စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကယ်ဆယ်ရေး သွားမယ့်သူများ အတွက်






ဒီ post က ကယ်ဆယ်ရေး သွားမယ့်သူတွေ အတွက်ပါ။ ပထမဆုံး စပြောချင်တာက ဒီ Post ကို ဆရာ လုပ်ချင်တဲ့ သဘောနဲ့ ရေးတာ မဟုတ်တဲ့အတွက် မလိုအပ်ဘူးထင်ရင် ကျော်သွားနိုင်ပါတယ်။ ကျွန်တော့် အနေနဲ့တော့ တစ်ကယ် ကယ်ဆယ်ရေး ကိုယ်တိုင် သွားလှူမယ့် သူများ အတွက် လိုအပ်တာတွေကို ရည်ရွယ် ရေးပေးတာဖြစ်ပါတယ်။

ပထမဆုံး ပြင်ဆင်သွားရမှာက သွားမယ့် နေရာဖြစ်ပါတယ်။ ကိုယ်သွားမယ့် နေရာက အန္တရာယ် မရှိတဲ့ နေရာဆိုရင် ပြသနာ မရှိပါ။ ရေတွေ ပတ်လည် ၀ိုင်းနေတဲ့နေရာ အန္တရာယ် ရှိနိုင်မယ့် နေရာဆိုရင် ကျွန်တော် ပြောတာတွေ လိုလာမှာဖြစ်သလို ယူသွားသင့် ယူသွားရမယ့် ပစ္စည်းတွေ ရှိလာနိုင်ပါတယ်။
ပထမဆုံး အနေနဲ့ ကိုယ် ကယ်ဆယ်ရေး သွားမယ့် နေရာ မြို့ သို့မဟုတ် ရွာ ရဲ့ မြေပုံ ဖြစ်ပါတယ်။ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာ ကြိုတင် သိထားရပါ့မယ်။ phone ထဲ ထည့်သွားရင်လဲ ရပါတယ်။
နောက်တစ်ခုက သံလိုက်အိမ်မြှောင် ဖြစ်ပါတယ်။ ဒါမှ ရုတ်တရက် မှောင်နေတဲ့ အချိန်များဆိုရင် ကိုယ် ဘယ်ရောက်နေတယ် ဘယ်ကို သွားရမယ်ဆိုတာ သိမှာပါ။

နောက်တစ်ခုက လက်နှိပ်ဓါတ်မီးပါ။ လက်နှိပ်ဓါတ်မီး ဆိုတဲ့နေရာမှာ LED ဓါတ်မီးတွေထက်စာရင် လေးထောင့်ထိုး ဓါတ်ခဲ ဓါတ်မီးတွေက အကောင်းဆုံးပါ။
နောက်တစ်ခုက Life Jacket (အသက်ကယ် အင်္ကျီးဝတ်စုံ) ဖြစ်ပါတယ်။ ကိုယ်သွားမယ့် နေရာမှာ ရင်ခေါင်းလောက် ရှိတဲ့ ရေတွေ တစ်ရပ်ကျော်တဲ့ ရေတွေရှိရင် ယူကို ယူသွားရမယ့် အရာ ဖြစ်ပါတယ်။
နောက်တစ်ခုက ၀ီစီ ဖြစ်ပါတယ်။ တစ်နေရာမှ တစ်နေရာ အချက်ပြနိုင်ရန် သို့မဟုတ် အကူအညီ တောင်းခံဖို့ အတွက်ပါ။

နောက်တစ်ခုက တောတွင်းစီး လည်ရှည် ဖိနပ်တွေ ဖြစ်ပါတယ်။ လမ်းမှာရှိတဲ့ ဆူး ညှောင့် မြွေစတဲ့ အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့အတွက်ပါ။

လမ်းပြမြေပုံ/ သံလိုက်အိမ်မြှောင်/ လက်နှိပ်ဓါတ်မီး/ အသက်ကယ် အင်္ကျီးဝတ်စုံ/ ၀ီစီ/ လည်ရှည်ဖိနပ် စုံရင် နောက်တစ်ဆင့် တက်ပါ့မယ်။

ကိုယ်ဘာတွေယူသွားမှာလဲ ?
ကိုယ်ဘာနဲ့သွားမှာလဲ ?

ကိုယ် ဘာတွေ ယူသွားမှာလဲ ဆိုတဲ့ နေရာမှာ လှူဖို့ ပစ္စည်းတွေ အစားအသောက် အ၀တ်အစား ဆေးဝါး စသဖြင့် ကိုယ်ယူမည့်ပစ္စည်းတွေနဲ့ အလေးချိန်ကို တွက်ပါ။ ဒါမှ ကိုယ်ဘာနဲ့ သွားမှာလဲဆိုတာ စဉ်းစားလို့ ရနိုင်မှာပါ။

စထွက်မယ့် နေရာကနေ လှူမယ့် နေရာထိ ကားစင်းလုံး ငှားထားနိုင်ရင်တော့ ပြသနာ မရှိပါ။ ဒါမှမဟုတ်ဘဲ တစ်နေရာကနေ တစ်နေရာကို ပစ္စည်းပြောင်းပြီး သယ်ဖို့ ရှိနေရင်တော့ မဖြစ်မနေ ကြိုစီစဉ်ထားဖို့ လိုပါတယ်။

