စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကျောင်းသားလူငယ်များရဲ့ လက်တစ်ကမ်းမှ အန္တရာယ်များ


ယနေ့ကျောင်းသားအချို့နဲ့ လူငယ်လေးတွေရဲ့ လက်တစ်ကမ်းမှာရှိတဲ့ အန္တရာယ်တွေထဲက ကွမ်းယာ၊ စီးကရက်နဲ့ အရက်အကြောင်းကို စပြောရမှာဖြစ်ပါတယ်။ အလယ်တန်းကျောင်းသားလောက်ရောက် ပြီးဆိုရင် ကွမ်းယာစားတတ်လာကြပါပြီ၊ ကျွန်တော်တို့ငယ်ငယ်က မိဘဆရာတွေကကျောင်းသားဆို တာ ကွမ်းမစားရဘူး။ အင်္ဂလိပ်စကားပြောရင် လျှာကြီးထူနေတဲ့အခါ အသံမပီမသဖြစ်တတ်တယ်။ ကျောင်းသားနဲ့ကွမ်းယာနဲ့ ဘာမှမဆိုင်ဘူးလို့ ဆုံးမပါတယ်။ မိဘဆရာတွေရဲ့ ဆုံးမစကားကို လိုက်နာ ကြတဲ့သူများပါတယ်။ အဲဒီအချိန် (လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ လောက်) ကကွမ်းယာဆိင်ဆိုတာလည်း အခုလိုမပေါသေးပါဘူး။ အခုတော့ကွမ်းယာဆိုင်က လက်ညှိုးထိုးလို့ မလွဲတော့ပါဘူး။ ကွမ်းယာဆိုင် မှာရောင်းတဲ့ ကွမ်းစားဆေးတွေဆိုတာလည်း တစ်ဖက်နိုင်ငံမှနည်းမျိုးစုံနဲ့ ဝင်ရောက်လာတဲ့အတွက် ပြည်တွင်းမှာကြိုက်သလောက် ဝယ်လို့ရနေပါတယ်။ အဲဒီလိုဝင်ရောက်လာတဲ့ ကွမ်းစားဆေးမျိုးစုံတွေ ကို ထိထိရောက်ရောက် တားမြစ်သင့်ပါတယ်။

အလယ်တန်းကျောင်းသားလောက်ဆိုရင် ကွမ်းနဲ့ဆေးလိပ်အပြင် အရက်ပါသောက်တတ်လာကြပါ တယ်။ စာမေးပွဲအောင်တဲ့အခါ၊ သူငယ်ချင်းတွေဆုံတဲ့အခါ အရက်သောက်ဖို့တာစူနေကြတာဟာ မှား ယွင်းတဲ့အလေ့အထဖြစ်ပါတယ်။ ကျောင်းဝတ်စုံဝတ်ပြီး နုနယ်သေးတဲ့ အနာဂတ်ရဲ့သားကောင်းရတ နာလေးတွေ လမ်းလွှဲလိုက်နေတာကို မိဘ၊ ဆရာများပူးပေါင်းပြီး အချိန်မီပြုပြင်သင့်ပါတယ်။ သူတို့ လေးတွေပညာသင်ကြားနေရတဲ့ ကျောင်းတော်ကြီးရဲ့ မလှမ်းမကမ်းမှာ အရက်၊ ဘီယာဆိုင်တွေရှိသ လို ကွမ်းယာဆိုင် (စီးကရက်အပါအဝင်) တွေက လက်ညှိုးထိုးလို့မလွဲပါဘူး။

