပါတယ်။ ပီထရိုကို ချစ်သူအဖြစ် အိပ်မက်မက်နေတဲ့ ကောင်မလေးတွေအတွက် စိတ်မကောင်းစရာက သူ့မှာ ချစ်သူ ရှိနေပြီလို့ ဆိုထားတာ ဖြစ်ပါတယ်။
.

PlanetMyanmar

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...