စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







အရေးပါသောအလုပ်

               
တနေ့သော် မော်တော်ကားတီထွင်ထုတ်လုပ်သော ဟင်နရီဖို့ဒ်သည် သူ၏ အလုပ်သမားများ အရည်အချင်းကို အကဲဖြတ်နိုင်စေရန် ကျွမ်းကျင်သူ အရာရှိ တစ်ဦးကို ငှားရမ်းပြီး ကုမ္ပဏီကို လှည့်ပတ်ကြည်ရူစေသည်။

"အလုပ် မလုပ်တဲ့ အလုပ် သမားတွေရဲ့ နာမည် စာရင်း ကျွန်တော်ဆီကို တင်ပေးပါ၊ တကယ် မလုပ်ရိုးမှန်ရင် ကျွန်တော် အလုပ် ဖြုတ်ပြစ်လိုက်ပါ့မယ်။"

ယင်းကျွမ်းကျင်သူက ကြိမ်ဖန်များစွာ ဂရုတစိုက် လှည့်ပတ် ကြည့်ရူပြီး ဖို့ဒ်ထံ လာရောက် အစီရင်ခံသည်။
"အားလုံး အလုပ် ကြိုးစားကြပါတယ်။ ဒါပေမဲ့ တစ်ယောက်တော့ ရှိတယ်။ သူက သူ့ အခန်းထဲမှာ စားပွဲပေါ်မှာ သူ့ခြေထောက်တွေ တင်ပြီး ဘာမှ မလုပ်ဘဲ ဒီအတိုင်း ထိုင်နေတယ်။ ဘယ်အချိန်ဘဲ ဖြစ်ဖြစ် သွားကြည့်လိုက်တိုင်း ဒီလိုချည်းဘဲ၊ အဲဒီ တစ်ယောက်ကိုတော့ အလုပ် ထုတ်ပြစ်ဘို့ အကြံပေးချင်တယ်။"

ထိုအခါ ဖို့ဒ် က :
"ကြိုမပြောထားမိတာ ကျွန်တော့ အမှားပါ။ သူရဲ့ အလုပ်က စဉ်းစားပေးရတဲ့ အလုပ်ပါ။ ကုမ္ပဏီရဲ့ ဆန်းသစ်မှုတွေ တိုးတက်မှုတွေ အားလုံးကို အချိန် ရှိသ၍ စဉ်းစားပေးရတဲ့ အလုပ်ကို သူက လုပ်ပေးနေတဲ့သူ တစ်ယောက်ပါ။ အရေး အပါးဆုံး လူတစ်ယောက်ပေါ့။ အမြင်မှာတော့ ဘာအလုပ်မှ မလုပ်ဘူး ထင်ရပေမဲ့ တာဝန် အရှိဆုံးနဲ့ ကုမ္ပဏီကို ဦးဆောင်နေသူ တစ်ဦးဆိုရင် မမှားပါဘူး။"

မှန်ပေသည်၊ မည်သည့် လုပ်ငန်းတွင် မဆို ရှေ့ပြေး အနေဖြင့် လုပ်ရမည့် အရေးကြီး လုပ်ငန်းမှာ စိတ်ကူး စဉ်းစားခြင်းဖြစ်သည်ကို ဖို့ဒ်က အထူး သဘောပေါက်ခဲ့ ပေသည်။ ထို့အတူ စိတ်ကူး စိတ်သန်းများ၏ နောက်တွင် လက်တွေ့ အကောင်အထည် ဖော်နိုင်မှု ရှိရမည်ကိုလည်း အထူး သဘောပေါက် လက်ခံခဲ့သဖြင့် သူ၏ လုပ်ငန်း များမှာ အောင်မြင်မှု ရရှိခဲ့ခြင်း ဖြစ်ပေသည်။ ။

Ref : Wikipedia
လူပိန်း (ရိုးရာလေး)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...