စူပါစွမ်းအား ဆိုတာ သာမန်လူနဲ့ များစွာသာလွန်တဲ့ အစွမ်းကို ဆိုချင်တာပါ။ ကမ္ဘာပေါ်မှာ စူပါစွမ်းအားရှင် များစွာရှိပါတယ်။ ခုပြောမှာ အဲ့ဒီထဲက အချို့ရဲ့အကြောင်းပဲ ဖြစ်ပါတယ်။ သူတို့ကိုယ်စီမှာ
သာမန်လူနဲ့ မတူတဲ့ စွမ်းအား တစ်မျိုးစီပိုင်ဆိုင်ထားကြပါတယ်။သင့်ကို အံသြသွားစေမယ့် အစွမ်းတွေပေါ့
X-ray အမြင်နဲ့ Natasha Demkina

ရရှားအမျိုးသမီး တစ်ယောက်ဖြစ်တဲ့ Natasha ရဲ့အစွမ်းကတော့ သူဟာအခြားသူတွေရဲ့ ကိုယ်အတွင်းဘက်ကို မြင်နိုင်တာပဲ ဖြစ်ပါတယ်။ အထဲမှာဘာဖြစ်နေတာက အစ သူမြင်နေရပါတယ်။ ဒီစွမ်းအားဟာ သူမ ၁၀ နှစ်သမီးတည်းက စပေါ်လာခဲ့တာပါ။
(သိပ္ပံပညာရှင်အချို့ကတော့ သူမမှာ Xray အမြင်ရှိတယ်လို့ စမ်းသပ်လက်ခံကြ
ပေမယ့် အချို့ကတော့ အပြည့်အ၀ လက်မခံကြပါဘူး။ သူမရဲ့အမြင်ကို စမ်းသပ်
ရာမှာ လူ ၇ ယောက်မှာ ၄ယောက်ပဲ တိကျမှန်ကန်ခဲ့လို့ပါ)
https://en.wikipedia.org/wiki/Natasha_Demkina

သံလိုက်စွမ်းအားရှင် Liew Thow LinLiew Thow Lin ကတော့ သံလိုက်စွမ်းအားရှင်ပါ။ သံမှန်သမျှ သူ့ခန္ဓာကိုယ်မှာကပ်နိုင်တဲ့အစွမ်းရှိပါတယ်။ ဘာကြောင့်လဲ ဆိုတာတော့ သိပ္ပံပညာရှင်တွေ
ရှာမတွေ့ခဲ့ပါဘူး။
https://en.wikipedia.org/wiki/Liew_Thow_Lin

စူပါမှတ်ဥာဏ်နဲ့ Daniel Temmetသင်္ချာဂဏန်း Pi မှာ မဆုံးနိုင်တဲ့ ဒသမကိန်းတွေရှိတာ အားလုံးသိပြီး ဖြစ်ပါတယ်။ဒီဥာဏ်ကြီးရှင်ကတော့အဲ့ဒီ ဒသမကိန်းနေရာ ၂၂၅၁၄ နေရာအထိ အလွန်
ရွတ်ပြ နိုင်ခဲ့ပါတယ်။
https://en.wikipedia.org/wiki/Daniel_Tammet
မယုံလျင် အောက်ကလင့်မှာ သွားကြည့်နိုင်ပါတယ်။
https://www.youtube.com/watch?v=AbASOcqc1Ss
မအိပ်ပဲနေတတ်တဲ့ Al Herpin
ကမ္ဘာပေါ်မှာ မအိပ်ပဲ နေနိုင်တဲ့သူ ဘယ်သူရှိပါသလဲ။ ဟုတ်ကဲ့ Al
Herpin ရှိပါတယ်။ သူဟာ ရှားပါးရောဂါ တစ်မျိုးဖြစ်တဲ့ amnesia ဆိုတဲ့ရောဂါ
ရပြီး တည်းက မအိပ်တော့ပါဘူး။ သူ့အိမ်မှာ အိပ်ယာမရှိပါဘူး။ မအိပ်ပေမယ်
့လို့ သူဟာ ကျန်းမာသန်စွမ်းပြီး အသက် ၈၅နှစ်အထိ နေထိုင်သွားခဲ့ပါတယ်။
https://en.wikipedia.org/wiki/Al_Herpin

စူပါအစာခြေစွမ်းအားနဲ့ Michel Lotito
သူ့ရဲ့ အစာခြေစနစ်ဟာ အံသြဖွယ်ပါပဲ။ သူရဲ့အစာအိမ်ဟာ ရာဘာ၊ သံ၊ ဖန်၊ စတီး
စတဲ့ အရာတွေကို တောင်ခြေဖျက်နိုင်တဲ့ အစွမ်းရှိပါတယ်။ သူဟာစက်ဘီး၊ တီဗီ၊
အိပ်ယာ၊ ကွန်ပျူတာနဲ့ အခြားအရာများစွာကို စားပစ်နိုင်ခဲ့ပါတယ်။
https://en.wikipedia.org/wiki/Michel_Lotito

