စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ငလျင်ဒဏ်ခံ နီပေါပြည်သူများအတွက် ရော်နယ်ဒို ပေါင်(၅)သန်း လှူ ဒါန်း



ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုသည် ပြင်းအား ၇.၉ မဂ္ဂနီကျူ့ ရှိသည့် ငလျင်ဒဏ် ခံစားခဲ့ရသော နီပေါနိုင်ငံအတွက် ပေါင် ၅သန်း လှူ ဒါန်းခဲ့သည်ဟု ပြင်သစ်အားကစား မဂ္ဂဇင်း So Foot က ဖော်ပြထားသည်။

ဧပြီ ၂၅၊ ဧပြီ ၂၆ရက်များက နီပေါနိုင်ငံရှေးဟောင်းမြို့တော် ခတ္တမန္ဒူ တွင် တိုက်ခတ်ခဲ့သည့် ငလျင်ကြောင့် လူ ၈၀၀၀ကျော် သေဆုံးခဲ့ပြီး လူ ၁၆၀၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ငလျင်ဒဏ် ခံစားနေရသည့် နီပေါပြည်သူများကို ရန်ပုံငွေ လှူ ဒါန်းနေသည့် Save The Children အဖွဲ့ထံ ရော်နယ်ဒို ပေါင် ၅သန်း လှူ ခဲ့သည်ဟု So Foot မဂ္ဂဇင်းက ဖော်ပြသည်။ နီပေါ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဒုက္ခသည်များကို လှူ ဒါန်းကြရန် ရော်နယ်ဒိုက ၎င်း၏ ဖေ့ဘွတ်စာမျက်နှာမှတစ်ဆင့် တိုက်တွန်းခဲ့သည်။

ပြီးခဲ့သည့်နှစ်ကလည်း ဦးနှောက်ခွဲစိတ်ကုသရမည့် ( ၁၀)လသားအရွယ် ကလေးငယ်ကို ရော်နယ်ဒို အလှူ ငွေပေးအပ်ခဲ့ဖွယ်ရှိကြောင်း ဒေးလီးမေးလ် သတင်းစာက ဖော်ပြထားသည်။
Nz ရိုးရာလေး
www.yoyarlay.com
https://www.facebook.com/yoyarlaydotcom/posts/891885034188083

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...