စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







သင်္ကြန်အကျနေ့ ညနေပိုင်း ကမ္ဘာအေးဘုရားလမ်း မြင်ကွင်းများ


ရန်ကုန် သင်္ကြန်အကျိုနေ့ ညနေပိုင်းတွင် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ရေကစားမဏ္ဍပ်များတွင် နံနက်ပိုင်းကထက် ပိုမိုစည်ကားခဲ့သည်။
ထို့ပြင် ကမ္ဘာအေးဘုရားလမ်းနှင့် ကန်ဘဲ့လမ်းထိပ် မီးပွိုင့်အနီးရှိ ရေကစားမဏ္ဍပ်တစ်ခုတွင် ထိတ်လန့်မှုဖြစ်ပွားခဲ့ကာ ရေကစားမှု အချိန်အနည်းငယ် ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
“နေ့လည် ၂ နာရီလောက်မှာ BARRACK မဏ္ဍပ်ရဲ့ ဘယ်ဘက်အစွန်ပိုင်းလောက်မှာ ဂျွတ်ဂျွတ်ဆိုတဲ့ အသံထွက်လာလို့ အဲ့နားက ကစားနေတဲ့သူတွေ အောက်ကို ပြေးဆင်းကြတယ်။ ရေတွေရော၊ ဒီဂျေအသံတွေရော ခဏရပ်သွားတယ်။ တချို့ ရက်ပြည့်ဝယ်ထားတဲ့သူတွေက မကျေနပ်ကြဘူး။ အဲဒါနဲ့ မဏ္ဍပ်ကလူတွေ ပြန်ပြင်လိုက်ပြီးမှ ရေပြန်ကစားကြတယ်” ဟု အဆိုပါမဏ္ဍပ်မှ ပြန်ထွက်လာသော လူငယ်တစ်ဦးက ပြောကြားသည်။
ယင်းမဏ္ဍပ်တွင် ရေကစားမှုများ ဆက်လက်ပြုလုပ်ခဲ့သော်လည်း မဏ္ဍပ်၏ ဘယ်ဘက်အစွန်ပိုင်းတွင် ရေကစားမှုများ ပြုလုပ်ခြင်း မရှိတော့သည်ကို တွေ့ရှိရသည်။
(ဓာတ်ပုံ - ကြည်နိုင်၊ ပြည့်ဖြိုးအောင်)https://www.facebook.com/ElevenMediaGroup/timeline/story?ut=43&wstart=0&wend=1430463599&hash=5304545603135746123&pagefilter=3

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...