စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







နှာခေါင်းမပါတဲ့ ကလေးငယ်တစ်ဦးကို မွေးဖွား

Ref : Mirror
အမေရိကန်နိုင်ငံ အလာဘာ မား ပြည်နယ်မှာ လွန်ခဲ့တဲ့သီတင်းပတ်က နှာခေါင်းမပါတဲ့ ကလေးငယ်တစ်ဦးကို မွေးဖွားခဲ့ပါတယ်။ အခုလိုဖြစ်ရပ်မျိုးဟာ လူ ၁၉၇သန်းမှာမှ တစ်ဦးဖြစ်ပွားနိုင်တဲ့ ရှားရှားပါးပါး ကိုယ်အင်္ဂါချို့ယွင်းမှုတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။

အီလီတွန်ဆန်လို့အမည်ပေး ထားတဲ့ ယင်းကလေးငယ်ကို မွေးဖွားခဲ့ချိန် မှာ ဆရာဝန်တွေကတောင် သတိမထားမိ ဘဲ ကလေးငယ်ဟာ အစစအရာရာ အခြေအနေကောင်းတယ်လို့ မှတ်ချက် ပေးခဲ့ကြပါတယ်။ ဒါပေမဲ့ မိခင်ဖြစ်သူ ဘရန် ဒီကတော့ မိမိကလေးငယ်ရဲ့ ချို့ယွင်းချက် ကို ချက်ချင်းသတိထားမိခဲ့ပြီး နှာခေါင်းမ ပါဘူးလို့ အော်ဟစ်မိခဲ့ပါတယ်။ ဆရာဝန် တွေဟာ အီလီအခြေအနေကို သတိပြုမိခဲ့ ပြီး ပြန်လည်စစ်ဆေးမှုပြုလုပ်တဲ့အချိန် မှာလည်း ကလေးငယ်ဟာ နှာခေါင်းမပါ တာကလွဲရင် ကျန်တဲ့ခန္ဓာကိုယ်ဖွံ့ဖြိုးမှု ဖြစ်စဉ်အားလုံးဟာ ပုံမှန်အတိုင်းကောင်း မွန်တာကို တွေ့ရှိခဲ့ရပါတယ်။

ဆရာဝန် တွေက အီလီလေးကို အသက်ရှူဖို့ လည် ပင်း မှာ လေပြွန်အကူတပ်ဆင်ပေးထားပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန် လျက်ရှိပါတယ်။ ဆရာဝန်တွေရဲ့ပြောကြား ချက်အရ အီလီလေးဟာငယ်လွန်းသေးတဲ့ အတွက် နှာခေါင်းပေါက် ခွဲစိတ်ကုသမှုပြု လုပ်နိုင်မှာမဟုတ်ဘဲ အရွယ်ရောက်လာ ချိန်မှသာ ခွဲစိတ်ကုသမှုပြုလုပ်နိုင်မယ်လို့ ဆိုပါတယ်။ အီလီလေးရဲ့မိဘတွေဟာ အခုဆို GO FundMe အကောင့်ဖွင့်ပြီး အီလီလေးရဲ့ ကျန်းမာရေးကုသစရိတ်အ တွက် ရန်ပုံငွေရှာဖွေလျက်ရှိနေတယ်လို့ လည်း သိရပါတယ်။

https://www.facebook.com/media/set/?set=a.889718877753021.1073742

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...