စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







မန္တလေးမှ အလှူ့ဒါယိကာမတစ်ဦး ရွှေခြောက်ဆယ်ကျပ်သားဖြင့် အင်္ကျီချုပ်ဝတ်ဆင်



မန္တလေးမြို့တည်နန်း တည်သတ္တဌာနအဆောက်အအုံ အား လှူဒါန်းခဲ့သည့် အလှူ့ဒါယိ ကာမ ဒေါ်မြင့်မြင့်သန်းဝတ်ဆင် ရန်ဝတ်စုံကို မြန်မာကျပ်ငွေသိန်း ငါးရာတန်ဖိုးနှင့်ညီမျှသည့် ရွှေ ခြောက်ဆယ်ကျပ်သားအသုံးပြု ကာ ဒီဇိုင်နာမျိုးမင်းစိုးက ဖန်တီး ပေးခဲ့ကြောင်းသတင်းရရှိသည်။

ထိုရွှေအချိန်ခြောက်ဆယ် ကျပ်သားဖြင့် ဖန်တီးသည့် အင်္ကျီ ကို အောင်သမာဓိရွှေဆိုင်က ရွှေ ပြားများဖြင့် သီတင်းတစ်ပတ်ကျော်ကြာ အချိန်ယူချုပ်လုပ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဒီဇိုင်နာမျိုးမင်း စိုးကပြောသည်။

‘‘ရွှေနဲ့ ချုပ်ရတာဆိုတော့ အင်္ကျီက အရမ်းတန်ဖိုးကြီးတယ်။ အရင်က အ၀တ်အစားမှာ ရွှေသုံး ချင်ကြရင်တော့ တစ်ထည်လုံးအပြည့်မပါဘူး။ ရွှေပ၀ါလောက်ပဲ သုံးတယ်။ အခုက အင်္ကျီတစ် ထည်လုံးကို ရွှေတွေအပြည့်ချုပ် ပေးရတာပါ။ ရွှေအစစ်တွေဆို တော့ လက်ချုပ်နဲ့ပဲ ချုပ်လုပ်ပေးခဲ့တယ်။ အဓိကက ရင်ခံမှာ ရွှေတွေ သုံးပေးထားတယ်’’ဟု ဒီဇိုင်နာ မျိုးမင်းစိုးကပြောသည်။

ရွှေအင်္ကျီကို ၀တ်ဆင်ခဲ့သည့် ဒေါ်မြင့်မြင့်သန်း၏ခင်ပွန်း ဦးကျော်ဝင်းက ‘‘ကျွန်တော့်ဇနီးက ပေါ်ပြူလာဖြစ်ချင်လို့ ရွှေအင်္ကျီ ချုပ်ဝတ်ဆင်ခဲ့တာတော့ မဟုတ် ပါဘူး။ အောင်သမာဓိရွှေဆိုင်နဲ့က ခင်နေတော့ ကြော်ငြာပေးသလို လည်းဖြစ်အောင် ချုပ်ဖြစ်ခဲ့တာ ပါ။ ရွှေအင်္ကျီဆိုတော့ တခြားအင်္ကျီတွေထက် ပိုက်ဆံထုတ်ပေးလိုက်ရတာပေါ့ဗျာ’’ဟု ပြော ကြားသည်။

မတ်လ ၂၉ရက်က မန်းမြေ ရာဇာအိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းလုပ်ကိုင်နေသူ ဦးကျော် ၀င်းနှင့် ဇနီးဒေါ်မြင့်မြင့်သန်းတို့က ဒုတိယကမ္ဘာစစ်အတွင်းပျက်စီးခဲ့ သည့် မန္တလေးမြို့တည်နန်းတည် သတ္တဌာနအဆောက်အအုံများကို ကျပ်သိန်းပေါင်းငါးသောင်းကျော် ဖြင့် တစ်ဖန်ပြန်လည်တည် ဆောက်လှူဒါန်းခဲ့ပြီး ဖွင့်ပွဲအခမ်း အနားကို ပြုလုပ်ခဲ့သည်။

7Day Daily

https://www.facebook.com/myanmaronlinemedianews/photos/pb.459386844101959.-2207

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...