ဘာသာစကားအများဆုံးပြောနိုင်တဲ့ Harold Williams
လူ တစ်ယောက်ဟာ ဘာသာ စကားဘယ်နှမျိုး အများဆုံးပြောနိုင်မယ် လို့
သင်ထင်ပါသလဲ။ တစ်ယောက်တည်းနဲ့ ၅ ဘာသာ၊ ၆ဘာသာ စသည်ဖြင်
့ ပြောနိုင်တဲ့ သူတွေကို တွေ့ဖူး ကြားဖူး ကြမှာပါ။ ဒါပေမယ့် Harold
Williams က ၅၈ မျိုး တောင် ပြောနိုင်ပါသတဲ့။ အသက် ၇ နှစ်က
စလို့ သူ့ဘ၀ တစ်လျှောက်လုံးကို ဘာသာစကားသင်ရင်း ကုန်ဆုံး
ခဲ့ပါတယ်တဲ့။
https://en.wikipedia.org/wiki/Harold_Williams_%28linguist%29

လူဂဏန်းပေါင်းစက် Shakuntala Devi
အိန္ဒိသူ သူမဟာ သာမန်သူတွေထက် အဆပေါင်းများစွာ သာလွန်တဲ့ တွက်ချက်မှု
စွမ်းရည်ကို ပိုင်ဆိုင်ထားသူပါ။ အသက် ၆နှစ်အရွယ်တည်း
က ဒီအတိုင်းတွက်ဖို့ မလွယ်တဲ့ ဂဏန်းများစွာကို စိတ်တွက်နဲ့ တစ်လုံးမှ မမှားပဲ
တွက်ချက်နိုင်ခဲ့တဲ့သူဖြစ်ခဲ့ပါတယ်။
https://en.wikipedia.org/wiki/Shakuntala_Devi
|

လူကင်မရာ Stephen Wiltshire
အင်္ဂလန်က ဗိသုကာ ပညာရှင် တစ်ယောက်ဖြစ်တဲ့ သူရဲ့အစွမ်းကတော့ မြင်ကွင်း
တစ်ခုကို ခဏလောက်မြင်လိုက်တာနဲ့ မှတ်မိနေပြီး မြင်ကွင်းတွေ
ကို ထပ်တူနီးပါးဆွဲပြ နိုင်သူပါ။ လေယာဉ်ပေါ်က မိနစ် ၂၀ လောက်ပဲ
မြင်ခဲ့ရတဲ့ နယူးယောက်မြို့ နဲ့ လန်ဒန်မြို့တွေကို ဆွဲပြခဲ့ပါတယ်။
https://en.wikipedia.org/wiki/Stephen_Wiltshire

ရေခဲလူသား Wim Hof
ခုအချိန်မှာ အသက် ၅၆ နှစ်ရှိပြီ ဖြစ်တဲ့ Wim Hof ဟာ ဂင်းနစ်စံချိန်တွေ
ကို အကြိမ်ကြိမ် ရိုက်ချိုးခဲ့သူလည်း ဖြစ်ပါတယ်။ သာမန်လူတစ်ယောက် မိနစ်အ
နည်းငယ်အတွင်း သေဆုံးနိုင်မယ့် ရေခဲထဲမှာ သူဟာ ၁ နာရီ၊ ၅၂ မိနစ်၊ ၄၂ စက္ကန်
့ နေပြီးတော့ နောက်ဆုံးဂင်းနစ်စံချိန်ကို တင်ခဲ့ပါတယ်။ သူဒီလိုနေနိုင်ရခြင်းဟာ
အသက်ရှုခြင်း၊ တရားထိုင်ခြင်းနည်းစနစ် တွေကြောင့်လို့ သူက ဆိုပါတယ်။
https://en.wikipedia.org/wiki/Wim_Hof

ဓားခုတ်အမြန်ဆုံးလူသား Isao Machii
Iaido မာစတာ တစ်ယောက်ဖြစ်တဲ့ Isao Machii ဟာ ကမ္ဘာပေါ်မှာဓား
ခုတ် အမြန်ဆုံးလူသား ပဲ ဖြစ်ပါတယ်။ လုံးဝမဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ BB သေနတ်ရဲ့
ကျည်ဆံကို ဓားနဲ့ထိအောင် ခုတ်ပြခဲ့ပါတယ်။
https://en.wikipedia.org/wiki/Isao_Machii
သေနတ်ကျည်ဆန်ကို ဓားနဲ့ခုတ်တာကို အောက်ကလင့်မှာကြည့်နိုင်ပါတယ်။
https://www.youtube.com/watch?v=Qzhs1Z8Rwnk
https://www.facebook.com/ayesaycommm/posts/442746952564082
No comments:
Post a Comment