စကြာဝဠာအနန္ဒ၌ရှိကြကုန်သော လူ၊နတ်၊ဗြမ္မာ၊သတ္တဝါအားလုံးတိုသည် ကိုယ်စိတ်နှစ်ဖြှာချမ်းသာကြပါစေ၊ကောင်းကျိုးလိုရာစန္ဒ ပြည်ဝကြပါစေ...







ကျောက်ကပ်ကျန်းမာရေးအတွက် အထူးသင့်လျော်သော အစားအစာများ


ကျောက်ကပ်များ၏ အဓိကတာဝန်မှာသွေးကို စစ်ထုတ်ပေးသောကြောင့် ခန္ဓာကိုယ်အလယ်ပိုင်း ကျောဘက်ကျောရိုး တစ်ဖက်တစ်ချက်စီတွင်ရှိသော အနီရောင်၊ ပဲစေ့ပုံစံကျောက်ကပ်များမှာ ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးသော အင်္ဂါအစိတ်အပိုင်းများ ဖြစ်သည်။
ကျောက်ကပ်ကျန်းမာရေးကို ထိန်းသိမ်းရန် (သို့မဟုတ်) ကျောက်ကပ်နှင့် ဆက်စပ်သောရောဂါများ ခံစားနေရပါက အောက်ပါအစားအစာများကို သင်နေ့စဉ်စားသော အစားအစာတွင် ထည့်သွင်းစားသောက်ပါ။

အနီရောင်ပန်းငရုတ်ပွတွင် ပိုတက်ဆီယမ် ပါဝင်မှုနည်းပါးပြီး ဗီတာမင်စီနှင့် ဗီတာမင်အေတို့ ကြွယ်ဝစွာပါဝင်သည့်အပြင် ဗီတာမင်ဘီ-၆၊ ဖောလစ်အက်စစ်၊ အမျှင်ဓာတ်နှင့် အချို့သော ကင်ဆာရောဂါများကို ကာကွယ်ပေးသည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သည်။ အသုပ်နှင့် ဟင်းရွက်သုပ်များတွင် ထည့်၍စားခြင်းကဲ့သို့ ပန်းငရုတ်ပွအနီရောင်ကို အစိမ်းစားပေးသင့်သည်။
ပန်းသီးများစားပေးခြင်းဖြင့် သွေးထဲမှ ကိုလက်စထရောများကို လျော့ကျစေပြီး ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ကာ နှလုံးရောဂါကို ကာကွယ်ပေးပြီး ကင်ဆာရောဂါဖြစ်နိုင်သည့် အန္တရာယ်များကို လျော့ကျစေနိုင်သည်။ ပန်းသီးများတွင် အမျှင်ဓာတ် မြင့်မားစွာပါဝင်ပြီး ရောင်ရမ်းမှုကို ကာကွယ်ပေးသော ဒြပ်ပေါင်းလည်းပါဝင်သည်။

  ဂေါ်ဖီထုပ်တွင် ဗီတာမင်အေ၊ ဗီတာမင်စီနှင့် အမျှင်ဓာတ်တို့ပါဝင်သည်။ ဂေါ်ဖီထုပ်တွင် ဗီတာမင် ဘီ-၆ နှင့် ဖောလစ်အက်စစ်တို့လည်း ကြွယ်ဝစွာပါဝင်သဖြင့် ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်သော နှလုံးသွေးကြောများကျန်းမာရေးကို အားကောင်းစေ သည်။

ကြက်သွန်ဖြူက သွားချေးတက်ခြင်းကို ကာကွယ်ပေးပြီး ရောင်ရမ်းမှုကို လျော့ကျစေနိုင်ကာ သွေးထဲကိုလက်စထရောဓာတ်များ လျော့ကျစေသည်။ ထို့ကြောင့် နေ့စဉ်စားသော အစားအသောက်တွင် ကြက်သွန်ဖြူထည့်စားပါ။

ကြက်သွန်နီတွင် အချို့သော ကင်ဆာရောဂါများ (သို့မဟုတ်) နှလုံးရောဂါများကို ကာကွယ်နိုင်သော Flavonoids ဟုခေါ်သည့် ဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး နှလုံးရောဂါဖြစ်ပွားနိုင်သည့် အန္တရာယ်ကို လျော့ကျစေနိုင်သော အားပြင်းသည့် ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ ပါဝင်သည့် ကြက်သွန်နီစားပေးခြင်းကြောင့် ဇီဝဖြစ်ပျက်မှုကိုလည်း အထောက်အကူ ဖြစ်စေနိုင်သည်။
—Ref: TOI
http://7daydaily.com/story/43362

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...