ပညာသင်ကြားနေတဲ့အချိန်မှာ ကွမ်းစား၊ ဆေးလိပ်သောက်၊ ဘီယာ၊ အရက်သောက်တတ်တဲ့ အလေ့ တွေက အတုမြင်အတတ်သင်လာကြတာဖြစ်သလို အချိန်မရွေး၊ အသက်အရွယ်မရွေး ဝယ်လို့ရနေ တာကြောင့် ဖြစ်ပါတယ်။ အဲဒီလိုမလှမ်းမကမ်းမှာရှိနေတဲ့ အရာတွေအားလုံးကို အချိန်တိုင်းဝယ်လို့ရ နေတယ်ဆိုတာလည်း မဖြစ်သင့်ပါဘူး။ သက်ဆိုင်ရာ အုပ်ချုပ်ရေးနယ်ပယ်မှာ တာဝန်ရှိတဲ့သူတွေ ဘက်ကလည်း ထိထိရောက်ရောက် ဆောင်ရွက်သင့်ပါတယ်။ အရက်ဆိုင်၊ ဘီယာဆိုင်တွေမှာ ကြည့် လိုက်ရင်လူငယ်တွေတော်တော်များများကို အမြဲမြင်တွေ့နေရပါတယ်။ ကျောင်းသား၊ လူငယ်တွေ အရက်ဆိုင်၊ ဘီယာဆိုင်မှာများနေသရွေ့ တိုင်းပြည်ရဲ့လူ့စွမ်းအားအရင်းအမြစ်တွေ ကျဆင်းသွားပြီး အခြားနိုင်ငံတွေနဲ့ နှိုင်းယှုဉ်လိုက်ရင် နောက်ကျကျန်ခဲ့ဦးမှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ပြောခဲ့သလို သူများ တွေတစ်လှမ်းလှမ်းနေတဲ့အချိန်မှာ ကျုပ်တို့က ဆယ်လှမ်းလှမ်းရမယ်ဆိုတာထက် ယနေ့ခေတ်မှာ သူများတွေတစ်လှမ်းကို ကျွန်တော်တို့လူငယ်တွေက အလှမ်းတစ်ရာလောက် လှမ်းရမှာဖြစ်ပါတယ်။ အဲဒီလိုအချိန်မှာ လူငယ်တွေက ကွမ်းယာလေးငုံ၊ ဆေးလိပ်ကိုခဲ၊ အရက်လေးတမြမြနဲ့ နေကြဦးမယ် ဆိုရင် . . . .။

ကျောင်းမှထွက်ပြီး အပြင်လောကရောက်နေတဲ့ လူငယ်အချို့အနေနဲ့လည်း ဆင်ခြင်တုံတရားနည်း လာကြတာတွေ တွေ့မြင်နေရပါတယ်။ အုပ်စုဖွဲ့ကျူးလွန်တဲ့ မှုခင်းတွေကိုလေ့လာကြည့်ရင် လူငယ် လေးတွေ ပါဝင်ပတ်သက်နေတာတွေကို စာဖတ်သူများသိပြီးဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့ လမ်း ပျောက်နေတာလား၊ ရည်ရွယ်ချက်မဲ့နေတာလားဆိုတာ သုံးသပ်ရမှာဖြစ်ပါတယ်။

ဒီနေ့လူငယ်အချို့တွေကို လေ့လာကြည့်ရင် အရွယ်ကောင်းတုန်းမှာ အရက်ကျွန်ဘဝရောက်တဲ့သူတွေ တော်တော်များနေတာ တွေ့ရပါတယ်။ အရက်ဆိုင်မှပြန်ထွက်လာတဲ့ ဗိုက်ပူနံကားလေးတွေ၊ ချည့်နေ တဲ့သူတွေ၊ ရှိုက်ကုန်းလေးတွေကို မြင်တွေ့ရတိုင်း အခုလိုအချိန်အခါမှာ တိုင်းပြည်နဲ့လူမျိုးအတွက် ကာကွယ်ဖို့လူငယ်တွေထွက်ကြဆိုရင် ဘယ်လိုလုပ်မလဲလို့ တွေးမိပါတယ်။ အဲဒီအတွေးကို အနီးမှာရှိ တဲ့ အမျိုးသမီးတွေကို ဖွင့်ပြောကြည့်တဲ့အခါ “သူတို့မထွက်နိုင်လဲ ကျွန်မတို့ထွက်မှာပေါ့လို့” ပြောကြပါ တယ်။

ကျွန်တော်တို့နိုင်ငံမှာရောင်းချနေတဲ့ အရက်၊ ဘီယာဆိုင်၊ ကွမ်းယာဆိုင်တွေမှာဝယ်ယူ သောက်သုံးတဲ့ လူတွေကိုလေ့လာကြည့်ရင် လူငယ်ရာခိုင်နှုန်းကပိုများပါတယ်။ လူငယ်ရဲ့သဘာဝက အရာရာကို လက်တည့်စမ်းချင်ကြတယ်။ သွေးကြွလွယ်တယ်၊ ရှူးရှူးဒိုင်းဒိုင်းလုပ်တတ်တယ်၊ စဉ်းစားဆင်ခြင်နိုင် တဲ့ အခြေအနေနည်းတဲ့အတွက် ပြဿနာဖြစ်ဖို့ နီးစပ်ပါတယ်။ ဒီနေ့လူငယ်တွေကို သတိတစ်ခုတော့ ပေးချင်ပါတယ်။ ကျွန်တော်တို့ရဲ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဆိုရင်

