

ထူးထူးဆန်းဆန်း ဆားကို အသုံးပြုရတဲ့ မီးအိမ်တဲ့ခင်ဗျ။
ဒီမီးအိမ်ကို ၈နာရီကြာ လင်းနေစေဖို့ အတွက် ရေတစ်ဖန်ခွက်နဲ့ ဆားစားပွဲတင်ဇွန်း ၂ဇွန်းပဲ လိုအပ်ပါတယ်တဲ့။
တီထွင်သူကတော့ ဖိလစ်ပိုင် De La Salle တက္ကသိုလ်က အင်ဂျင်နီယာ တစ်ယောက်ဖြစ်တဲ့ Lipa Aisa Mijena ဆိုသူပဲ ဖြစ်ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ ဖိလစ်ပိုင် အစွန်အဖျားက နွမ်းပါးတဲ့သူတွေ အတွက် ရေနံဆီ မီးအိမ် နဲ့ ဖယောင်းတိုင်တွေနေရာမှာ အစားထိုးစေနိုင်ဖို့ ဖြစ်ပါတယ်။
ဒီအထဲမှာ လျပ်စစ်ငုတ်တစ်စုံ နဲ့ အခြားပစ္စည်းတစ်ခုပဲ ပါဝင်ပါတယ်။ ဒီပစ္စည်းဟာ ၆လ ကနေ ၁နှစ်ကျော်အသုံးခံမှာဖြစ်ပြီး အီလက်ထရောနစ် ပစ္စည်းအချို့ကိုပါ အားသွင်းနိုင်တဲ့ အစွမ်းရှိပါတယ်။ ဘာ ဆိုးကျိုးမှ မရှိနိုင်တဲ့ လုံခြုံစိတ်ချရတဲ့ ပစ္စည်းတစ်ခုလည်း ဖြစ်ပါတယ်။
လွယ်လွယ်ကူကူ ဈေးသက်သက်သာသာ နဲ့ သုံးနိုင်မယ့် ဒီပစ္စည်းကို မကြာခင်ထုတ်လုပ်တော့မှာ ဖြစ်တဲ့အတွက် နွမ်းပါးသူတွေအတွက် ၀မ်းသာစရာကောင်းတဲ့သတင်းပါပဲ။
S@!
#သုတဇုန်



https://www.facebook.com/thutazone/posts/875906215796067
No comments:
Post a Comment