စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အောင်မြင် ကြွယ်ဝဖို့အတွက် လုပ်ဆောင်ရမယ့် (၁၀) ချက်


၁) . တစ်နေ့တာ အစီအစဉ်များကိုချမှတ်ပါ
လူ တော်တော်များများက ရည်မှန်းချက် ၊ ရည်ရွယ်ချက်တွေကို ရေရှည်အတွက် စဉ်းစားထားတာများပြီး နေ့စဉ်လုပ်ဆောင်ရမယ့် အစီအစဉ်တွေကိုတော့ ပေါ့လျော့ကြတယ် ။ တစ်နေ့တာ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေကို တစ်နေ့ပြီး တစ်နေ့ ပြီးမြောက် အောင်လုပ်ဆောင် ရမှာဖြစ်ပြီး နေ့စဉ် မိမိရဲ့ တိုးတက်မှုရလဒ်ကို ကိုယ်တိုင် ဆန်းစစ်ဖို့လိုတယ် ။ ဖြစ်မလာသေးတဲ့ အနာဂတ်ကို အကောင်အထည်ဖော်ဖို့အတွက် လက်ရှိအချိန်ကစလို့ တစ်နေ့တာ အစီအစဉ်များကိုချက်မှတ် လုပ်ဆောင်ခြင်းက သင့်ရဲ့ ပန်တိုင်းကို ပိုပြီး နီးကပ်စေပါတယ် ။

၂) . လူတွေရဲ့  ခံစားချက် ၊ စကားသံတွေကို နားစွင့်ပါ
လုပ်ငန်းတစ်ခု စတင်ဖို့အတွက် စကားနည်းနည်းသာပြောပြီး များများနာထောင်တာက သင့်အတွက် အတွေ့အကြုံပိုရပါလိုက်မယ် ။ လူတွေဘာကြိုက်တတ်လဲ သိဖို့အတွက် ရယ် ၊ သူတို့ရဲ့ အတွေ့အကြုံတွေကို နားထောင်ပြီး မိမိကိုယ်တိုင် ဝေဖန်ပိုင်းခြားလို့ တိုးတက်ဖို့
အတွက် အကောင်းဆုံး အသိဥာဏ်တွေကို ရရှိစေပါတယ် ။

၃) . ကိုယ့်ရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ပါ
အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့ ၊ လုပ်ရည်ကိုင်ရည်စွမ်း ကောင်းဖို့ဆိုတာ ကျန်မားတက်ကြွတဲ့ လူတစ်ယောက် ဖြစ်နေဖို့ လိုပါတယ် ။ အကြီးစားလေ့ကျင့်ခန်းတွေ မလုပ်နိုင်ရင်တောင် အသေးစား ၊ အပေါ့စား ကျန်မာရေးမျိုးကို နေ့စဉ်လိုက်စားသင့်ပါတယ် ။ ကြိုးခုန်တာပဲဖြစ်ဖြစ် ၊
စက်ဘီးနင်းတာပဲဖြစ်ဖြစ် လုပ်ဆောင်နိုင်ပါတယ် ။ နေ့စဉ်လေ့ကျင့်ခန်း လုပ်ဆောင်ခြင်းက စိတ်ဖိစီးမှု သက်သာစေပြီး ကျန်မာသန်စွမ်းမယ့်အပြင် လုပ်ငန်းခွင်ဖန်တီးနိုင်မှုအမြင် ပိုမိုမြင့်မားစေပါတယ် ။

၎) . အဆက်သွယ်ကောင်း ပတ်ဝန်းကျင်ကောင်းရှာဖွေပါ
မိမိလုပ်ငန်းအောင်မြင်ဖို့ ဒါမှမဟုတ် မိမိရဲ့ စီးပွားရေး ချဲ့ ထွင်ဖို့အတွက် အဆက်သွယ်ကောင်း ၊ ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးထားတတ်ဖို့ လိုတယ် ။ ဥပမာ နယ်ပယ်အသီးသီးကျင်းပတဲ့ event ပွဲလမ်းသဘင်တွေ တက်ရမယ် ၊ တွေ့စုံပွဲတွေ မရှက်မကြောက်သွားဖို့လိုတယ် ။ သွားတဲ့ အခါတိုင်းမှာလည်း ကိုယ့်ကို ကိုယ်မိတ်ဆက်ဖို့အတွက် ယုံကြည်မှုရှိရန် လိုအပ်တယ် ။

၅) . တီဗီအစီအစဉ်တွေအနည်းငယ်ကြည့်ရှုပေးပါ
အောင်မြင်တဲ့လူအများစုက သူတို့ရဲ့ အချို့ အချိန်တွေကို တီဗီရှေ့ မှာ ကုန်ဆုံးလေ့ရှိကြတယ် ။ ဘာကြောင့်လဲဆိုတော့ တီဗီမှာလာတဲ့ ကြော်ငြာအစီအစဉ်တွေ ၊ ရုပ်သံလိုင်းတွေ နဲ့ အခြားသော စိတ်ဝင်စားဖွယ်ရာ ကဏ္ဍတွေကိုကြည့်ရှုရင်း ကိုယ့်လုပ်ငန်းအတွက် ပိုမိုကောင်းမွန်တဲ့ အကြံအဥာဏ် အိုင်ဒီယာတွေကို ရယူနိုင်လို့ဖြစ်တယ် ။