တိုင်းပြည်လွတ် လပ်ရေးရဖို့အတွက် ကြိုးစားနေတဲ့အချိန်မှာ လူငယ်အရွယ်ပဲရှိပါသေးတယ်။ အဲဒီလိုပဲ လွတ်လပ်ရေးရ ဖို့အတွက် ကလောင်ကိုင်ခဲ့ကြတဲ့ စာပေပညာရှင်ကြီးတွေရှိခဲ့ပါတယ်။ အဲဒီပညာရှင်ကြီးတွေလည်း လွတ်လပ်ရေးရဖို့ ကြိုးပမ်းစဉ်က လူငယ်တွေပဲဖြစ်ပါတယ်။

နောက်ထပ် ကျောင်းသားလူငယ်ထုအတွင်းကို ထိုးဖောက်ဝင်ရောက်နေတဲ့ အန္တရာယ်တစ်ခုက ဆေး မင်ကြောင် (တက်တူး) ထိုးခြင်းဖြစ်ပါတယ်။ ဒီနေ့ကျောင်းသားအချို့ ဆေးမင်ကြောင်ထိုးတဲ့ အလေ့အ ထတွေတော်တော်များနေတာ လေ့လာတွေ့ရှိရပါတယ်။ သူတို့က ဂိုဏ်းပုံစံမျိုး အမှတ်အသားတစ်ခု လုပ်ပြီးထိုးကြတယ်။ သူတို့နဲ့နည်းနည်းအဆင်မပြောတဲ့ကျောင်းသား၊ အနိုင်ကျင့်လို့ရမယ့် ကျောင်း သားဆိုရင်အုပ်စုဖွဲ့ပြီး ဗိုလ်ကျလေ့ရှိပါတယ်။ ကျွန်တော်တို့နားက ကျောင်းမှာဆိုရင် ကျောင်းသား လေးတွေရဲ့ လက်ကောက်ဝတ်မှာ အမှတ်အသားတစ်ခုထိုးထားလေ့ရှိပြီး စေတန်ဂိုဏ်းဆိုပြီးနာမည် ပေးထားတယ်။ ခပ်နုံနုံကျောင်းသားကိုတွေ့ရင် ရန်စမယ်၊ ပြီးရင် မင်းတိုင်ရဲတိုင်ကြည့် ငါတို့အဖွဲ့နဲ့ တွေ့မယ်ဆိုပြီး ခြိမ်းခြောက်လိုက်ပါသေးတယ်။ အချို့ကလေးတွေက အနိုင်ကျင့်ခံရမှာကြောက်လို့ ကျောင်းဆက်မတက်တော့ဘူးလို့ ပြောလာတဲ့အထိ ရှိနေပါတယ်။ ဆရာ၊ ဆရာမတွေဆုံးမတာကို လည်း မနာခံကြတော့ပါဘူး။

ကျောင်းမှာ ပြဿနာဖြစ်လို့ စာမေးပွဲနှစ်ကြိမ်ကျလို့ အပြင်ရောက်နေတဲ့ လူငယ်လေးတွေအနေနဲ့ ကျောင်းပြင်မှာ အုပ်စုဖွဲ့ပြီးဆိုးသွမ်းနေတာလည်း ကြားသိနေရပါတယ်။ သူတို့က ဆေးမင်ကြောင်ထိုး ကြတယ်။ အထက်ကပြောခဲ့သလို အမှတ်အသားတစ်ခုခု သတ်မှတ်ပြီးဂိုဏ်းဖွဲ့တဲ့ပုံစံတွေ လုပ်လာကြ ပါတယ်။ ကောင်းကောင်းမွန်မွန်နဲ့ ကျောင်းတက်နေတဲ့ ကျောင်းသားလေးတွေကို ရန်စတယ်၊ ကျောင်း သူလေးတွေကို မဖွယ်မရာတွေလိုက်ပြောကြတယ်။