ပြီးရင်တော့ ခရီးစဉ် ဆွဲဖို့ပါ။ ဘယ်ကနေ စထွက်မယ် ဘယ်နေရာကို သွားမယ် စသဖြင့် ပြီးတော့ ဟိုကိုရောက်ရင် ဘယ်သူနဲ့ ဆက်သွယ်ရမယ် ဘာလုပ်ကြရမယ် နောက်ဆုံးထိပါ ပါတယ်။
မဖြစ်မနေ လိုအပ်တာကတော့ တစ်ရက်တည်း တစ်ညတည်း ပြီးတဲ့ ခရီးစဉ် မဟုတ်ရင်တော့ တည်းခိုဖို့ နေရာ ကြိုရှာထား စီစဉ်ထားဖို့ပါပဲ။ ကိုယ်သွားမယ့်နေရာ ဘုန်းကြီးကျောင်းတွေ ဘာတွေ မှာ ကိုယ်တည်းဖို့ မဆင်မပြေကြဘူး မနေသင့်ဘူးဆိုတာ ကြိုတင် တွက်ဆ စီစဉ်ထားပါ။ ရေဘေး မုန်တိုင်းဘေး ခိုတဲ့သူတွေနဲ့တင် ပြည့်နေကြတာပါ။ မြို့ခံ ကယ်ဆယ်ရေး လုပ်နေသူများ ကူညီနေသူများထံ ကြိုတင် ဆက်သွယ်ပြီးမှ ထွက်သင့်ပါတယ်။

နောက်တစ်ခုက ထွက်လာချိန်မှာ ရည်မှန်းချက် မပျက်ဖို့ မပျောက်ဖို့ပါ။ ဆိုလိုတာက ကိုယ်က ဒီနေရာသွားမယ် ဆိုပြီးထွက်လာ ပြီးတော့မှ လမ်းလွဲပြီး တစ်ခြားနေရာ ရောက်သွားတာ အများကြီးတွေ့ရပါတယ်။ ကိုယ်ဆွဲထားတဲ့ ခရီးစဉ် ဘယ်လိုရှိတယ်။ ဘယ်လိုသွားရမယ်ဆိုတာ စနစ်တကျ စီစဉ်ထားဖို့ပါ။

ပထမအကြိမ် ကောလင်းကို ကျွန်တော်တို့ သွားခဲ့ကြတုန်းက ကျွန်တော်တို့လိုပဲ
ကောလင်းဆိုပြီး သွားတဲ့လူတွေ တွေ့ပါတယ်။ တော်တော်များများ .. တစ်ကယ့်ကို တော်တော်များများ လမ်းမှာ ကန့်ဘလူဘက် ခွဲထွက်ကုန်ကြပါတယ်။ ရည်မှန်းချက်ကို ရောက်ဖို့ သည်းခံနိုင်စိတ နည်းပါးရင် စိတ်မခိုင်ရင် လိုရင်း မရောက်တတ်ကြပါဘူး။ ကိုယ်ကြုံရမယ့် အခက်အခဲတွေကို အဆိုးဆုံး ကြိုတင် စဉ်းစားပြီး ပြင်ဆင်သွားကြပါ။

အရေးကြီးတဲ့ နောက်တစ်ချက်ကတော့ ကိုယ်က အစ အဆုံး စီစဉ်ပြီး သွားသည့်တိုင်အောင် ဒီလိုမဖြစ်ခဲ့ရင် ဘယ်လိုလုပ်မယ်ဆိုတာ back-up plan ,, plan B , Plan C စသဖြင့် ကြိုတင် စီစဉ်ခဲ့ကြပါ။ ဒါကတော့ နားလည်မယ် ထင်ပါတယ်။ လမ်းမှာ အကြောင်းအမျိုးမျိုးကြောင့် ကိုယ် ကြိုတင် တွက်ဆလို့ မရနိုင်တဲ့ ပုံစံမျိုးတွေ ကြုံရမှာပါပဲ။

အရေးကြီးဆုံးနဲ့ နောက်ဆုံး တစ်ခုကတော့ ‪#‎ငွေ‬ ပါ။ လိုအပ်တာထက် တတ်နိုင်သမျှ ပိုသာ ဆောင်သွားကြပါ။ ကားငှားရသည်ဖြစ်စေ နေရထိုင်ရသည်ဖြစ်စေ မဖြစ်မနေ လုပ်ရပြီး မဖြစ်မနေ လိုအပ်တဲ့ အရာပါ။

ဒီလောက်ဆို ကြိုတင် တွက်ဆဖို့ ပြင်ဆင်ဖို့ စဉ်းစားနိုင်ဖို့ လုံလောက်ပြီယူဆပါတယ်။ ဆရာ လုပ်ချင်တာမျိုး မဟုတ်ဘဲ ကယ်ဆယ်ရေး လုပ်နေသူ အချင်းချင်း တစ်ကယ်လို အပ်လာတဲ့အခါ တွေ့ရမယ် ဒုက္ခတွေကို ကြိုတင် ပြောပြပေးတာသာဖြစ်ကြောင်း နားလည်စေလိုပါတယ်ခင်ဗျာ။
PS ကိုယ့်မှာပါလာတဲ့ Electronic Devices တွေအတွက် Power Bank Mph ကြီးတာ များတာပါ ဆောင်သွားသင့်ကြောင်းပါခင်ဗျာ။
တစ်ခုခု အသုံးဝင်ခဲ့သော် ရေးရကြိုးနပ်ပြီ ဖြစ်ကြောင်း
Thu Rain Set Py
Copied from : https://www.facebook.com/thu.rainwildboyz/posts/519344261547271

https://www.facebook.com/yoyarlaydotcom/posts/932760600100526

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...