တခါတုန်းက ဘုရင်ကြီးတစ်ပါးမှာ ဥာဏ်အမျှော်အမြင်ရှိပြီး ရုပ်ရည်ချောမောလှပတဲ့ မိဖုရားတစ်ပါး ရှိပါတယ်။ ဘုရင်ကြီးရဲ့ ပညာရှိအမတ်ကြီးကလည်း အင်မတန်မှ အားကိုးရပါတယ်တဲ့… ညီလာခံ ကျင်းပ တဲ့အခါမှာ ဘုရင်ကြီးဟာ မိဖုရားရော အမတ်ကြီးကိုပါ ခေါ်ယူဆွေးနွေးတိုင်ပင် တတ်ပါတယ်။
တခါမှာတော့ ညီလာခံအပြီး ဘုရင်ကြီးနဲ့ မိဖုရား ပြန်လည်ထွက်ခွာသွားချိန်မှာ
ဒါကို ရိပ်စားမိတဲ့ မိဖုရားကြီးဟာ အမတ်ကြီးကို ဆင့်ခေါ်ပြီး ရွှေခွက်၊ ငွေခွက်၊ ကြေးခွက်တို့ထဲမှာ ရေထည့်ကာ အမတ်ကြီးအား သောက်သုံးစေပါတယ်။ အမတ်ကြီး သောက်သုံးပြီးတဲ့အခါ.. မိဖုရားကြီးက ဘယ်ရေခွက်က ရေဟာ အကောင်းဆုံးပါလဲလို့ မေးလိုက်ပါတယ်။ ထိုအခါ အမတ်ကြီးက ဘယ်ရေခွက်ထဲမှာဘဲ ထည့်ထည့်.. ရေ ဟာ ရေပါဘဲ.. ရေရဲ့အရသာဟာ အတူတူပါဘဲလို့ဖြေလိုက်ပါတယ်
အမတ်ကြီးလည်း ပညာရှိသူဖြစ်လေတော့ မိဖုရားကြီးရဲ့ ဆိုလိုရင်းကို သဘောပေါက် နားလည်သွားပါတယ်… အဲ့ဒီအချိန်ကစလို့ အမတ်ကြီးလည်း စွဲလန်းစိတ်များကို ဖြေဖျောက်နိုင်သွားပြီး သူ့ရဲ့ မိသားစုနှင့်အတူ ပျော်ရွှင်စွာ နေထိုင်သွားပါတော့တယ်…. ဘယ်ရေခွက်ထဲက သောက်သောက်.. ရေ ဟာ ရေ ပါဘဲ….
အာကာသနှင့် စကြ၀ဠာ
https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616274
No comments:
Post a Comment