ကျောင်းသူလေးတွေက ရှက်လို့ဘယ်သူ့ကိုမှလည်း ပြန်မပြောပြပါဘူး။ အချို့ကျောင်းသူလေးတွေက မိဘတွေကိုပြန်ပြောတဲ့အခါ မိဘတွေက နေ့စဉ်ကျောင်းလိုက်ပို့ကြရပါတယ်။ သက်ဆိုင်ရာ ကျောင်း ဆရာ၊ ဆရာမတွေက သူတို့ကျောင်းဝင်းထဲမှာ ပြဿနာတွေမဖြစ်ဖို့ ထိန်းသိမ်းနိုင်ကြပေမယ့် အပြင်မှာ ဖြစ်တာကိုတော့ သူတို့လည်းလိုက်မကြည့်နိုင်ပါဘူး။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက အဖွဲ့တွေကမိခင်နဲ့ ကလေး၊ အမျိုးသမီးစောင့်ရှောက်ရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီး ကျောင်းအနီးပတ်ဝန်းကျင်မှာ စောင့် ရှောက်ပေးနေတာတွေရှိကြပါတယ်။ အဲဒီလိုစောင့်ရှောက်နေတဲ့အဖွဲ့တွေနဲ့ ဝေးတဲ့နေရာကနေ လိုက် နှောင့်ယှက်နေတဲ့ ကျောင်းတွင်း၊ ကျောင်းပြင်က လူမိုက်ဂိုဏ်းဆန်ဆန် လုပ်ဆောင်နေကြတာတွေကို ဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူသင့်ပါတယ်။ လူမိုက်ဆန်ဆန်ဂိုဏ်းဖွဲ့အနိုင်ကျင့်လို့ အထက်တန်းကျောင်းကြီးတစ်ကျောင်းက ကိုးတန်းကျောင်းသားလေးဆိုရင် အခြားကျောင်းကို ပြောင်း ရွှေ့သွားရသလို ရှစ်တန်းကျောင်းသားလေးတစ်ယောက်က တစ်နှာရီနားလိုက်ရပါတယ်။

ကျောင်းသားလူငယ်တွေအနေနဲ့ ဆေးမင်ကြောင်ထိုးတဲ့ အလေအထကို မလုပ်သင့်ပါဘူး။ ငယ်ရွယ်တဲ့ အချိန်မှာ သူများလုပ်လို့ဆေးမင်ကြောင်တွေ့လိုက်ထိုးခဲ့တဲ့လူငယ်လေးတစ်ယောက်က အခုလိုရင်ဖွင့် ပါတယ်။ “အစ်ကိုရေကျွန်တော်ငယ်ငယ်က သူများလုပ်လို့ လိုက်လုပ်ခဲ့ကာအခုအရွယ်ရောက်လာတဲ့ အခါ ကျွန်တော်လူတောထဲကို မတိုးရဲတော့ဘူး။ လူအများရှိတဲ့နေရာကို မဖြစ်မနေသွားရရင် လက် ရှည်အင်္ကျီဝတ်ပြီး သွားရတယ်။ ရွာတွေကိုသွားတဲ့အခါ တစ်ကိုယ်လုံးမှာရှိတဲ့ ဆေးမင်ကြောင်တွေကို ကြည့်ပြီး လူမိုက်လားလို့ အထင်ခံရတယ်။ အခုတော့ဆေးမင်ကြောင်တွေကို ဖျက်လို့လည်းမရတော့ ဘူး၊ အဲဒါတွေကိုကြည့်ပြီး စိတ်ညစ်နေတယ်အစ်ကိုရာ . .” လို့ပြောပါတယ်။

ကျောင်းသားလူငယ်လေးတွေအနေနဲ့ အရွယ်မရောက်ခင် (အသက် ၁၈ နှစ်မပြည့်မီ) မှာဆေးမင် ကြောင်တွေထိုးထားရင် အရွယ်ရောက်လာလို့ အစိုးရအလုပ်၊ ကုမ္ပဏီအလုပ်ကိုလျှောက်တဲ့အခါ ဆေး မင်ကြောင်တွေကြောင့် အလုပ်ရမှာမဟုတ်ပါဘူး။ စစ်ဗိုလ်ကြီးလုပ်မယ့်သူကလည်း ဆေးမင်ကြောင် တွေကြောင့် စစ်ဗိုလ်လုပ်လို့မရတော့ပါဘူး။ ငယ်ရွယ်စဉ်က မသိနားမလည်လို့ အများလုပ်လို့ဆိုပြီး ဆေးမင်ကြောင်တွေ ထိုးထားတဲ့အခါ အရွယ်ရောက်လာတဲ့အချိန်မှာ နောင်တတွေရတတ်ပါတယ်။ ပညာသင်ကြားတဲ့အရွယ်မှာ ကျောင်းစာကိုပဲ အဓိကထားသင့်ပါတယ်။ ကျောင်းသားတစ်ယောက်အ နေနဲ့ လေ့လာသင့်လေ့လာထိုက်တဲ့စာပေ၊ ပညာရမယ့်စာပေမျိုးတွေ ဖတ်မှတ်လေ့လာထိုက်တဲ့စာပေ၊ ပညာရမယ့်စာပေမျိုးတွေ ဖတ်မှတ်လေ့လာမယ်၊ ကျန်းမာရေးအတွက် အားကစားလုပ်မယ်ဆိုတဲ့ စိတ်မွေးရမှာဖြစ်ပါတယ်။

