စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင်္ကြန်စာနှင့် ဗေဒင်ဝါဒ

                         


သင်္ကြန်မှာ ပထမ အကျနေ့၊ဒုတိယ အကြတ်နေ့၊တတိယ အတတ်နေ့ဆိုပြီး သုံးခု ခွဲထားတယ်။နောက်နေ့ကျတော့ နှစ်ဆန်းတစ်ရက်နေ့လို့ ခေါ်ကြတယ်။
ဒါဟာ ဗေဒင်သြဇာလွှမ်းမိုးတဲ့ သဘောပဲဗျ။

ဗေဒင်ပညာရှိဆိုတဲ့ ပုဏ္ဏားတွေလွှမ်းမိုးတော့ သူတို့အယူအဆ၊
သူတို့ဝါဒလည်း လွှမ်းမိုးပေရော့ပေါ့ဗျာ။

သင်္ကြန်စာများဖြန့်ဝေပြီး သူတို့ဝါဒကို သိမ်းသွင်း၊ နောက်လူတွေက လေ့လာ၊
ဒီစာဒီမူအတိုင်း ထုတ်တော့ ဗုဒ္ဓဘာသာဝင်တွေပါ လိုက်လုပ်ကြရောဗျာ။

နှစ်ဟောင်းကပဲ မသန့်ရှင်းခဲ့ကြတဲ့ အညစ်အကြေးတွေပါလာတယ်ဆိုပြီး
ခေါင်းတွေလျှော်ကြ၊ အဝတ်သစ်တွေ ဝတ်ကြ၊ဒီတင် မကသေးဘူး။
ဘာလုပ်ကြပြန်သလဲ ဆိုတော့ဘယ်နေ့ သားသမီး တာစားတယ်ဆိုပြီး
“တာအိုးလေးတွေ” လုပ်ကြ၊ ပူဇော်ကြ။အခါနားနီးတော့ ဈေးတစ်ပတ်လည်မှာ တွေ့မှာပါ။
ဒါက “ပုဏ္ဏားတွေရဲ့ ဝါဒ” ပါဗျာ။
-【ကျေးဇူးတော်ရှင်ဝေဘူဆရာတော်ကြီး】

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...