စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မြန်မာလူငယ်များဖွင့်သော Mobile ဖုန်းပြင်သင်တန်းနှင့် ဆိုင်



Myanmar Mobile App Store အမည်ရ ဝဘ်ဆိုဒ်နဲ့ Facebook Group ကို သိကြမှာ ဖြစ်ပါတယ်။ ယင်း အဖွဲ့မှ လူငယ်များဟာ MMAS Mobile Group မှ ရန်ကုန် နဲ့ မန္တလေးမြို့များ မှာမိုဘိုင်းဖုန်း သင်တန်းများကိုဖွင့်လှစ်ထားတဲ့ အပြင် ယခုအခါ မိုဘိုင်းဖုန်း Service Technician တွေအတွက် အဆင်ပြေဆုံးဖြစ်စေဖို့ မိုဘိုင်းဖုန်းပြုပြင်ရာ တွင် အသုံးပြုရသော Tools များ ၊ မိုဘိုင်းဖုန်းမော်ဒယ်အမျိုးမျိုး၏ အတွင်းပိုင်း ၊ အပြင်ပိုင်း အပိုပစ္စည်းများ (Spareparts) များကိုရောင်းချပေးမည့် မိုဘိုင်းဖုန်းအပိုပစ္စည်း မျိုးမျိုးအရောင်းဆိုင်ကို မန္တလေးမြို့မှာဖွင့်လှစ်တော့မှာဖြစ်ကြောင်း သိရှိရပါတယ် ။

လာမယ့် ၁၀ ရက်နေ့ (၁၀.၄.၂၀၁၅) ရက်နေ့မှာ စတင်ဖွင့်လှစ်သွား မယ်လို့သိရ ပါတယ်။ ပစ္စည်းစုံလင်မှူ နဲ့ အရည်အသွေးပိုင်းအတွက်လည်း သေချာဂရုစိုက်လုပ်ဆောင်ထားပါတယ်တဲ့ ။ ဈေးနှူန်းသင့်တင့်ချိုသာစွာဖြင့် ရောင်းချပေးသွားပါမယ်။ မိုဘိုင်းဖုန်းဆားဗစ် Technician ညီအကိုမောင်နှမ များအနေနဲ့လည်း နောက်ထပ်ရွေးချယ် စရာဆိုင်တစ်ခု အနေနှင့်လာရောက် အားပေးရင်း အရောင်းဆိုင်အားပိုမိုကောင်းမွန်စေ ရန်အတွက်လိုအပ်သည့် အကြံဥာဏ်များလည်း ပေးသွားကြဖို့ကိုလည်း MMAS မှဖိတ်ခေါ်ထား ပါတယ်။

#yyl_advertisement

https://www.facebook.com/yoyarlaydotcom/photos/a.247917771918149.56547.1716

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...