ဆေးမင်ကြောင်ထိုးတဲ့ဓလေ့က လူငယ်ယောက်ျားလေး၊ မိန်းကလေးတွေထဲကို တော်တော်ပျံ့နှံ့နေ တာလေ့လာတွေ့ရှိရပါတယ်။ ဆေးမင်ကြောင်ထိုးထားတဲ့ အနုပညာရှင်တွေကို အတုယူပြီး ထိုးလာကြ တယ်လို့လည်း သုံးသပ်လို့ရပါတယ်။ ဟိုကအနုပညာရှင်ဖြစ်ပါတယ်၊ ကိုယ်ကဘာမှမဟုတ်သေးဘူးဆို တာ သတိထားသင့်ပါတယ်။ ရှေ့ကိုတက်လမ်းရှိတဲ့ ကျောင်းသားလူငယ်တွေအနေနဲ့ အတုခိုးမမှားကြ စေချင်ပါဘူး။

ဇန်နဝါရီ ၇ ရက်ထုတ် ပုဂ္ဂလိကသတင်းစာတစ်စောင်မှာ ကျောင်းသူ၊ ကျောင်းသားများကို တက်တူး မထိုးရန် ပညာရေးဝန်ကြီးဌာနက တားမြစ်သွားမယ်ဆိုတဲ့ သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။ သတင်းမှာဖော်ပြထားတာက “အခြေခံပညာကျောင်းသူ၊ ကျောင်းသားများတွင် တက်တူးထိုးခြင်းနှင့် လူမိုက်ဂိုဏ်းအသွင်ဆောင် လုပ်ဆောင်လာမှုများကြောင့် ထိန်းသိမ်းမှုများ ပြုလုပ်သွားမယ့်အကြောင်း၊ မိဘ၊ ဆရာများနှင့် ပူးပေါင်းကာ ကျောင်းပတ်ဝန်းကျင်တွင်ဖွင့်လှစ်ထားသည့် တက်တူးဆိုင်များကို ကျောင်းနှင့်ဝေးသည့်နေရာများသို့ ပြောင်းရွှေ့ဖွင့်လှစ်ရန်နှင့် အသက် ၁၈ နှစ်မပြည့်သေးသူများ တက်တူးထိုးခြင်းကို တားမြစ်ရန်သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်ပူးပေါင်းပြီး လိုက်လံအသိပေးမှုများပြု လုပ်သွားမယ့်အကြောင်း၊ လိုအပ်တဲ့အခါ သက်ဆိုင်ရာဝန်ကြီးဌာနသို့တင်ပြကာ အကူအညီနှင့် စည်း ကမ်းချက်များကို ထုတ်ပြန်ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဆေးမင်ကြောင်ထိုးတဲ့ဓလေ့ရဲ့ နောက်ကွယ်က အကျိုးဆက်တွေကိုကျောင်းသား၊ ကျောင်းသူလေး တွေ နားလည်အောင် ပညာပေးအစီအစဉ်တွေ ထိထိရောက်ရောက်လုပ်ဖို့လိုအပ်မှာဖြစ်ပါတယ်။ ဆေး မင်ကြောင်ထိုးတဲ့ အလုပ်နဲ့အသက်မွေးတဲ့သူတွေအနေနဲ့လည်း အသက် (၁၈) နှစ်မပြည့်သေးတဲ့သူ တွေ၊ ကျောင်းသား၊ ကျောင်းသူတွေဆေးမင်ကြောင်လာထိုးတဲ့အခါ နားလည်အောင်ရှင်းပြပေးဖို့ အကြံ ပြုလိုပါတယ်။ အချို့ကျောင်းသားလေးတွေက ဆေးမင်ကြောင်ထိုးဖို့ လိုအပ်တဲ့ပစ္စည်းတွေကိုဝယ်ပြီး ကိုယ့်အချင်းချင်း အပြန်အလှန်ထိုးကြတယ်လို့ သိရပါတယ်။ ကျောင်းသားလူငယ်ထုအတွင်း ဆေးမင် ကြောင်ထိုးတဲ့ဓလေ့နည်းပါးသွားဖို့ဆိုတာ ကျောင်းသားလူငယ်တွေကိုသာမက ဆေးမင်ကြောင်ထိုးတဲ့ အလုပ်နဲ့ အသက်မွေးတဲ့သူတွေ၊ ပစ္စည်းရောင်းတဲ့ ဆိုင်တွေကိုပါ ပညာပေးတဲ့ အစီအစဉ်လုပ်ဖို့လိုသ လို ထိရောက်တဲ့စည်းကမ်းချက်တွေလည်း ချမှတ်သင့်ပါတယ်။ အရက်၊ ဆေးလိပ်တွေကို အသက် (၁၈) နှစ်အောက်မဝယ်ရလို့ တားမြစ်ချက်ကလည်း ယနေ့အထိ ထိရောက်မှုမရှိတာကိုလည်း တွေ့မြင် နေရပါတယ်။

