စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကိုယ်တွေ့အင်တာနက် ဟာသများ


အိမ်မှာ သူငယ်ချင်းတစ်ယောက်နဲ့ ကျွန်တော် နှစ်ယောက်ကို အင်တာနက် စက်က တစ်လုံးနဲ့…။ PCကတော့ ကိုယ့် PC နဲ့ ကိုယ်ပေါ့လေ..။ ကျွန်တော် သူငယ်ချင်းရဲ့ PC မှာ ဘာမှ ပြစ်ချက် ကြီးကြီးမားမား မရှိပါဘူး..။ တစ်ခုပဲ….ကီးဘုတ်(KB) ရဲ့ လက်ဝဲဘက် Shift က နည်းနည်း လွတ်ချင်နေတယ်..။ ဒါပါပဲ…………….။ ဒါပေမဲ့ ဒါက ပြဿနာဖြစ်လာတာပါ..။

သူကလည်း online မှာ chat တယ်ပေါ့ဗျာ…။ အဲဒီမှာ…မန္တလေးက ကောင်မလေးတစ်ယောက်နဲ့ တွေ့တော့…. အင်း..ဒီကောင်မလေး နာမည်က အပြည့်အစုံတော့ ကျွန်တော် မသိဘူး..။ သူကတော့ ” မဇင် ၊ မဇင် ” ဆိုပြီးရိုက်တယ်ဗျာ…။ သူရဲ့ လက်ကွက်က ကျွန်တော် zaw357@gmail.com ထက်ကောင်းပါတယ်….။ အမှားနည်းပါတယ်…။ ဒါပေမဲ့ chat ချင်ဇောက များနေတော့ စာကို ပြန်မကြည့်မိဘူး ကုန်းရိုက်တယ်ပေါ့ဗျာ.. ။ ဒီမှာ ကီးဘုတ် က ဘယ်ဘက် Shift က လွတ်နေတော့ ” မဇင် ၊ မဇင် ” ရိုက်လိုက်တိုင်း.. ဟိုဘက်က ကောင်မလေး က ဘယ်လိုဖြစ်မလဲ မသိဘူး..။ ဒီဘက်က ကျွန်တော်တို့တောင်မှ ဟဲ..ဟဲ..တွန့်တွန့်သွားတယ်….။ သူက လည်း ပြီးမှ တွေ့ရင် ” ဟာ..” ဆိုပြီးတွန့်တွန့်သွားတာပါပဲ…။


ဟိုဘက်က ကောင်မလေးကလဲ ပြောတယ်…” စာကိုမှန်အောင်ရေးပါ “တဲ့ ။
သူငယ်ချင်းတို့လဲ သိတဲ့ အတိုင်းပဲလေ……..။ ကီးဘုတ် ဘယ်ဘက်မှာရှိတဲ့ ” Z ” ဆိုတာက ဒီအတိုင်းဆိုရင် ” ဖ ” လေ…။ Shift နဲ့ တွဲပြီး နှိပ်ရင် ” ဇ ” လေ…။ ဒီမှာ ကျွန်တော့်သူငယ်ချင်းရဲ့ ကီးဘုတ်က ဘယ်ဘက် Shift ကလွတ်နေတော့… ဟိုကောင်မလေး ” မဇင် ” ကိုလေ ကျွန်တော့် သူငယ်ချင်းက ” မ..င် ” ဆိုပြီး.. ခေါ်နေမိတာပေါ့ဗျာ….။

သူငယ်ချင်းတို့တွေလည်း………. KB သော်လည်းကောင်း ၊ mouse သော်လည်းကောင်း လွတ်ခြင်း ၊ မှားခြင်းမှ…ကင်းဝေးပါစေဗျာ….။

Credit: ကိုဇော်

https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616274

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...