စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ခြေလက်မပါ ကမ္ဘာကျော် စိတ်ဓာတ်မြင့်တင်ရေး ဟောပြောသူ Nick Vujicic



တစ်ချိန်တုန်းက ကလေးငယ်တစ်ယောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့ ကြိုးစားဖူးတယ်။ ခြေမပါ၊ လက်မပါပေမယ့် သာမန်လူတွေတက်တဲ့ ကျောင်းကို တက်ခဲ့တယ်။ အသက် ရှစ်နှစ်သားရောက်တော့ မိမိကို သတ်ပေးဖို့ အမေ့ဆီကနေ တောင်းဆိုခဲ့ဖူးတယ်။ အသက် ၁၀ နှစ်သား ရောက်တော့ ရေချိုးခန်းထဲမှာ ရေအနှစ်ခံပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ဖူးပါတယ်။ မအောင်မြင်ပါဘူး။

အသက် ၁၃ နှစ်သား ရောက်တဲ့အချိန် ဂျာနယ်တစ်စောင် ဖတ်ဖြစ်တယ်။ အင်္ဂါချို့ယွင်းသူ တစ်ယောက် အားကစား ထူးချွန်တဲ့ အကြောင်းလေး ပါလာတော့ သူ့ကိုယ်သူ မှန်ထဲမှာ ကြည့်လိုက်တယ်။ ငါ အခုလို ခြေလက်တွေ မဲ့နေတာက အကြောင်းမဲ့ မဟုတ်ဘူး။ ဒါဟာ ဘဝအခြေအနေမဲ့နေသူတွေ အားလုံးကို အင်အားပေးဖို့၊ ဖေးမပေးဖို့ ဖြစ်လာတာလို့ ယုံကြည်ချက် ချလိုက်ပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင်က ပြောဆိုမှုကို မေ့ပြီး ကြိုးစားလိုက်တာ စာရင်းကိုင်ဘွဲ့၊ Finance, စီးပွားရေး ဘွဲ့များကို ရရှိခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်တုန်းကလည်း သြစတေးလျ နိုင်ငံရဲ့ တစ်နှစ်အတာ အထူးချွန်ဆုံး လူငယ် နိုင်ငံသားဆုကို ရရှိခဲ့ပါတယ်။ သူ့အမည်ဟာ Nick Vujicic ဖြစပါတယ်။ အခုဆိုရင် သူဟာ ဘောလုံးကန်တတ်တယ်။ ရေလှိုင်းစီးတတ်တယ်။ ရေကူးတတ်တယ်။ ဂေါက်ရိုက်တတ်တယ်။ ပြီးတော့ အခြားသော အားကစားနည်း အတော်များများကိုလည်း ဆော့နိုင်ပါသေးတယ်။ သူ့ဆီမှာ ခြေသေးသေး၊ လက်သေးသေးများ ပါနေသေးပြီး ယင်းကို အသုံးချခြင်း ဖြစ်ပါတယ်။

နိုင်ငံပေါင်း ၆၀ ကို သွားရောက်ပြီး စိတ်ဓာတ်ကျနေသူ၊ ကိုယ်အင်္ဂါ ချို့ယွင်းသူ၊ မကျန်းမာသူ၊ အပြင် လူငယ်များကို ဟောပြောခဲ့ရာ သူ့ရဲ့ ဟောပြော ပို့ချမှုဟာ အင်အား ဖြစ်စေခဲ့ ပါတယ်။ အိမ်ထောင်ကျပြီး ကလေးတစ်ယောက် ရှိနေပါပြီ။ သူ့ဘဝ အကြောင်းကို http://en.wikipedia.org/wiki/Nick_Vujicic ထဲမှာ ဝင်ဖတ် နိုင်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...