နိုင်ငံရဲ့အနာဂတ်လူငယ်လေးတွေ၊ ကျောင်းသား၊ ကျောင်းသူလေးတွေရဲ့ လက်တစ်ကမ်းမှာ စာကြည့် တိုက်တွေ၊ အားကစားကွင်းတွေရှိရမယ့်အစား အရက်ဆိုင်၊ ကွမ်းယာ၊ ဆေးလိပ်ဆိုင်တွေအပြင် အခု တော့ တက်တူးလို့ခေါ်တဲ့ ဆေးမင်ကြောင်ထိုးတဲ့ဓလေ့တွေ၊ မကောင်းတဲ့စရိုက်လက္ခဏာတွေက သူတို့လေးတွေရဲ့ လက်တစ်ကမ်းမှာရောက်နေတဲ့ အန္တရာယ်တွေကိုမိဘ၊ ဆရာပူးပေါင်းဆောင်ရွက်ရ မှာဖြစ်သလို သက်ဆိုင်ရာတာဝန်ရှိသူတွေကလည်း ထိထိရောက်ရောက်ဆောင်ရွက်ပေးရမှာ ဖြစ်ပါ တယ်။ ပြည်သူကရွေးချယ်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ် လွှတ်တော်အမတ်မင်းများအနေနဲ့ ကျောင်း သား၊ လူငယ်လေးတွေရဲ့ လက်တစ်ကမ်းမှာရှိနေတဲ့ အန္တရာယ်တွေကင်းရှင်းပြီး အနာဂတ်လှပဖို့အ တွက် လက်ကျန်အချိန်လေးမှာ ဆောင်ရွက်ပေးစေလိုပါတယ်။

ကျောင်းသား၊ လူငယ်လေးတွေကို အဓိကပြောချင်တာက အရက်၊ ဆေးလိပ်၊ ကွမ်းယာတို့ကို သုံးစွဲမိ တဲ့အခါ ဖြတ်လို့ရနိုင်ပေမယ့် ဆေးမင်ကြောင်တွေကိုတော့ ဖျက်လို့မရပါဘူး။ အညွန့်တလူလူတက်နေ တဲ့ကျောင်းသား၊ လူငယ်တွေအနေနဲ့ မိမိတို့ရဲ့ဘဝတစ်လျှောက်လုံးကောင်းကျိုးမပေးတဲ့ အရာတွေကို ရှောင်ရှားကြစေလိုပါတယ်။ အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး၊ ဤသုံးမျိုးချက်မပိုင် နောင်ပြင်ရန်ခက်သည့်အမျိုးဆိုတဲ့ ဆုံးမစကားကို ထာဝရလက်ကိုင်ထားပြီး စဉ်းစားဆင်ခြင်နိုင်ကြပါ စေ။

Democracy Today Daily.
https://www.facebook.com/searchmyanmar/photos/a.356889637687313.84429.120616274

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...