၆). နေ့စဉ်စာဖတ်ပါ
စာဖတ်ခြင်းဖြင့် ဘဝကိုပြောင်းလဲစေတယ် ၊ အသိဥာဏ်ကြွယ်ဝစေတယ် ၊ အမှန် ၊ အမှားခွဲခြားနိုင်စွမ်း ၊ အမြော် အမြင်ရှိလာတယ် ။ လူတစ်ယောက် တိုးတက်ဖို့အတွက် အကောင်းဆုံးပြောင်းလဲပေးနိုင်တာ စာဖတ်ခြင်းပဲ ။ ဒါကြောင့် အားနေတဲ့အချိန်တွေမှာ စာစောင်တွေ ဝယ်ဖတ်လို့ပဲဖြစ်ဖြစ် ၊ သတင်းဆိုဒ်တွေ ၊ ဗဟုသုတရစေမယ့် ပေ့ခ်ျတွေမှာ နေ့စဉ်ဖြစ်ပေါ်နေတဲ့ နောက်ဆုံးရသတင်းတွေကို ဖတ်ရှုလေ့လာတာ အကောင်းဆုံး အချိန်ဖြုန်းခြင်းပါပဲ ။

၇). ကိုယ့်ရဲ့ စွမ်းဆောင်ရည်တွေကို အမြဲမြှင့်တင်ပါ
လက်ရှိ ကိုယ့်စီမှာရှိတဲ့ လုပ်နိုင်စွမ်း ၊ အရည်အချင်းတွေကို တစ်နေ့ထက်တစ်နေ့ကောင်းမွန် တိုးတက်အောင် သင်ယူလေ့လာပါ ။ သင့်ရဲ့  အရည်အချင်းတွေကို နေ့စဉ်အောင်တိုးတက်အောင် လုပ်ဆောင်ခြင်းဟာ သင့်ရဲ့ လစာငွေကို မြင့်မားစေမယ့်အပြင် ၊ သင့်ရဲ့ ပြိုင်ဘက်တွေထက် အမြဲရှေ့ ကိုကြိုရောက်နေစေတယ် ။

၈) . အကောင်းမြင်စိတ်ရှိပါ
Positive thinking လို့ခေါ်တဲ့ အကောင်းမြင်စိတ်ရှိခြင်းဟာ သင့်ဘဝတိုးတက်ဖို့ကို ပိုပြီး အထောက်အကူဖြစ်စေတယ် ။ အမှားအမှန်ကိုခွဲခြားသိမြင်ပြီး ကိုယ်ကို တိုင် ပြင်လွယ် ၊ တတ်လွယ်သူ ဖြစ်ဖို့လိုအပ်တယ် ။ အကောင်းမြင်စိတ်ရှိခြင်းဟာ ဆက်ဆံရေးပိုင်းမှာလည်း ပိုမိုကောင်းမွန်စေပြီး အလုပ်အကိုင်အခွင့်အလမ်းတွေလည်း တိုးပွားစေတယ် ။

၉) . ငွေစုပါ
အရေးကြီးဆုံးအချက်ဖြစ်ပါတယ် ။ ကျွန်တော်ကိုယ်တိုင်လည်း ခုချိန်ထိမလုပ်နိုင်သေးသလို တော်တော်များများလည်း မလုပ်နိုင်တာကိုတွေ့ရတယ် ၊ လုပ်နိုင်တဲ့သူတွေကိုတော့
ချီးကျူးပါတယ် ။ ပိုမှမစုပဲ စုလို့ပိုတာ ကိုသုံးခြင်းအားဖြင့် အနာဂတ် အာမခံချက်ပိုပြီး ရှိစေတယ် ။

၁၀) . ခင်မင်ရင်းနှီးရတဲ့ သူငယ်ချင်းတွေကို မကြာမကြာအချိန်ပေးပါ
သူငယ်ချင်းတွေနဲ့ မကြာမကြာတွေ့ဆုံခြင်းဟာ စိတ်ဖိစီးမှုကိုလည်း သက်သာစေသလို သူတို့ဆီမှာရှိတဲ့ လုပ်ငန်းခွင်အတွေ့အကြုံ ၊ ကိုယ့်လုပ်ငန်းခွင် အတွေ့အကြုံတွေကို ဖလှယ်ကာ အမြင်မတူတဲ့ အတွေ့အကြုံသစ်တစ်ခု တိုးပွာစေပါတယ် ။

Credit: ခွန်နေ – Khun Nay

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.12

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...