စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဦးနှောက် ကျန်းမာရေးကို ထိုက်စေသည့် ဘဝနေထိုင်မှု ပုံစံ



၁) လိုအပ်သည့် အိပ်ချိန်ထက် လျော့၍ အိပ်ခြင်း (အအိပ်နည်းခြင်း)
၂) ကြာရှည် အထားခံ အစားအစာများကို နေ့တဒူဝ စားသုံးခြင်း
၃) ဟိုင်းဝေးလမ်းမကြီး၊ မိန်းလမ်းမကြီး ဘေးတွင် နေထိုင်ခြင်း (မီးခိုးနံ့များကြောင့် ဦးနှောက်ကို ထိုက်စေသည်။)
၎) ဆေးလိပ်နှင့် အယ်လ်ကိုဟော ပါဝင်သော အရက်၊ Cocktail များ နေ့စဉ် သောက်ဖြစ်ခြင်း
၅) စိတ်ဖိစီးမှု များခြင်း
၆) တစ်နေကုန် အထိုင်များပြီး လှုပ်ရှားမှု မရှိခြင်း
၇) ဘာမှ မတွေးခေါ်ပဲ နေခြင်း (ဦးနှောက်ကို အလုပ်မပေးသောကြောင့်)

ဟိုင်းဝေးလမ်းဘေး အိမ်မှာနေတယ်ဆိုတာ အဓိကအားဖြင့်ကတော့ အနံ့ ကို ပြောခြင်တာ ဖြစ်ပါတယ်။ ဒီတော့ ဟိုင်းဝေးလမ်းဘေး မဟုတ်လည်း အနံ့ဆိုးတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ရင်လည်း ဦးနှောက်ကျန်းမာရေးကို ထိခိုက်ပါတယ်။ ဒါ့အပြင် တစ်နေကုန်အထိုင်များသူများ အနေနဲ့ အလုပ်များတာကို အကြောင်းပြပြီးတော့ လှုပ်ရှားမှုမရှိတဲ့ ဘဝနေထိုင်မှုမှာပဲ နေရင်လည်း ဦးနှောက်ကို ထိခိုက်ပါတယ်။ ဒါကြောင့်မို့ ဘယ်လောက်ပဲ ထိုင်ရတဲ့ အလုပ်ပဲ ဖြစ်ပါစေ လှုပ်ရှားမှုများ ပြုလုပ်ရန် လိုအပ် ပါတယ်။

နောက်တစ်ချက်ကတော့ ဘာမှ မလုပ်ပဲ နေခြင်းပါ။ အလုပ်မရှိ၊ ကျောင်းမရှိတာကို အကြောင်းပြပြီးတော့ အိမ်မှာ နေနေခြင်း သို့မဟုတ် တစ်နေရာရာမှာ အချိန်ဖြုန်းနေခြင်း တို့ကလည်း ဦးနှောက်ကို ထိခိုက်စေပါတယ်။ ဒါကြောင့်မို့ ဦးနှောက်ကျန်းမာစေရန် အတွက်၊ ဥာဏ်ရည် အတွက် တွေးတောမှုဆိုင်ရာ လေ့ကျင့်ခန်းများ၊ လေ့လာ ဖတ်ရှုစရာများ၊ တွက်ချက်စရာ များကိုကို အကယ်၍ ဘာမှ လုပ်စရာမရှိရင် လုပ်တတ်ဖို့ လိုအပ် ပါတယ်။
.
Ref: huffingpost
အောင်ခမ်း (ရိုးရာလေး)

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.5654

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...