စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ဇင်းမယ် သင်္ကြန်မှာ နိုင်ငံခြားသားတွေစိတ်ဝင်စားခဲ့ကြတဲ့ မြန်မာ့ယိမ်း


 

ထိုင်းနိုင်ငံမြောက်ပိုင်း ဇင်းမယ်သင်္ကြန်မှာ မြန်မာယိမ်းအဖွဲ့လည်း ဝင်ရောက်ဖျော်ဖြေခဲ့ပြီး ထိုင်းနိုင်ငံသားတွေ အပါအဝင် နိုင်ငံကြားသားတွေ စိတ်ဝင်တစားကြည့်ရှုအားပေးခဲ့ကြတာတွေ့မြင်ရပါတယ်။

ဇင်းမယ်မြို့ပေါ်မှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း ၆၈ ကျောင်းကိုကိုယ်စားပြုထွက်လာတဲ့ ရိုးရာ ဓလေ့ ဝတ်စားဆင်ယင်မှုတွေ၊ အကအလှတွေနဲ့ ပြုလုပ်ကြတဲ့ အထဲမှာ ဇင်းမယ်မြို့မှာရှိတဲ့ "ဝမ်ဆိုင်းမွန်း" မြန်မာဘုန်းတော်ကြီးကျောင်းကို ကိုယ်စားပြုပြီး မြန်မာ သင်္ကြန်ယိမ်းအဖွဲ့ကလည်း ကပြဖျော်ဖြေခဲ့တာဖြစ်ပါတယ်။ 

မြန်မာအဖွဲ့အပါအဝင် ဇင်းမယ်မြို့တော်ဝန်ရဲ့ ဖိတ်ကြားချက်နဲ့ ထိုင်းနိုင်ငံ အတွင်းမှာရှိတဲ့ တိုင်းရင်းသားတွေက သူတို့ရဲ့ ရိုးရာ ယဉ်ကျေးမှု ဝတ်စားဆင်ယင်မှုတွေ၊ အကအလှတွေနဲ့ ဖျော်ဖြေခဲ့ကြတာဖြစ်ပါတယ်။

မြန်မာအဖွဲ့ကတော့ မြတ်စွာဘုရားရုပ်ထုတော်အား ပင့်ဆောင်ပြီး မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံတွေရဲ့ ရိုးရာဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ တိုင်းရင်းသား၊ တိုင်းရင်းသူတွေအပါအဝင် မြန်မာရိုးရာ အတာသင်္ကြန်သီချင်းတွေနဲ့ သင်္ကြန် ယိမ်းအဖွဲ့က ကပြဖျော်ဖြေခဲ့တာဖြစ်ပါတယ်။

ဝမ်းဆိုင်းမွန်း မြန်မာအဖွဲ့က ပင့်ဆောင်လာတဲ့ ဗုဒ္ဓရုပ်ပွားတော်အား ထိုင်းနိုင်ငံသားတွေက နံ့သာရေတွေနဲ့ ပက်ဖြန်းပူဇော် ခဲ့ကြသလို မြန်မာယိမ်းအဖွဲ့ရဲ့ ကပြဖော်ဖြေမှုတွေကိုလည်း စိတ်ဝင်တစားအားပေးကြကာ အထူးတလည် အားပေး ချီးမြှင့်ခဲ့ကြပါတယ်။

"ချမ်းပါတယ်"၊ "သင်္ကြန်မိုး" စတဲ့ သင်္ကြန်သီချင်တွေနဲ့ မြန်မာယိမ်းအဖွဲ့က ကပြဖျော်ဖြေလိုက်ချိန်မှာ ထိုင်းနဲ့ ဥရောပနိုင်ငံသားတချို့ဆိုရင် မြန်မာယိမ်းအဖွဲ့နဲ့ အတူ မြန်မာ့သင်္ကြန်ယိမ်းကို လိုက်ပါဆင်နွှဲကြတာတွေလည်း တွေမြင်ရပါတယ်။

စိတ်ဝင်တစား အားပေးကြည့်ရှုသူတွေ ဓာတ်ပုံနဲ့ ရုပ်သံမှတ်တမ်းတင်သူတွေနဲ့ ပိတ်ဆို့နေတဲ့ အတွက် လမ်းတစ်ဆို့မှုတွေတောင်ဖြစ်ခဲ့ရပါတယ်။

မြန်မာယိမ်းအဖွဲ့ဟာ ၂၀၁၃ ခုနှစ်မှာ ဇင်းမယ် မြို့တော်ဝန်က ချီးမြှင့်တဲ့ ဆုတွေကိုလည်း ရရှိခဲ့ဖူးပါတယ်။
ဒီနှစ်ဇင်းမယ်သင်္ကြန်ကလည်း ထိုင်းနိုင်ငံသားတွေ၊ မြန်မာနိုင်ငံသားတွေအပြင် ကမ္ဘာလှည့်ခရီးသည်တွေလည်း ဆင်နွှဲခဲ့ကြပြီး စီကားနေပါတယ်။ ဇင်းမယ်မြို့ရဲ့ အဓိကရေကစားရာနေရဖြစ်တဲ့ ကျုံးပတ်လည်မှာ ရေကစားသူတွေ ပြည့်နှက်နေသလို မြို့အစွန်မှာရှိတဲ့ ရေတံခွန်၊ ရေကန်နဲ့ အပန်းဖြေနေရာတွေမှာလည်း စီကားလို့ နေပါတယ်။
ဓာတ်ပုံ - ကျော်ခ၊ ဧရာဝတီ
 

 https://www.facebook.com/IrrawaddyBurmese/posts/978249192219233

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...